A d v e r t i s e m e n t With Us

မျိုးတုံးလုနီး ရှားပါးလိပ်အကောင်ရေ ၄၀၀၀ ကျော် ရုရှားတွင် သိမ်းဆည်းရမိ

မျိုးတုံးလုနီးပါး အန္တရာယ်ရင်ဆိုင်နေရပြီး ရုရှားနိုင်ငံထဲကို မှောင်ခိုသွင်းလာတဲ့ ရှားပါးလိပ်အကောင်ရေ ၄၀၀၀ ကျော်ကို ကာဇာက်စတန်နိုင်ငံ အားရီးစ် ဒေသဆီကို ဘေးကင်းကင်း ပြန်လွှတ်ပေးခဲ့တယ်လို့ ရုရှားပြည်ထဲရေး ဝန်ကြီးဌာနက သြဂုတ် ၂၇ ရက်နေ့မှာ ပြောပါတယ်။ ရုရှား - ကာဇတ်စတန် နယ်စပ်မှာ ဂေါ်ဖီထုပ်တွေ တင်လာတဲ့ ကုန်တင်ကားတစီးရဲ့ နောက်ထဲမှာ ဂေါ်ဖီထုပ်တွေနဲ့အတူ လိပ်တွေထည့်ထားတဲ့ အိတ်ပေါင်း ၂၄ အိတ်ကို ရှရှား အာဏာပိုင်တွေက ဇွန်လ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ကားမောင်းသူက လိပ်တွေ ပါလာတာကို မသိဘူး၊ အဲဒီလိပ်တွေရဲ့ ပိုင်ရှင် ဘယ်သူလဲဆိုတာ မသိဘူးလို့ ပြောခဲ့ပြီး လက်ရှိမှာတော့ စုံစမ်းစစ်ဆေးနေဆဲပဲလို့ ရုရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီလိပ်တွေဟာ ကာလပေါက်ဈေး ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ တသိန်း ၂သောင်းနီးပါး တန်ဖိုးရှိပါတယ်။ အဲဒီလိပ်အကောင်ရေ ၄၀၀၀ ကျော်ကို ကာဇက်စတန်နိုင်ငံဆီ ပြန်မပို့ခင် ၁ လကျော်မှာ သူတို့ကို တက္ကသိုလ်တခုက အဆောက်အအုံ အလွတ်တခုမှာ ထိန်းသိမ်းထားခဲ့ပြီး ကျောင်းသားတွေနဲ့ ပါမောက္ခတွေက စောင့်ရှောက်ပေးထားခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
မ်ိဳးတုံးလုနီး ရွားပါးလိပ္အေကာင္ေရ ၄၀၀၀ ေက်ာ္ ႐ုရွားတြင္ သိမ္းဆည္းရမိ DVB မ်ိဳးတုံးလုနီးပါး အႏၲရာယ္ရင္ဆိုင္ေနရၿပီး ႐ုရွားႏိုင္ငံထဲကို ေမွာင္ခိုသြင္းလာတဲ့ ရွားပါးလိပ္အေကာင္ေရ ၄၀၀၀ ေက်ာ္ကို ကာဇာက္စတန္ႏိုင္ငံ အားရီးစ္ ေဒသဆီကို ေဘးကင္းကင္း ျပန္လႊတ္ေပးခဲ့တယ္လို႔ ႐ုရွားျပည္ထဲေရး ဝန္ႀကီးဌာနက ၾသဂုတ္ ၂၇ ရက္ေန႔မွာ ေျပာပါတယ္။ ႐ုရွား - ကာဇတ္စတန္ နယ္စပ္မွာ ေဂၚဖီထုပ္ေတြ တင္လာတဲ့ ကုန္တင္ကားတစီးရဲ႕ ေနာက္ထဲမွာ ေဂၚဖီထုပ္ေတြနဲ႔အတူ လိပ္ေတြထည့္ထားတဲ့ အိတ္ေပါင္း ၂၄ အိတ္ကို ရွရွား အာဏာပိုင္ေတြက ဇြန္လ ၇ ရက္ေန႔က ဖမ္းဆီးရမိခဲ့ပါတယ္။ ကားေမာင္းသူက လိပ္ေတြ ပါလာတာကို မသိဘူး၊ အဲဒီလိပ္ေတြရဲ႕ ပိုင္ရွင္ ဘယ္သူလဲဆိုတာ မသိဘူးလို႔ ေျပာခဲ့ၿပီး လက္ရွိမွာေတာ့ စုံစမ္းစစ္ေဆးေနဆဲပဲလို႔ ႐ုရွား ျပည္ထဲေရးဝန္ႀကီးဌာနက ေျပာပါတယ္။ အဲဒီလိပ္ေတြဟာ ကာလေပါက္ေဈး ခန႔္မွန္းေျခ အေမရိကန္ ေဒၚလာ တသိန္း ၂ေသာင္းနီးပါး တန္ဖိုးရွိပါတယ္။ အဲဒီလိပ္အေကာင္ေရ ၄၀၀၀ ေက်ာ္ကို ကာဇက္စတန္ႏိုင္ငံဆီ ျပန္မပို႔ခင္ ၁ လေက်ာ္မွာ သူတို႔ကို တကၠသိုလ္တခုက အေဆာက္အအုံ အလြတ္တခုမွာ ထိန္းသိမ္းထားခဲ့ၿပီး ေက်ာင္းသားေတြနဲ႔ ပါေမာကၡေတြက ေစာင့္ေရွာက္ေပးထားခဲ့ၾကတယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။

A d v e r t i s e m e n t With Us

More News
Up