ဂျပန်တွင် ရေကြီးမြေပြို၊ လူ ၈ သိန်းခွဲခန့် ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ထုတ်

ဂျပန်နိုင်ငံတောင်ပိုင်းက ကျူရှူးကျွန်းမှာ သြဂုတ်လ ၂၈ ရက်နေ့က မိုးသည်းသည်းမည်းမည်းရွာပြီး ရေကြီးမြေပြို တာတွေကြောင့် လူနှစ်ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒါ့ကြောင့် အာဏာပိုင်တွေက ရာသီဥတုဆိုင်ရာ အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဒေသခံ အယောက် ရှစ်သိန်းခွဲလောက်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ပေးခဲ့ပါတယ်။
လက်ရှိမှာ ဂျပန်မိုးလေဝသ အေဂျင်စီက ရာသီဥတု သတိပေးချက် အမြင့်ဆုံး အဆင့်ဖြစ်တဲ့ အဆင့် ၅ အထိ သတ်မှတ်ထားပါတယ်။
ကျူရှူးကျွန်းတောင်ပိုင်းဒေသမှာ ဆယ်စုနှစ်တွေကြာမှာ တခါသာ ကြုံရလေ့ရှိတဲ့ မိုးများတဲ့ ရာသီဥတုအခြေအနေကြောင့် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားရတာပါ။
ဆာဂါစီရင်စုမှာ ရေကြီးနေလို့ ကားနဲ့အတူ မျောပါသွားတဲ့ အမျိုးသားတယောက် သေဆုံးခဲ့ပြီး ဖူကူအိုကာ စီရင်စုမှာလည်း အမျိုးသားတယောက် ကားပေါ်ကဆင်းချိန် ရေစီးနဲ့ မျောပါသေဆုံးခဲ့တယ်လို့ မီဒီယာတွေက ပြောပါတယ်။
ဆာဂါ စီရင်စုဒေသတစ်ချို့မှာ ၁ နာရီကို မိုးရေချိန် ၄ လက်မကျော် ရွာသွန်းခဲ့တယ်လို့ NHK သတင်းဌာနက ပြောပါတယ်။
ဆိုးရွားတဲ့ ရာသီဥတုအခြေအနေ ရင်ဆိုင်နေရတဲ့ ဆာဂါစီရင်စုက တောင်းဆိုပြီးနောက် ကယ်ဆယ်ရေးအတွက် စစ်သားအယောက် ၁၀၀ ကျော် စေလွှတ်ပေးခဲ့တယ်လို့ ဂျပန်စစ်တပ်က ပြောပါတယ်။
ဂ်ပန္တြင္ ေရႀကီးေျမၿပိဳ၊ လူ ၈ သိန္းခြဲခန႔္ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းရန္ အမိန္႔ထုတ္
ဂ်ပန္ႏိုင္ငံေတာင္ပိုင္းက က်ဴရွဴးကြၽန္းမွာ ၾသဂုတ္လ ၂၈ ရက္ေန႔က မိုးသည္းသည္းမည္းမည္း႐ြာၿပီး ေရႀကီးေျမၿပိဳ တာေတြေၾကာင့္ လူႏွစ္ေယာက္ထက္မနည္း ေသဆုံးခဲ့ပါတယ္။
ဒါ့ေၾကာင့္ အာဏာပိုင္ေတြက ရာသီဥတုဆိုင္ရာ အေရးေပၚ သတိေပးခ်က္ ထုတ္ျပန္ခဲ့ၿပီး ေဒသခံ အေယာက္ ရွစ္သိန္းခြဲေလာက္ကိုလည္း ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းဖို႔ အမိန႔္ေပးခဲ့ပါတယ္။
လက္ရွိမွာ ဂ်ပန္မိုးေလဝသ ေအဂ်င္စီက ရာသီဥတု သတိေပးခ်က္ အျမင့္ဆုံး အဆင့္ျဖစ္တဲ့ အဆင့္ ၅ အထိ သတ္မွတ္ထားပါတယ္။
က်ဴရွဴးကြၽန္းေတာင္ပိုင္းေဒသမွာ ဆယ္စုႏွစ္ေတြၾကာမွာ တခါသာ ႀကဳံရေလ့ရွိတဲ့ မိုးမ်ားတဲ့ ရာသီဥတုအေျခအေနေၾကာင့္ အေရးေပၚ သတိေပးခ်က္ေတြ ထုတ္ျပန္ထားရတာပါ။
ဆာဂါစီရင္စုမွာ ေရႀကီးေနလို႔ ကားနဲ႔အတူ ေမ်ာပါသြားတဲ့ အမ်ိဳးသားတေယာက္ ေသဆုံးခဲ့ၿပီး ဖူကူအိုကာ စီရင္စုမွာလည္း အမ်ိဳးသားတေယာက္ ကားေပၚကဆင္းခ်ိန္ ေရစီးနဲ႔ ေမ်ာပါေသဆုံးခဲ့တယ္လို႔ မီဒီယာေတြက ေျပာပါတယ္။
ဆာဂါ စီရင္စုေဒသတစ္ခ်ိဳ႕မွာ ၁ နာရီကို မိုးေရခ်ိန္ ၄ လက္မေက်ာ္ ႐ြာသြန္းခဲ့တယ္လို႔ NHK သတင္းဌာနက ေျပာပါတယ္။
ဆိုး႐ြားတဲ့ ရာသီဥတုအေျခအေန ရင္ဆိုင္ေနရတဲ့ ဆာဂါစီရင္စုက ေတာင္းဆိုၿပီးေနာက္ ကယ္ဆယ္ေရးအတြက္ စစ္သားအေယာက္ ၁၀၀ ေက်ာ္ ေစလႊတ္ေပးခဲ့တယ္လို႔ ဂ်ပန္စစ္တပ္က ေျပာပါတယ္။