Home
ဆောင်းပါး
ရှစ်လတာအပစ်ရပ်ကာလ၏  ငြိမ်းချမ်းရေးစိန်ခေါ်သံ 
DVB
·
August 30, 2019
  ရှစ်လတာအပစ်ရပ်ကာလ သုံးသပ်ချက်ရေးဖို့ ကွန်ပြူတာရှေ့ထိုင်တော့မှပဲ အဆိုတော်ကိုင်ဇာရဲ့ “လက်သီးဆုပ်မလား.. လက်ဝါးဖြန့်မလား.. ကြိုက်တာကိုကိုရွေးစမ်း..ကိုယ့်လူ” ဆိုတဲ့ သီချင်းကို သတိရနေမိသည်။ သတိမရလို့ကမဖြစ်။     ဩဂုတ်လ ကုန်သည်နှင့် အပစ်ရပ် ရှစ်လတာကာလကုန်ဆုံးတော့မည်။      ယင်းသို့မကုန်ဆုံးမီ ဩဂုတ် ၂၃ ရက်တွင်  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးကလည်း “ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမလား။    ကြိုဆိုတယ်။ တိုက်ပွဲတွေဆက်တိုက်ချင်လား။ အသင့် ပဲ။ ”ဟုတပ်မတော်၏ သဘောထားကိုထုတ်ဖေါ် ကြေညာလိုက်သံကိုကြားလိုက်ရသည်။    စိန်ခေါ်သံလား။ ကြိမ်းဝါးသံလားဆိုသည်ကိုတော့ ၎င်းတို့သာသိပေမည်။ သေချာသည်မှာ ပြည်သူလူထုအနေဖြင့်  သေနတ်သံများ ထပ်မံမကြားလိုကြခြင်းပင်။    လွတ်လပ်ရေးနှင့် အတူပေါ်ပေါက်လာခဲ့သော ပြည်တွင်းစစ်ကိုမလိုချင်တော့။    ပြည်တွင်းစစ်မီးငြိမ်းစေချင်ကြသည်။     ငြိမ်းချမ်းရေးအတွေ့အကြုံနှင့် ပတ်သက်လျှင်လည်း ပြည်သူလူထု၏ အတွေ့အကြုံနှင့် ခံစာမှုကြီးမားခဲ့သည်လည်းကိုငြင်းမရ။    ငြိမ်းချမ်းရေး၏ အဟန့်အတားဆူးညောင့် ခလုတ်သည် မည်သည့်အဖွဲ့အစည်းဖြစ်သည်ကိုလည်း မပြောချင်၍သာနေမည်လူထုက သိပြီးဖြစ်သည်။    လူထုကိုလိမ်မရ။ ညာ၍မရနိုင်။ မနိုင်၍သည်းခံခဲ့ရသောကာလပိုင်းအခြားထံမှ သင်ယူခဲ့ရသောကာ ရှည်ကြာခဲ့ပြီ။ ဤသို့သောအခြေနေတွင်  လာမည့်အနာဂတ်လူငယ်များ၏ နှလုံးအိမ်၌ ထပ်မံ၍စိတ်နှလုံးမြုံနာလေး များ မရှိစေချင်တော့။ ဤကားပြည်သူ့ဆန္ဒအမှန်ပင်။     အယူအစွဲအဟောင်းတို့ကို မစွန့်လွှတ်နိုင်သေးသ၍ ငြိမ်းချမ်းရေးရရန်မလွယ်။    စစ်ကိုမွေးမြူ၍ အာဏာကိုဖက် တွယ်လိုသော မသမာစိတ်ရှိသူတို့၏ သဘောထားကို လူထုလက်မခံနိုင်တော့။ ဤသို့သောသဘောထားရှိသူတို့ကြောင့် တိုင်းပြည်သည် နိုင်ငံတကာအလယ်တွင်  နောက်ကျကျန်ရစ်ခဲ့သည်ကို ယနေ့ပြည်သူတို့ ရွံ့မုန်းနေသည်မှာ နှစ်အတော်ကြာပြီ။ ထို့ကြောင့်လည် ခေတ်အဆက်ဆက်တွင် ငြိမ်းချမ်းရေးကို