Home
မြန်မာသတင်း
ရေပိုင်​နက်​​ကျော်​ဝင်ရောက်သွားသည့် မြန်မာ ၄ ဦးကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး
DVB
·
August 29, 2019
ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်ကို စစ်လှေတစီးနဲ့ ရေပိုင်​နက်​​ကျော်​ဝင်ရောက်လာတဲ့ မြန်မာ ၄ ဦးကို ဘင်္ဂလား​ဒေ့ရှ်​နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့  Teknaf Today News မှာ ​​ဖော်​ပြထားပါတယ်​။ သြဂုတ်​လ ၂၇ ရက်နေ့ကဖမ်းဆီးမိခဲ့တာဖြစ်ပြီး ဖမ်းဆီးထားသူတွေဟာ  ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်ကို ဘာကြောင့် ဝင်ရောက်လာတယ်ဆို တာကိုတော့ သတင်းမှာ တိတိကျကျ ရေးသားဖော်ပြခြင်းမရှိပါဘူး။    အမှတ်​(၁) ဝင်​/ထွက်​စခန်း​က အမည်​မ​ဖော်​လိုသူတဦးကတော့ မောင်တောနယ်စပ် နတ်မြစ်ကြောင်းကနေ ဖိုင်​ဘာမော်​​တော်​ဘုတ်​နဲ့ သွားသူတွေကို ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်က  ဖမ်းဆီးထားတာဖြစ်တယ်လို့ ​ပြောပါတယ်​။ "ဖမ်းဆီးထားတာက​တော့ ​သေချာသ​လောက် ​ရှိပါတယ်​။ ဟိုဖက်​နိုင်​ငံက​တော့ အ​ကြောင်း ကြားလာတာ မရှိ​သေးပါဘူး။ ​ရေပိုင်​နက်​​ အနည်းငယ်​ကျော်​သွားတဲ့အတွက် ​ထင်​ပါတယ်​။ ဒီကိစ္စ က​တော့ နှစ်​နိုင်​ငံစကား ​ပြောရမယ့်ကိစ္စ ဖြစ်​လာနိုင်​ပါတယ်​"လို့​ပြောကြာပါတယ်​။ ​မောင်​​တောခရိုင်​ အ​ထွေ​ထွေအုပ်​ချုပ်​ရေးမှူး ဦးစိုး​အောင်​က​တော့ "ကြားပါတယ်​ခင်​ဗျ။ အဲ့ဒီသတင်းက​တော့ တပ်​ပိုင်းဆိုင်​ရာဆို​တော့ ကျနော်တို့လည်း သိပေမယ့် ပြောပိုင်​ခွင့်မရှိပါဘူး။ ဘင်္ဂလားသတင်း​တွေက​တော့ တက်​​နေပြီ ထင်​ပါတယ်​"လို့​ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်​သက်​ပြီး ​မောင်​​တောနယ်​စပ်​ ဝင်/ထွက်​စခန်းမှာ အ​ခြေစိုက်​တဲ့ ဓညဝတီ​ရေတပ်​စခန်းက ဗိုလ်​မှူးငြိမ်းချမ်းဦးက အခုမ​ပြောနိုင်​​သေးပါဘူးလို့ ပြောပါတယ်​။ သတင်း- ကောင်းကောင်း၊ ဓာတ်ပုံ- Teknaf Today
ေရပိုင္​နက္​​ေက်ာ္​ဝင္ေရာက္သြားသည့္ ျမန္မာ ၄ ဦးကို ဘဂၤလားေဒ့ရွ္ဖမ္းဆီး ေကာင္းေကာင္း ဘဂၤလား​ေဒ့ရွ္​ႏိုင္​ငံဘက္ကို စစ္ေလွတစီးနဲ႔ ေရပိုင္​နက္​​ေက်ာ္​ဝင္ေရာက္လာတဲ့ ျမန္မာ ၄ ဦးကို ဘဂၤလား​ေဒ့ရွ္​နယ္ျခားေစာင့္တပ္ဖြဲ႕က ဖမ္းဆီးထားတယ္လို႔  Teknaf Today News မွာ ​​ေဖာ္​ျပထားပါတယ္​။ ၾသဂုတ္​လ ၂၇ ရက္ေန႔ကဖမ္းဆီးမိခဲ့တာျဖစ္ၿပီး ဖမ္းဆီးထားသူေတြဟာ  ဘယ္သူဘယ္ဝါဆိုတာနဲ႔ ဘဂၤလား​ေဒ့ရွ္​ႏိုင္​ငံဘက္ကို ဘာေၾကာင့္ ဝင္ေရာက္လာတယ္ဆို တာကိုေတာ့ သတင္းမွာ တိတိက်က် ေရးသားေဖာ္ျပျခင္းမရွိပါဘူး။ အမွတ္​(၁) ဝင္​/ထြက္​စခန္း​က အမည္​မ​ေဖာ္​လိုသူတဦးကေတာ့ ေမာင္ေတာနယ္စပ္ နတ္ျမစ္ေၾကာင္းကေန ဖိုင္​ဘာေမာ္​​ေတာ္​ဘုတ္​နဲ႔ သြားသူေတြကို ဘဂၤလား​ေဒ့ရွ္​ႏိုင္​ငံဘက္က  ဖမ္းဆီးထားတာျဖစ္တယ္လို႔ ​ေျပာပါတယ္​။ "ဖမ္းဆီးထားတာက​ေတာ့ ​ေသခ်ာသ​ေလာက္ ​ရွိပါတယ္​။ ဟိုဖက္​ႏိုင္​ငံက​ေတာ့ အ​ေၾကာင္း ၾကားလာတာ မရွိ​ေသးပါဘူး။ ​ေရပိုင္​နက္​​ အနည္းငယ္​ေက်ာ္​သြားတဲ့အတြက္ ​ထင္​ပါတယ္​။ ဒီကိစၥ က​ေတာ့ ႏွစ္​ႏိုင္​ငံစကား ​ေျပာရမယ့္ကိစၥ ျဖစ္​လာႏိုင္​ပါတယ္​"လို႔​ေျပာၾကာပါတယ္​။ ​ေမာင္​​ေတာခ႐ိုင္​ အ​ေထြ​ေထြအုပ္​ခ်ဳပ္​ေရးမႉး ဦးစိုး​ေအာင္​က​ေတာ့ "ၾကားပါတယ္​ခင္​ဗ်။ အဲ့ဒီသတင္းက​ေတာ့ တပ္​ပိုင္းဆိုင္​ရာဆို​ေတာ့ က်ေနာ္တို႔လည္း သိေပမယ့္ ေျပာပိုင္​ခြင့္မရွိပါဘူး။ ဘဂၤလားသတင္း​ေတြက​ေတာ့ တက္​​ေနၿပီ ထင္​ပါတယ္​"လို႔​ ေျပာပါတယ္။ ဖမ္းဆီးခံရတဲ့ ကိစၥနဲ႔ပတ္​သက္​ၿပီး ​ေမာင္​​ေတာနယ္​စပ္​ ဝင္/ထြက္​စခန္းမွာ အ​ေျခစိုက္​တဲ့ ဓညဝတီ​ေရတပ္​စခန္းက ဗိုလ္​မႉးၿငိမ္းခ်မ္းဦးက အခုမ​ေျပာႏိုင္​​ေသးပါဘူးလို႔ ေျပာပါတယ္​။ သတင္း- ေကာင္းေကာင္း၊ ဓာတ္ပုံ- Teknaf Today
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024