A d v e r t i s e m e n t With Us

အမေရိကန်ရေတပ် ဖျက်သင်္ဘောတစီး အငြင်းပွား တောင်တရုတ်ပင်လယ်ထဲ ဖြတ်မောင်း

အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘောတစီးဟာ သြဂုတ် ၂၈ ရက်နေ့မှာ အငြင်းပွား တောင်တရုတ်ပင်လယ်ထဲက ကျွန်းစုတွေအနား ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။ တရုတ်နိုင်ငံက အဲဒီကျွန်းစုကို သူပိုင်တယ်လို့ အခိုင်အမာပြောထားတာကြောင့် အမေရိကန်ရဲ့လုပ်ရပ်က တရုတ်အစိုးရကို ဒေါသထွက်စေနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ အမေရိကန်အကြားမှာ ကုန်သွယ်ရေးစစ်ပွဲပြဿနာ၊ တရုတ်စစ်တပ်ကို အမေရိကန်က အရေးယူပိတ်ဆို့တဲ့ ပြဿနာနဲ့ အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေးပြဿနာအပြင် တောင်-တရုတ် ပင်လယ်ပြင်အရေးဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေတဲ့ အဓိက ဖြစ်ရပ်တွေပါ။ အမေရိကန်ရေတပ်စစ်သင်္ဘောတစီးက တရုတ်ဆိပ်ကမ်းမြို့ ချင်းဒေါင်ကို ဆိုက်ကပ်ခွင့်ပေးဖို့ သြဂုတ် ၂၇ ရက်နေ့မှာ တောင်းဆိုခဲ့ပေမယ့် တရုတ်အစိုးရက ငြင်းပယ်ခဲ့တယ်လို့ ရိုက်တာသတင်း ဌာနက ဖော်ပြပါတယ်။ အမေရိကန်ရေတပ်ရဲ့ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ Wayne E. Meyer ဖျက်သင်္ဘောဟာ တောင်တရုတ် ပင်လယ်ပြင်ထဲက ဖိုင်ယီခရော့စ်နဲ့ မစ်စ်ရှစ် သန္တာကျောက်တန်းရဲ့ ရေမိုင် ၁၂ မိုင်အတွင်း ဖြတ်သန်းခဲ့တယ်လို့ ဂျပန်နိုင်ငံ အခြေစိုက် အမေရိကန်ရေတပ်ရဲ့ ပြောခွင့်ရ အမျိုးသမီး ဒုဗိုလ်မှူးကြီး ရီယန် မားဆန်က ပြောပါတယ်။ ဒီလုပ်ရပ်ဟာ ရေပိုင်အနက် အငြင်းပွားမှုကို စိန်ခေါ်ဖို့နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ နိုင်ငံတကာ ဥပ‌ဒေသက်ရောက်ရေး ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ပြင်မှာ ကျွန်းအတုတွေဆောက်ပြီး အဲဒီကျွန်းတွေပေါ်မှာ စစ်ဘက်အဆောက်အအုံတွေ ဆောက်လုပ်တာနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက အရင်ကလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ တနှစ်ကို ရေကြောင်း ကုန်သွယ်ရေးစီးဆင်းမှု အမေရိကန်ဒေါ်လာ ၅ ထရီလီယံ တန်ဖိုးရှိတဲ့ တောင်တရုတ်ပင်လယ်ပြင်ရဲ့ ဧရိယာ တော်တော်များများကို တရုတ်က သူပိုင်တယ်လို့ အခိုင်အမာပြောထားပါတယ်။ နယ်နိမိတ်ထိစပ်နေတဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ် တစိတ်တပိုင်းကို သူတို့ပိုင်တယ်လို့ အငြင်းပွားနေကြပါတယ်။