လူထုကတ တောင်းဆိုခဲ့ကြခြင်းပင်။      ဖဆပလလက်ထက်တွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ကျင်းပခဲ့ကြသည်။    နိုင်ငံကားမငြိမ်းချမ်းခဲ့။ ဗိုလ်နေဝင်းအာဏာသိမ်းယူ၍ တော်လှန်ရေးအစိုးရကို စစ်သားများဖြင့် ဖွဲ့စည်းခဲ့သည်။ ၁၉၆၄ခုနှစ်တွင်  ပြည်တွင်းငြိမ်းချမ်းရေးကို လက်နက်ကိုင်အဖွဲ့အစည်းများ အားဖိတ်ကြား၍ကျင်းပပြန်သည်။ သို့သော်သေနတ်သံတို့တိတ်မသွား။    အစကတည်းက၊ တကယ့်ငြိမ်းချမ်းရေးလိုချင်၍ လုပ်ခဲ့ခြင်းမဟုတ်။    အယောင်ပြယုံမျှသာလုပ်ခဲ့ခြင်းပင်။ ထို့ကြောင့် မငြိမ်းချမ်းနိုင်ခဲ့။    တိုင်းရင်းသားလက်နက်ကိုင်များပိုလို့သာ တိုးပွားလာခဲ့သည်။ ထို့နောက် ၁၉၈၈ လူထုတော်လှန်သောအရေးတော်ပုံဖြစ်ပွားပြီး တပ်မတော်ကထပ်၍ အာဏာသိမ်းခဲ့ပြန်သည်။     ၂၀၁၂ ခုနှစ်နောက်ပိုင်မှစ၍ လက်နက်ကိုင်အဖွဲ့သစ်များ ထပ်မံပေါ်ပေါက်လာပြန်သည်။ စစ်ဖြင့် လုပ်ကိုင်စားသောက် သူတို့ စည်ပင်လာသည်။ ပစ်သံခတ်သံတို့ကာစဲမသွားခဲ့။       ဤသို့ဖြင့် ၂၀၁၈ ဒီဇင်ဘာ၂၁ရက်နေ့တွင် မြန်မာတပ်မတော်မှ မြောက်ပိုင်းစစ်ဌာနချုပ်ရှိ စစ်တိုင်းကြီး(၅)တိုင်းအား လေးလတာတာအပစ်ရပ်ကာလအဖြစ်ကြေညာခဲ့သည်။    ပြည်သူတို့ အမှန်ထင်မှတ်၍ ဝမ်းသာခဲ့ကြသည်။     သို့သော် ကြေညာပြီး ၃ရက်မြောက်နေ့တွင်  ကွတ်ခိုင်၌တိုက်ပွဲဖြစ်ပွားခဲ့ပြန်သည်။   ထိုအပစ်ရပ်ကာလအပေါ် လူထုယုံ ကြည်မှုမှာ သံသယဖြစ်စပြုလာသည်။    ထို့အပြင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်သော ရခိုင်ပြည်နယ်အားအပစ် ရပ်ကာလမှ ချန်လှပ်ထားခြင်းအပေါ်တွင် လည်း သံသယတို့ပိုလာသည်။    မြောက်ပိုင်းမဟာမိတ်လေးဖွဲ့သည် အန်စီအေတွင် လက်မှတ်မထိုးရသေးသောအဖွဲ့များ ဖြစ်သည်။    ယင်းအဖွဲ့များဖြင့် အပစ်ရပ်‌ကြေညာပြီးနောက်မှစစ်ပွဲများ ဖြစ်ခဲ့သည်မှာ အဆန်းမဟုတ်။ အဆိုးဆုံးမှာ အန်စီအေတွင် လက်မှတ်ထိုးပြီးသောအဖွဲ့အချို့နှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းပင်။        လေးလတာအပစ်ရပ်ကာလအတွင်း တိုက်ပွဲများ နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက “တိုက်ပွဲဖြစ်ပွားမှု KIA နဲ့ ၁၄ကြိမ်၊ တိုင်းရင်းသားအချင်းချင်ဖြစ်ပွားမှု(RCSS,TNLA, SSA)ဖြစ်ပွားမှု ၄၂ ကြိမ်၊  ရခိုင်နဲ့က ဖေဖော်ဝါရီလမှ ဧပြီလအထိအကြိမ် ၁၂၀ ခန့်ဖြစ်ပွားခဲ့တယ်”ဟု ရှင်းလင်းပြောဆိုခဲ့သည်။   ဤရှင်းလင်းပွဲအရဆိုလျှင် ရခိုင်စစ်မျက်နှာဘက်သို့ ဦးတည်လှုပ်ရှားခဲ့သည်မှာသိသာနေသည်။    ဧပြီလ ကုန်တွင် အပစ်ရပ်ကာလ ၂ လထပ်မံတိုးခဲ့ပြန်ပါသည်။ ထိုသို့ကြေညာပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် တိုက်ပွဲများ သိသာစွာလျော့နည်းခဲ့သော်လည်း ရခိုင်စစ်မျက်နှာ၌တိုက်ပွဲပိုမိုပြင်းထန်လာသည်ကို တွေ့လာရသည်။        ရက္ခိုင့်တပ်မတော် (အေအေ) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက “တိုက်ပွဲအကြိမ်အရေပေါင်း ၂၀၁၈ ဒီဇင်ဘာ ၂၁ရက်နေ့မှစ၍ ၂၀၁၉ ဇွန် ၈ ရက်နေ့အထိ မိနစ် ၃၀ အထက်တိုက်ပွဲပေါင်း ၂၃၇ပွဲ၊ ဒီဇင်ဘာ ၂၁မှဒီဇင်ဘာ  ၃၀ ထိ ၃ကြိမ်၊ ၂၀၁၉ ဇန်နဝါရီတွင် ၂၉ ကြိမ်၊ ဖေဖေါ်ဝါရီတွင် ၃၁ ကြိမ်၊ မတ်လတွင် ၆၁ ကြိမ်၊ ဧပြီတွင် ၂၆ ကြိမ်၊ မေလ ၆၅ ကြိမ်၊ ဇွန်လ ၈ရက်အထိ ၁၂ကြိမ်၊ ဒါကြောင့် မိနစ် ၃၀ အောက် တိုက်ပွဲက အကြိမ်၃၀၀ရှိတယ်။    စုစုပေါင်းတိုက်ပွဲကြီး ၊ ငယ် ၅၀၀ ကျော်ရှိပါတယ်”ဟုရှင်းလင်းခဲ့သည်။   သူ့ပြောစကားအရကြည့်လျှင် မတ်လနှင့် မေလသည်တိုက်ပွဲအများ  ဆုံးဖြစ်သည်ကိုတွေ့ရသည်။ ၆လတာအပစ်ရပ်ကာလဟုသတ်မှတ်ထားခဲ့သော်လည်းရခိုင်ဘက်တွင် တိုက်ပွဲပိုမို ပြင်းထန်လာခဲ့သည်မှာ မြောက်ပိုင်းမဟာမိတ်တို့အဖို့ လိပ်ပြာမလုံခဲ့ဟန်ရှိသည်ဟုဆိုနိုင်ပါသည်။       တဖန်ထပ်မံ၍ ဇွန်လကုန်တွင်  အပစ်ရပ်ကာလ ၂လတာတိုးပေးခဲ့ပြန်သည်။    သို့သော် ဩဂုတ်လ၁၅ရက်နေ့တွင် ပြင်ဦးလွင်တပ်မတော်နည်းပညာတက္ကသိုလ်အား ပစ်ခတ်တိုက်ခြင်းခဲခဲ့ရသည်။ ထိုရက်မတိုင်မီ ၁၂ရက်နေ့ ကမူ မြောက်ပိုင်မဟာမိတ်သုံးဖွဲ့က တနိုင်ငံလုံးအပစ်ရပ်ကြေညာရန်နှင့်  ရခိုင်ဘက်တွင် တိုက်ခိုက်နေခြင်းအားလည်း ရပ်ဆိုင်းပေးရန်၊ ထိုသို့မရပ်ဆိုင်းပါကဖြစ်ပေါ်လာမည့်အကျိုးဆက်သည် တပ်မတော်၏ တာဝန်သာဖြစ် ကြောင်းထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ပြီးနောက် သုံးရက်ခန့်အကြာတွင်  