ချန်ပီယံလိဂ်တွင် အောင်မြင်ရန် စိန်ခေါ်မှုများရှိနေဟု ချယ်ဆီးနည်းပြပြော
1.1K
ကစားသမား အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတာကြောင့် ချန်ပီယံလိဂ်မှာ အောင်မြင်မှုရဖို့အတွက် စိန်ခေါ်မှုတွေရှိနေတယ်လို့ ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြောပါတယ်။
အင်္ဂလိပ်အသင်းတွေဟာ လက်ရှိအချိန်မှာ အင်အားတောင့်တင်းတဲ့ အသင်းတွေဖြစ်ပြီး ဒါက အင်္ဂလိပ်လူမျိုးတွေအတွက် ခမ်းနားကြီးကျယ်တဲ့ အောင်မြင်မှုဖြစ်တယ်လို့ လမ်းပတ်က ဆိုပါတယ်။
ဒါပေမယ့် ချဲလ်ဆီးအသင်းအတွက်တော့ စိန်ခေါ်မှုတခုဖြစ်ပြီး ကစားသမားအပြောင်းအရွှေ့ ပိတ်ပင်ခံထားရတဲ့ အခြေအနေက အခက်အခဲဖြစ်စေတယ်လို့ လမ်းပတ်ကဆိုပါတယ်။
ချဲလ်ဆီးအသင်းဟာ လူငယ်ကစားသမာတွေကို တရားမဝင်ခေါ်ယူခဲ့တာကြောင့် အခုနှစ် အပြောင်းအရွှေ့ကာလနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလ ၂ ခုမှာ ကစားသမားဝယ်ယူခွင့် ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။
လမ်းပတ်ဟာ ကစားသမားဘဝက ချဲလ်ဆီးအသင်းနဲ့အတူ ၂၀၁၂ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခဲ့ဖူးသူဖြစ်ပါတယ်။
အဲဒီအချိန်က ခမ်းနားကြီးကျယ်တဲ့ အခိုက်အတန့်ဖြစ်ခဲ့ကြောင်းနဲ့ ချန်ပီယံလိဂ်ဟာ တနှစ်ထက်တနှစ် ပိုမိုခက်ခဲလာပြီလို့ လမ်းပတ်က ပြောပါတယ်။