ပါကစ္စတန်စစ်တပ် ပဲ့ထိန်းဒုံးကျည် လေ့ကျင့်ပစ်ခတ်မှု အောင်မြင်

ပါကစ္စတန်စစ်တပ်ဟာ သြဂုတ် ၂၉ ရက်နေ့က မြေပြင်ကနေ မြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်တခုကို လေ့ကျင့်ပစ်ခတ်တာ အောင်မြင်ခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။
အိမ်နီးချင်း အိန္ဒိယနဲ့ ဆက်ဆံရေးတင်းမာမှု အရှိန်မြင့်တက်နေချိန်မှာ ပါကစ္စတန်စစ်တပ်က အခုလို ဒုံးကျည်ပစ်ခတ် လေ့ကျင့်ခဲ့တာပါ။
လက်နက်ထိပ်ဖူး အမျိုးအစားအစုံ တပ်ဆင်နိုင်တဲ့ ဂါဟ်ဇ်နာဗီ ပဲ့ထိန်းဒုံးကျည်ကို ညဘက်မှာ အောင်အောင်မြင်မြင် လေ့ကျင့်ပစ်ခတ်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ် အာဆစ်ဖ် ဂါဖိုးယ်က တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီပဲ့ထိန်းဒုံးကျည်ဟာ လက်နက်ထိပ်ဖူးတခုကို အကွာအဝေး မိုင် ၁၈၀ အထိ ပစ်လွှတ်နိုင်ပါတယ်။
အိန္ဒိယအစိုးရက သူတို့အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းလိုက်ပြီးနောက် ပါကစ္စတန်နဲ့ အိန္ဒိယအကြား ဆက်ဆံရေး တင်းမာနေတာပါ။
အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသကို အိန္ဒိယနဲ့ ပါကစ္စတန်က တခြမ်းစီ အုပ်ချုပ်နေကြတာ ဖြစ်ပြီး ကက်ရှ်မီးယား နဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား စစ်ပွဲ သုံးကြိမ် ဖြစ်ခဲ့ဖူးပါတယ်။
ကက်ရှ်မီးယားဒေသကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်မယ့် အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပါကစ္စတန်က ဒေါသထွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ပါကစ္စတန်က အိန္ဒိယသံအမတ်ကြီးကို နှင်ထုတ်လိုက်တဲ့အပြင် အိန္ဒိယနဲ့ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေလည်း ဖြတ်တောက်ထားပါတယ်။
ပါကစၥတန္စစ္တပ္ ပဲ့ထိန္းဒုံးက်ည္ ေလ့က်င့္ပစ္ခတ္မႈ ေအာင္ျမင္
DVB
ပါကစၥတန္စစ္တပ္ဟာ ၾသဂုတ္ ၂၉ ရက္ေန႔က ေျမျပင္ကေန ေျမျပင္ပစ္ ပဲ့ထိန္းဒုံးက်ည္တခုကို ေလ့က်င့္ပစ္ခတ္တာ ေအာင္ျမင္ခဲ့တယ္လို႔ စစ္တပ္ေျပာခြင့္ရ အရာရွိတေယာက္က ေျပာပါတယ္။
အိမ္နီးခ်င္း အိႏၵိယနဲ႔ ဆက္ဆံေရးတင္းမာမႈ အရွိန္ျမင့္တက္ေနခ်ိန္မွာ ပါကစၥတန္စစ္တပ္က အခုလို ဒုံးက်ည္ပစ္ခတ္ ေလ့က်င့္ခဲ့တာပါ။
လက္နက္ထိပ္ဖူး အမ်ိဳးအစားအစုံ တပ္ဆင္ႏိုင္တဲ့ ဂါဟ္ဇ္နာဗီ ပဲ့ထိန္းဒုံးက်ည္ကို ညဘက္မွာ ေအာင္ေအာင္ျမင္ျမင္ ေလ့က်င့္ပစ္ခတ္ခဲ့တယ္လို႔ ပါကစၥတန္စစ္တပ္ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ အာဆစ္ဖ္ ဂါဖိုးယ္က တြစ္တာစာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။
အဲဒီပဲ့ထိန္းဒုံးက်ည္ဟာ လက္နက္ထိပ္ဖူးတခုကို အကြာအေဝး မိုင္ ၁၈၀ အထိ ပစ္လႊတ္ႏိုင္ပါတယ္။
အိႏၵိယအစိုးရက သူတို႔အုပ္ခ်ဳပ္တဲ့ ကက္ရွ္မီးယားေဒသကို အထူးကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ႐ုပ္သိမ္းလိုက္ၿပီးေနာက္ ပါကစၥတန္နဲ႔ အိႏၵိယအၾကား ဆက္ဆံေရး တင္းမာေနတာပါ။
အျငင္းပြားဖြယ္ ကက္ရွ္မီးယားေဒသကို အိႏၵိယနဲ႔ ပါကစၥတန္က တျခမ္းစီ အုပ္ခ်ဳပ္ေနၾကတာ ျဖစ္ၿပီး ကက္ရွ္မီးယား နဲ႔ ပတ္သက္လို႔ ႏွစ္ႏိုင္ငံအၾကား စစ္ပြဲ သုံးႀကိမ္ ျဖစ္ခဲ့ဖူးပါတယ္။
ကက္ရွ္မီးယားေဒသကို ဗဟိုအစိုးရက တိုက္႐ိုက္အုပ္ခ်ဳပ္မယ့္ အိႏၵိယအစိုးရရဲ႕ ဆုံးျဖတ္ခ်က္ကို ပါကစၥတန္က ေဒါသထြက္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ ပါကစၥတန္က အိႏၵိယသံအမတ္ႀကီးကို ႏွင္ထုတ္လိုက္တဲ့အျပင္ အိႏၵိယနဲ႔ ကုန္သြယ္ေရး၊ သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္းေတြလည္း ျဖတ္ေတာက္ထားပါတယ္။