A d v e r t i s e m e n t With Us

ယခုနှစ် ချန်ပီယံလိဂ်တွင် အင်္ဂလန်ကလပ်များ ခြေစွမ်းပြရန် မလွယ်တော့ဟု လီဗာပူးနည်းပြပြော

ချန်ပီယံလိဂ်မှာ မနှစ်ကလိုပဲ အင်္ဂလန်ကလပ်အသင်းတွေ ခြေစွမ်းပြနိုင်ဖို့မလွယ်တော့ကြောင်း လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကပြောပါတယ်။ အင်္ဂလန်ကလပ်အသင်းတွေဟာ မနှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးခြေစွမ်းပေသနိုင်ခဲ့ကြတာပါ။ လီဗာပူး၊ စပါး၊ မန်စီးတီးတို့ အင်္ဂလန် ၃ သင်း ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့သလို ဆီမီးဖိုင်နယ်မှာလည်း လီဗာပူးက ဘာစီလိုနာ၊ စပါးက အေဂျက်အသင်းတို့ကို အသီးသီး အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာ All English Final ပွဲဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုနှစ် ပြိုင်ပွဲမှာတော့ အင်္ဂလန်ကလပ်အသင်းတွေ ဆက်ပြီး ခြေစွမ်းပြဖို့ မလွယ်ကူတော့ကြောင့် လီဗာပူးနည်းပြ ကလော့ပ်ကပြောပါတယ်။ အသင်းအားလုံးမှာ ဆုဖလားရယူဖို့ အခွင့်အရေးရှိနေပြီး ဘိုင်ယန်မြူးနစ် အသင်းဆိုရင်လည်း ပါရီဆစ်နဲ့ ကော်တင်ညိုတို့လို ကစားသမားကောင်းတွေ ခေါ်ယူထားတယ်လို့ ကလော့ပ်က ဆိုပါတယ်။ ဒါ့အပြင် ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်အသင်းတွေလည်းရှိနေပြီး ရီးရဲလ် မက်ဒရစ်အသင်းကတော့ ထည့်သွင်းပြောစရာ မလိုလောက်အောင် အားလုံးသိပြီးသားဖြစ်တယ်လို့ ဂျဂန်ကလော့ပ်က သုံးသပ်ခဲ့ပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဆင့်မဲခွဲပွဲကို ပြင်သစ် နိုင်ငံ မိုနာကိုမြို့မှာ သြဂုတ် ၂၉ ရက်နေ့ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ယခုႏွစ္ ခ်န္ပီယံလိဂ္တြင္ အဂၤလန္ကလပ္မ်ား ေျခစြမ္းျပရန္ မလြယ္ေတာ့ဟု လီဗာပူးနည္းျပေျပာ DVB ခ်န္ပီယံလိဂ္မွာ မႏွစ္ကလိုပဲ အဂၤလန္ကလပ္အသင္းေတြ ေျခစြမ္းျပႏိုင္ဖို႔မလြယ္ေတာ့ေၾကာင္း လီဗာပူးနည္းျပ ဂ်ာဂန္ကေလာ့ပ္ကေျပာပါတယ္။ အဂၤလန္ကလပ္အသင္းေတြဟာ မႏွစ္က ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အေကာင္းဆုံးေျခစြမ္းေပသႏိုင္ခဲ့ၾကတာပါ။ လီဗာပူး၊ စပါး၊ မန္စီးတီးတို႔ အဂၤလန္ ၃ သင္း ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့သလို ဆီမီးဖိုင္နယ္မွာလည္း လီဗာပူးက ဘာစီလိုနာ၊ စပါးက ေအဂ်က္အသင္းတို႔ကို အသီးသီး အႏိုင္ရခဲ့ၿပီး ဗိုလ္လုပြဲမွာ All English Final ပြဲျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အခုႏွစ္ ၿပိဳင္ပြဲမွာေတာ့ အဂၤလန္ကလပ္အသင္းေတြ ဆက္ၿပီး ေျခစြမ္းျပဖို႔ မလြယ္ကူေတာ့ေၾကာင့္ လီဗာပူးနည္းျပ ကေလာ့ပ္ကေျပာပါတယ္။ အသင္းအားလုံးမွာ ဆုဖလားရယူဖို႔ အခြင့္အေရးရွိေနၿပီး ဘိုင္ယန္ျမဴးနစ္ အသင္းဆိုရင္လည္း ပါရီဆစ္နဲ႔ ေကာ္တင္ညိဳတို႔လို ကစားသမားေကာင္းေတြ ေခၚယူထားတယ္လို႔ ကေလာ့ပ္က ဆိုပါတယ္။ ဒါ့အျပင္ ေဒါ့မြန္၊ ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္အသင္းေတြလည္းရွိေနၿပီး ရီးရဲလ္ မက္ဒရစ္အသင္းကေတာ့ ထည့္သြင္းေျပာစရာ မလိုေလာက္ေအာင္ အားလုံးသိၿပီးသားျဖစ္တယ္လို႔ ဂ်ဂန္ကေလာ့ပ္က သုံးသပ္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မဲခြဲပြဲကို ျပင္သစ္ ႏိုင္ငံ မိုနာကိုၿမိဳ႕မွာ ၾသဂုတ္ ၂၉ ရက္ေန႔ က်င္းပျပဳလုပ္မွာျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up