အေမရိကန္ေရတပ္ ဖ်က္သေဘၤာတစီး အျငင္းပြား ေတာင္တ႐ုတ္ပင္လယ္ထဲ ျဖတ္ေမာင္း DVB အေမရိကန္ေရတပ္ရဲ႕ ဖ်က္သေဘၤာတစီးဟာ ၾသဂုတ္ ၂၈ ရက္ေန႔မွာ အျငင္းပြား ေတာင္တ႐ုတ္ပင္လယ္ထဲက ကြၽန္းစုေတြအနား ျဖတ္သန္းခုတ္ေမာင္းခဲ့တယ္လို႔ အေမရိကန္ စစ္တပ္က ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံက အဲဒီကြၽန္းစုကို သူပိုင္တယ္လို႔ အခိုင္အမာေျပာထားတာေၾကာင့္ အေမရိကန္ရဲ႕လုပ္ရပ္က တ႐ုတ္အစိုးရကို ေဒါသထြက္ေစႏိုင္တယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ ကမာၻ႔စီးပြားေရး အင္အားအႀကီးဆုံးႏိုင္ငံေတြ ျဖစ္ၾကတဲ့ တ႐ုတ္နဲ႔ အေမရိကန္အၾကားမွာ ကုန္သြယ္ေရးစစ္ပြဲျပႆနာ၊ တ႐ုတ္စစ္တပ္ကို အေမရိကန္က အေရးယူပိတ္ဆို႔တဲ့ ျပႆနာနဲ႔ အေမရိကန္-ထိုင္ဝမ္ ဆက္ဆံေရးျပႆနာအျပင္ ေတာင္-တ႐ုတ္ ပင္လယ္ျပင္အေရးဟာ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရးတင္းမာေနတဲ့ အဓိက ျဖစ္ရပ္ေတြပါ။ အေမရိကန္ေရတပ္စစ္သေဘၤာတစီးက တ႐ုတ္ဆိပ္ကမ္းၿမိဳ႕ ခ်င္းေဒါင္ကို ဆိုက္ကပ္ခြင့္ေပးဖို႔ ၾသဂုတ္ ၂၇ ရက္ေန႔မွာ ေတာင္းဆိုခဲ့ေပမယ့္ တ႐ုတ္အစိုးရက ျငင္းပယ္ခဲ့တယ္လို႔ ႐ိုက္တာသတင္း ဌာနက ေဖာ္ျပပါတယ္။ အေမရိကန္ေရတပ္ရဲ႕ ပဲ့ထိန္းဒုံးက်ည္ တပ္ဆင္ထားတဲ့ Wayne E. Meyer ဖ်က္သေဘၤာဟာ ေတာင္တ႐ုတ္ ပင္လယ္ျပင္ထဲက ဖိုင္ယီခေရာ့စ္နဲ႔ မစ္စ္ရွစ္ သႏၲာေက်ာက္တန္းရဲ႕ ေရမိုင္ ၁၂ မိုင္အတြင္း ျဖတ္သန္းခဲ့တယ္လို႔ ဂ်ပန္ႏိုင္ငံ အေျခစိုက္ အေမရိကန္ေရတပ္ရဲ႕ ေျပာခြင့္ရ အမ်ိဳးသမီး ဒုဗိုလ္မႉးႀကီး ရီယန္ မားဆန္က ေျပာပါတယ္။ ဒီလုပ္ရပ္ဟာ ေရပိုင္အနက္ အျငင္းပြားမႈကို စိန္ေခၚဖို႔နဲ႔ ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ ႏိုင္ငံတကာ ဥပ‌ေဒသက္ေရာက္ေရး ထိန္းသိမ္းဖို႔ ျဖစ္တယ္လို႔ သူက ဆက္ေျပာပါတယ္။ တ႐ုတ္အစိုးရက ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ ကြၽန္းအတုေတြေဆာက္ၿပီး အဲဒီကြၽန္းေတြေပၚမွာ စစ္ဘက္အေဆာက္အအုံေတြ ေဆာက္လုပ္တာနဲ႔ပတ္သက္လို႔ အေမရိကန္အစိုးရက အရင္ကလည္း ျပစ္တင္ေဝဖန္ခဲ့ပါတယ္။ တႏွစ္ကို ေရေၾကာင္း ကုန္သြယ္ေရးစီးဆင္းမႈ အေမရိကန္ေဒၚလာ ၅ ထရီလီယံ တန္ဖိုးရွိတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ရဲ႕ ဧရိယာ ေတာ္ေတာ္မ်ားမ်ားကို တ႐ုတ္က သူပိုင္တယ္လို႔ အခိုင္အမာေျပာထားပါတယ္။ နယ္နိမိတ္ထိစပ္ေနတဲ့ ဘ႐ူႏိုင္း၊ မေလးရွား၊ ဖိလစ္ပိုင္၊ ထိုင္ဝမ္နဲ႔ ဗီယက္နမ္တို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္ တစိတ္တပိုင္းကို သူတို႔ပိုင္တယ္လို႔ အျငင္းပြားေနၾကပါတယ္။

A d v e r t i s e m e n t With Us

More News
Up