Home
အနုပညာ
လူငယ်ကြိုက် Idiots နှင့် Eternal Gosh အဖွဲ့ တေးဂီတဖျော်ဖြေပွဲ ကျင်းပမည်
DVB
·
August 29, 2019
လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အားပေးမှုတွေ ရရှိထားတဲ့ တေးဂီတ အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ Idiots နဲ့ Eternal Gosh အဖွဲ့ ၂ ဖွဲ့ရဲ့ တေးဂီတ ဖျော်ဖြေပွဲကို လာမယ့် သြဂုတ် ၃၁ ရက်နေ့မှာ ကျင်းပဖို့ရှိနေပါတယ်။ ဒီအစီအစဉ်ကတော့ FG Live Loungue အမည်နဲ့ အပတ်စဉ် စနေနေ့တိုင်း နာမည်ကြီး တေးသံရှင်တွေနဲ့ ဖျော်ဖြေပွဲအဖြစ် ပြုလုပ်လာခဲ့တာဖြစ်ပြီး ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းမပေါ်က ရေကူးစတူဒီယိုမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။ အခုတပတ်မှာတော့ ဂီတလောကမှာ ဆယ်စုနှစ်တစုကျော်ကြာ လူငယ်ပရိသတ်တွေ အားပေးမှုအခိုင်အမာ ရရှိထားတဲ့ Idiots အဖွဲ့ရဲ့ သီဆိုဖျော်ဖြေမှုကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ Idiots အဖွဲ့မှ အဆိုတော် ရေမွန်ဟာ တေးသံရှင် ခင်မြတ်မွန်ရဲ့ ရင်သွေးတဦး ဖြစ်ကာ ဝမ်းနည်းတတ်တဲ့ချစ်သူ၊ တခန်းရပ်၊ မလိုတော့ဘူး၊ သေလို့ရတယ်၊ အပါးတော် စတဲ့သီချင်းတွေဟာ ထင်ရှားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ သူဟာ ညီမဖြစ်သူ လပြည့်ကဗျာနဲ့အတူ မောင်နှမတွေ ဆိုတဲ့ သီချင်းထဲမှာ အတူတူသီဆိုထားခဲ့ပါသေးတယ်။ Eternal Gosh ကတော့ သိပ်မကြာခင်ကမှ ရေပန်းစားလူသိများလာခဲ့တာဖြစ်ပြီး သူတို့သီဆိုထားခဲ့ကြတဲ့ လက်ခုပ်၊ ငါအံ့သြစတဲ့ သီချင်းတွေဟာ ပရိသတ်အားပေး လက်ခံမှု ရရှိထားတဲ့ သီချင်းတွေဖြစ်ပြီး သိပ်မကြာခင်ကမှ ထုတ်လွှင့်ခဲ့ပြီး နာမည်ကြီးခဲ့ တဲ့ ငွေစက္ကူ ၇ ရွက်ဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်သီချင်းဟာလည်း ပရိသတ် အားပေးမှုရှိခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။ လာမယ့် စနေနေ့မှာ ကျင်းပမယ့် Idiots နဲ့ Eternal Gosh အဖွဲ့ ၂ ဖွဲ့ရဲ့ အစွမ်း ကုန်သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးချင်တဲ့ ပရိသတ်တွေအနေနဲ့ လက်မှတ်တွေကို ၁၂၀၀၀ ကျပ်နဲ့ ဝယ်ယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
လူငယ္ႀကိဳက္ Idiots ႏွင့္ Eternal Gosh အဖြဲ႕ ေတးဂီတေဖ်ာ္ေျဖပြဲ က်င္းပမည္ DVB လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားၿပီး အားေပးမႈေတြ ရရွိထားတဲ့ ေတးဂီတ အဖြဲ႕ ၂ ဖြဲ႕ျဖစ္တဲ့ Idiots နဲ႔ Eternal Gosh အဖြဲ႕ ၂ ဖြဲ႕ရဲ႕ ေတးဂီတ ေဖ်ာ္ေျဖပြဲကို လာမယ့္ ၾသဂုတ္ ၃၁ ရက္ေန႔မွာ က်င္းပဖို႔ရွိေနပါတယ္။ ဒီအစီအစဥ္ကေတာ့ FG Live Loungue အမည္နဲ႔ အပတ္စဥ္ စေနေန႔တိုင္း နာ မည္ႀကီး ေတးသံရွင္ေတြနဲ႔ ေဖ်ာ္ေျဖပြဲအျဖစ္ ျပဳလုပ္လာခဲ့တာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၊ ေဝဇယႏၲာလမ္းမေပၚက ေရကူးစတူဒီယိုမွာ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ အခုတပတ္မွာေတာ့ ဂီတေလာကမွာ ဆယ္စုႏွစ္တစုေက်ာ္ၾကာ လူငယ္ပရိသတ္ေတြ အားေပးမႈအခိုင္အမာ ရရွိထားတဲ့ Idiots အဖြဲ႕ရဲ႕ သီဆိုေဖ်ာ္ေျဖမႈကို ပရိသတ္ေတြက ခံစားနားဆင္ၾကရမွာ ျဖစ္ပါတယ္။ Idiots အဖြဲ႕မွ အဆိုေတာ္ ေရမြန္ဟာ ေတးသံရွင္ ခင္ျမတ္မြန္ရဲ႕ ရင္ေသြးတဦး ျဖစ္ကာ ဝမ္းနည္းတတ္တဲ့ခ်စ္သူ၊ တခန္းရပ္၊ မလိုေတာ့ဘူး၊ ေသလို႔ရတယ္၊ အပါးေတာ္ စတဲ့သီခ်င္းေတြဟာ ထင္ရွားတဲ့ သီခ်င္းေတြ ျဖစ္ပါတယ္။ မၾကာေသးခင္ကေတာ့ သူဟာ ညီမျဖစ္သူ လျပည့္ကဗ်ာနဲ႔အတူ ေမာင္ႏွမေတြ ဆိုတဲ့ သီခ်င္းထဲမွာ အတူတူသီဆိုထားခဲ့ပါေသးတယ္။ Eternal Gosh ကေတာ့ သိပ္မၾကာခင္ကမွ ေရပန္းစားလူသိမ်ားလာခဲ့တာျဖစ္ၿပီး သူတို႔သီဆိုထားခဲ့ၾကတဲ့ လက္ခုပ္၊ ငါအံ့ၾသစတဲ့ သီခ်င္းေတြဟာ ပရိသတ္အားေပး လက္ခံမႈ ရရွိထားတဲ့ သီခ်င္းေတြျဖစ္ၿပီး သိပ္မၾကာခင္ကမွ ထုတ္လႊင့္ခဲ့ၿပီး နာမည္ႀကီးခဲ့ တဲ့ ေငြစကၠဴ ၇ ႐ြက္ဇာတ္လမ္းတြဲထဲမွာ ပါဝင္တဲ့ ဇာတ္ဝင္သီခ်င္းဟာလည္း ပရိသတ္ အားေပးမႈရွိခဲ့တဲ့ သီခ်င္းတပုဒ္ ျဖစ္ပါတယ္။ လာမယ့္ စေနေန႔မွာ က်င္းပမယ့္ Idiots နဲ႔ Eternal Gosh အဖြဲ႕ ၂ ဖြဲ႕ရဲ႕ အစြမ္း ကုန္သီဆိုေဖ်ာ္ေျဖမႈကို ၾကည့္ရႈအားေပးခ်င္တဲ့ ပရိသတ္ေတြအေနနဲ႔ လက္မွတ္ေတြကို ၁၂၀၀၀ က်ပ္နဲ႔ ဝယ္ယူၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024