တပ်မတော်နည်းပညာတက္ကသိုလ် အားပစ်ခတ်ခြင်းခံခဲ့ရသည်။    ရှမ်းမြောက်ပိုင်း မူဆယ်လားရှိုးလမ်းတလျောက် သေနတ်သံများ  ဆူညံသွားခဲ့သည်။         သို့သော် တဖက်က ကြည့်လျှင်လည်း ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်တို့ကား ပျောက်ကွယ်မသွားခဲ့ချေ။။     ဩဂုတ်လ၂၃ရက်နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌက “ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့လာမလား ကြိုဆိုတယ်။    တိုက်မလား။ အသင့် ပဲ”ဟု လက်ခမောင်းခတ်ပြလိုက်သည်။ တဘက်ကလည်း တုန့်ပြန်လက်ခမောင်းခတ်လိုက်သည်။ သို့ဖြင့် ဩဂုတ်လကုန်ရက်ပိုင်းတွင်   ကျိုင်းတုံမြို့၌ မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့နှင့် ပြည်ထောင်စုငြိမ်း ချမ်းရေးကော်မရှင်တို့ပဏာမအပစ်ရပ်သဘောတူစာချုပ်ကိုအခြေခံ၍ဆွေးနွေးကြည်ဟုဆိုသည်။     ငြိမ်းချမ်းရေးလုပ်ငန်းဆိုသည်မှာ သူရဲကောင်းတို့သာဖေါ်ဆောင်နိုင်စွမ်းရှိသဖြင့်  လာမည့်ဩဂုတ်လ၃၁ရက်နေ့တွင် မည်သူ၏ လက်ခမောင်းခတ်သံက ပိုကျယ်လာမည်လဲဆိုသည်ကို မကြာမီမြင်တွေနိုင်တော့မည်ဖြစ်ပါကြောင်း။   
ရွစ္လတာအပစ္ရပ္ကာလ၏ ၿငိမ္းခ်မ္းေရးစိန္ေခၚသံ ထြန္းေဇာ္ေဌး ရွစ္လတာအပစ္ရပ္ကာလ သုံးသပ္ခ်က္ေရးဖို႔ ကြန္ျပဴတာေရွ႕ထိုင္ေတာ့မွပဲ အဆိုေတာ္ကိုင္ဇာရဲ႕ “လက္သီးဆုပ္မလား.. လက္ဝါးျဖန႔္မလား.. ႀကိဳက္တာကိုကိုေ႐ြးစမ္း..ကိုယ့္လူ” ဆိုတဲ့ သီခ်င္းကို သတိရေနမိသည္။ သတိမရလို႔ကမျဖစ္။ ဩဂုတ္လ ကုန္သည္ႏွင့္ အပစ္ရပ္ ရွစ္လတာကာလကုန္ဆုံးေတာ့မည္။ ယင္းသို႔မကုန္ဆုံးမီ ဩဂုတ္ ၂၃ ရက္တြင္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦးကလည္း “ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို လာမလား။ ႀကိဳဆိုတယ္။ တိုက္ပြဲေတြဆက္တိုက္ခ်င္လား။ အသင့္ ပဲ။ ”ဟုတပ္မေတာ္၏ သေဘာထားကိုထုတ္ေဖၚ ေၾကညာလိုက္သံကိုၾကားလိုက္ရသည္။ စိန္ေခၚသံလား။ ႀကိမ္းဝါးသံလားဆိုသည္ကိုေတာ့ ၎တို႔သာသိေပမည္။ ေသခ်ာသည္မွာ ျပည္သူလူထုအေနျဖင့္ ေသနတ္သံမ်ား ထပ္မံမၾကားလိုၾကျခင္းပင္။ လြတ္လပ္ေရးႏွင့္ အတူေပၚေပါက္လာခဲ့ေသာ ျပည္တြင္းစစ္ကိုမလိုခ်င္ေတာ့။ ျပည္တြင္းစစ္မီးၿငိမ္းေစခ်င္ၾကသည္။ ၿငိမ္းခ်မ္းေရးအေတြ႕အႀကဳံႏွင့္ ပတ္သက္လွ်င္လည္း ျပည္သူလူထု၏ အေတြ႕အႀကဳံႏွင့္ ခံစာမႈႀကီးမားခဲ့သည္လည္းကိုျငင္းမရ။ ၿငိမ္းခ်မ္းေရး၏ အဟန႔္အတားဆူးေညာင့္ ခလုတ္သည္ မည္သည့္အဖြဲ႕အစည္းျဖစ္သည္ကိုလည္း မေျပာခ်င္၍သာေနမည္လူထုက သိၿပီးျဖစ္သည္။ လူထုကိုလိမ္မရ။ ညာ၍မရႏိုင္။ မႏိုင္၍သည္းခံခဲ့ရေသာကာလပိုင္းအျခားထံမွ သင္ယူခဲ့ရေသာကာ ရွည္ၾကာခဲ့ၿပီ။ ဤသို႔ေသာအေျခေနတြင္ လာမည့္အနာဂတ္လူငယ္မ်ား၏ ႏွလုံးအိမ္၌ ထပ္မံ၍စိတ္ႏွလုံးၿမဳံနာေလး မ်ား မရွိေစခ်င္ေတာ့။ ဤကားျပည္သူ႔ဆႏၵအမွန္ပင္။ အယူအစြဲအေဟာင္းတို႔ကို မစြန႔္လႊတ္ႏိုင္ေသးသ၍ ၿငိမ္းခ်မ္းေရးရရန္မလြယ္။ စစ္ကိုေမြးျမဴ၍ အာဏာကိုဖက္ တြယ္လိုေသာ မသမာစိတ္ရွိသူတို႔၏ သေဘာထားကို လူထုလက္မခံႏိုင္ေတာ့။ ဤသို႔ေသာသေဘာထားရွိသူတို႔ေၾကာင့္ တိုင္းျပည္သည္ ႏိုင္ငံတကာအလယ္တြင္ ေနာက္က်က်န္ရစ္ခဲ့သည္ကို ယေန႔ျပည္သူတို႔ ႐ြံ႕မုန္းေနသည္မွာ ႏွစ္အေတာ္ၾကာၿပီ။ ထို႔ေၾကာင့္လည္ ေခတ္အဆက္ဆက္တြင္ ၿငိမ္းခ်မ္းေရးကို လူထုကတ ေတာင္းဆိုခဲ့ၾကျခင္းပင္။ ဖဆပလလက္ထက္တြင္လည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား အႀကိမ္ႀကိမ္က်င္းပခဲ့ၾကသည္။ ႏိုင္ငံကားမၿငိမ္းခ်မ္းခဲ့။ ဗိုလ္ေနဝင္းအာဏာသိမ္းယူ၍ ေတာ္လွန္ေရးအစိုးရကို စစ္သားမ်ားျဖင့္ ဖြဲ႕စည္းခဲ့သည္။ ၁၉၆၄ခုႏွစ္တြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးကို လက္နက္ကိုင္အဖြဲ႕အစည္းမ်ား အားဖိတ္ၾကား၍က်င္းပျပန္သည္။ သို႔ေသာ္ေသနတ္သံတို႔တိတ္မသြား။ အစကတည္းက၊ တကယ့္ၿငိမ္းခ်မ္းေရးလိုခ်င္၍ လုပ္ခဲ့ျခင္းမဟုတ္။ အေယာင္ျပယုံမွ်သာလုပ္ခဲ့ျခင္းပင္။ ထို႔ေၾကာင့္ မၿငိမ္းခ်မ္းႏိုင္ခဲ့။ တိုင္းရင္းသားလက္နက္ကိုင္မ်ားပိုလို႔သာ တိုးပြားလာခဲ့သည္။ ထို႔ေနာက္ ၁၉၈၈ လူထုေတာ္လွန္ေသာအေရးေတာ္ပုံျဖစ္ပြားၿပီး တပ္မေတာ္ကထပ္၍ အာဏာသိမ္းခဲ့ျပန္သည္။ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္မွစ၍ လက္နက္ကိုင္အဖြဲ႕သစ္မ်ား ထပ္မံေပၚေပါက္လာျပန္သည္။ စစ္ျဖင့္ လုပ္ကိုင္စားေသာက္ သူတို႔ စည္ပင္လာသည္။ ပစ္သံခတ္သံတို႔ကာစဲမသြားခဲ့။ ဤသို႔ျဖင့္ ၂၀၁၈ ဒီဇင္ဘာ၂၁ရက္ေန႔တြင္ ျမန္မာတပ္မေတာ္မွ ေျမာက္ပိုင္းစစ္ဌာနခ်ဳပ္ရွိ စစ္တိုင္းႀကီး(၅)တိုင္းအား ေလးလတာတာအပစ္ရပ္ကာလအျဖစ္ေၾကညာခဲ့သည္။ ျပည္သူတို႔ အမွန္ထင္မွတ္၍ ဝမ္းသာခဲ့ၾကသည္။ သို႔ေသာ္ ေၾကညာၿပီး ၃ရက္ေျမာက္ေန႔တြင္ ကြတ္ခိုင္၌တိုက္ပြဲျဖစ္ပြားခဲ့ျပန္သည္။ ထိုအပစ္ရပ္ကာလအေပၚ လူထုယုံ ၾကည္မႈမွာ သံသယျဖစ္စျပဳလာသည္။ ထို႔အျပင္အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ျဖစ္ေသာ ရခိုင္ျပည္နယ္အားအပစ္ ရပ္ကာလမွ ခ်န္လွပ္ထားျခင္းအေပၚတြင္ လည္း သံသယတို႔ပိုလာသည္။ ေျမာက္ပိုင္းမဟာမိတ္ေလးဖြဲ႕သည္ အန္စီေအတြင္ လက္မွတ္မထိုးရေသးေသာအဖြဲ႕မ်ား ျဖစ္သည္။ ယင္းအဖြဲ႕မ်ားျဖင့္ အပစ္ရပ္‌ေၾကညာၿပီးေနာက္မွစစ္ပြဲမ်ား ျဖစ္ခဲ့သည္မွာ အဆန္းမဟုတ္။ အဆိုးဆုံးမွာ အန္စီေအတြင္ လက္မွတ္ထိုးၿပီးေသာအဖြဲ႕အခ်ိဳ႕ႏွင့္ တိုက္ပြဲျဖစ္ခဲ့ျခင္းပင္။ ေလးလတာအပစ္ရပ္ကာလအတြင္း တိုက္ပြဲမ်ား ႏွင့္ ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက “တိုက္ပြဲျဖစ္ပြားမႈ KIA နဲ႔ ၁၄ႀကိမ္၊ တိုင္းရင္းသားအခ်င္းခ်င္ျဖစ္ပြားမႈ(RCSS,TNLA, SSA)ျဖစ္ပြားမႈ ၄၂ ႀကိမ္၊ ရခိုင္နဲ႔က ေဖေဖာ္ဝါရီလမွ ဧၿပီလအထိအႀကိမ္ ၁၂၀ ခန႔္ျဖစ္ပြားခဲ့တယ္”ဟု ရွင္းလင္းေျပာဆိုခဲ့သည္။ ဤရွင္းလင္းပြဲအရဆိုလွ်င္ ရခိုင္စစ္မ်က္ႏွာဘက္သို႔ ဦးတည္လႈပ္ရွားခဲ့သည္မွာသိသာေနသည္။ ဧၿပီလ ကုန္တြင္ အပစ္ရပ္ကာလ ၂ လထပ္မံတိုးခဲ့ျပန္ပါသည္။ ထိုသို႔ေၾကညာၿပီးေနာက္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမတြင္ တိုက္ပြဲမ်ား သိသာစြာေလ်ာ့နည္းခဲ့ေသာ္လည္း ရခိုင္စစ္မ်က္ႏွာ၌တိုက္ပြဲပိုမိုျပင္းထန္လာသည္ကို ေတြ႕လာရသည္။ ရကၡိဳင့္တပ္မေတာ္ (ေအေအ) အဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူခိုင္သုခက “တိုက္ပြဲအႀကိမ္အေရေပါင္း ၂၀၁၈ ဒီဇင္ဘာ ၂၁ရက္ေန႔မွစ၍ ၂၀၁၉ ဇြန္ ၈ ရက္ေန႔အထိ မိနစ္ ၃၀ အထက္တိုက္ပြဲေပါင္း ၂၃၇ပြဲ၊ ဒီဇင္ဘာ ၂၁မွဒီဇင္ဘာ ၃၀ ထိ ၃ႀကိမ္၊ ၂၀၁၉ ဇန္နဝါရီတြင္ ၂၉ ႀကိမ္၊ ေဖေဖၚဝါရီတြင္ ၃၁ ႀကိမ္၊ မတ္လတြင္ ၆၁ ႀကိမ္၊ ဧၿပီတြင္ ၂၆ ႀကိမ္၊ ေမလ ၆၅ ႀကိမ္၊ ဇြန္လ ၈ရက္အထိ ၁၂ႀကိမ္၊ ဒါေၾကာင့္ မိနစ္ ၃၀ ေအာက္ တိုက္ပြဲက အႀကိမ္၃၀၀ရွိတယ္။ စုစုေပါင္းတိုက္ပြဲႀကီး ၊ ငယ္ ၅၀၀ ေက်ာ္ရွိပါတယ္”ဟုရွင္းလင္းခဲ့သည္။ သူ႔ေျပာစကားအရၾကည့္လွ်င္ မတ္လႏွင့္ ေမလသည္တိုက္ပြဲအမ်ား ဆုံးျဖစ္သည္ကိုေတြ႕ရသည္။ ၆လတာအပစ္ရပ္ကာလဟုသတ္မွတ္ထားခဲ့ေသာ္လည္းရခိုင္ဘက္တြင္ တိုက္ပြဲပိုမို ျပင္းထန္လာခဲ့သည္မွာ ေျမာက္ပိုင္းမဟာမိတ္တို႔အဖို႔ လိပ္ျပာမလုံခဲ့ဟန္ရွိသည္ဟုဆိုႏိုင္ပါသည္။ တဖန္ထပ္မံ၍ ဇြန္လကုန္တြင္ အပစ္ရပ္ကာလ ၂လတာတိုးေပးခဲ့ျပန္သည္။ သို႔ေသာ္ ဩဂုတ္လ၁၅ရက္ေန႔တြင္ ျပင္ဦးလြင္တပ္မေတာ္နည္းပညာတကၠသိုလ္အား ပစ္ခတ္တိုက္ျခင္းခဲခဲ့ရသည္။ ထိုရက္မတိုင္မီ ၁၂ရက္ေန႔ ကမူ ေျမာက္ပိုင္မဟာမိတ္သုံးဖြဲ႕က တႏိုင္ငံလုံးအပစ္ရပ္ေၾကညာရန္ႏွင့္ ရခိုင္ဘက္တြင္ တိုက္ခိုက္ေနျခင္းအားလည္း ရပ္ဆိုင္းေပးရန္၊ ထိုသို႔မရပ္ဆိုင္းပါကျဖစ္ေပၚလာမည့္အက်ိဳးဆက္သည္ တပ္မေတာ္၏ တာဝန္သာျဖစ္ ေၾကာင္းထုတ္ျပန္ခဲ့သည္။ ယင္းထုတ္ျပန္ၿပီးေနာက္ သုံးရက္ခန႔္အၾကာတြင္ တပ္မေတာ္နည္းပညာတကၠသိုလ္ အားပစ္ခတ္ျခင္းခံခဲ့ရသည္။ ရွမ္းေျမာက္ပိုင္း မူဆယ္လားရႈိးလမ္းတေလ်ာက္ ေသနတ္သံမ်ား ဆူညံသြားခဲ့သည္။ သို႔ေသာ္ တဖက္က ၾကည့္လွ်င္လည္း ၿငိမ္းခ်မ္းေရးအတြက္ ကမ္းလွမ္းခ်က္တို႔ကား ေပ်ာက္ကြယ္မသြားခဲ့ေခ်။။ ဩဂုတ္လ၂၃ရက္ေန႔တြင္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒က “ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔လာမလား ႀကိဳဆိုတယ္။ တိုက္မလား။ အသင့္ ပဲ”ဟု လက္ခေမာင္းခတ္ျပလိုက္သည္။ တဘက္ကလည္း တုန႔္ျပန္လက္ခေမာင္းခတ္လိုက္သည္။ သို႔ျဖင့္ ဩဂုတ္လကုန္ရက္ပိုင္းတြင္ က်ိဳင္းတုံၿမိဳ႕၌ ေျမာက္ပိုင္းမဟာမိတ္(၄)ဖြဲ႕ႏွင့္ ျပည္ေထာင္စုၿငိမ္း ခ်မ္းေရးေကာ္မရွင္တို႔ပဏာမအပစ္ရပ္သေဘာတူစာခ်ဳပ္ကိုအေျခခံ၍ေဆြးေႏြးၾကည္ဟုဆိုသည္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းဆိုသည္မွာ သူရဲေကာင္းတို႔သာေဖၚေဆာင္ႏိုင္စြမ္းရွိသျဖင့္ လာမည့္ဩဂုတ္လ၃၁ရက္ေန႔တြင္ မည္သူ၏ လက္ခေမာင္းခတ္သံက ပိုက်ယ္လာမည္လဲဆိုသည္ကို မၾကာမီျမင္ေတြႏိုင္ေတာ့မည္ျဖစ္ပါေၾကာင္း။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024