A d v e r t i s e m e n t With Us

ဘန်လေ တိုက်စစ်မှူးကို အင်္ဂလန်အသင်းအတွက် စောင့်ကြည့်နေ

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ဘန်လေ တိုက်စစ်မှူးကို လက်ရွေးစင်အသင်းမှာ ရွေးချယ်ဖို့ စောင့်ကြည့်နေပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် စက်တင်ဘာ ၇ ရက်နဲ့ ၁၀ ရက်တွေမှာ ဘူဂေးလ်ရီးယား၊ ကိုဆိုဗိုအသင်းတွေနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေ ကစားရဖို့ရှိနေတာပါ။ နည်းပြဆောက်ဂိတ်ဟာ ဘန်လေအသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အက်ရှ်လေဘန်းစ် ကို လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ဖို့ စောင့်ကြည့်နေတာပါ။ အသက် ၂၉ နှစ်ရှိ တိုက်စစ်မှူး ဘန်းစ်ဟာ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၄ ဂိုးသွင်းယူထားပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။ ဘန်းစ်ဟာ လူငယ်ကစားသမားဘဝက သြစတြီးယား ယူ ၂၀ အသင်းမှာ ကစားခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ သြစတြီးယားလက်ရွေးစင်မှာ ကစားခွင့်မရခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းအတွက် တကြမ်တခါမှ မကစားဖူးသေးတဲ့ တိုက်စစ်မှူးဘန်းစ်ဟာ လက်ရှိအချိန်မှာတော့ သူ့ရဲ့ သွင်းဂိုးစွမ်းရည်တွေကြောင့် ပါဝင် လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဘန်းစ်ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ ပရီးမီးယားလိဂ် ၁၃ ဂိုးသွင်းယူထားပြီး လီဗာပူးက မာနေးတဦးကပဲ ၁၄ ဂိုးသွင်းပြီး သူ့ထက် ပိုမိုအသာရထားတာဖြစ်ပါတယ်။
ဘန္ေလ တိုက္စစ္မႉးကို အဂၤလန္အသင္းအတြက္ ေစာင့္ၾကည့္ေန အဂၤလန္နည္းျပေဆာက္ဂိတ္ဟာ ဘန္ေလ တိုက္စစ္မႉးကို လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ဖို႔ ေစာင့္ၾကည့္ေနပါတယ္။ အဂၤလန္အသင္းဟာ လာမယ့္ စက္တင္ဘာ ၇ ရက္နဲ႔ ၁၀ ရက္ေတြမွာ ဘူေဂးလ္ရီးယား၊ ကိုဆိုဗိုအသင္းေတြနဲ႔ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲစဥ္ေတြ ကစားရဖို႔ရွိေနတာပါ။ နည္းျပေဆာက္ဂိတ္ဟာ ဘန္ေလအသင္းမွာ ေျခစြမ္းျပေနတဲ့ တိုက္စစ္မႉး အက္ရွ္ေလဘန္းစ္ ကို လက္ေ႐ြးစင္အသင္းမွာ ပထမဆုံးအႀကိမ္ေ႐ြးခ်ယ္ဖို႔ ေစာင့္ၾကည့္ေနတာပါ။ အသက္ ၂၉ ႏွစ္ရွိ တိုက္စစ္မႉး ဘန္းစ္ဟာ ပရီးမီးယားလိဂ္ ၃ ပြဲမွာ ၄ ဂိုးသြင္းယူထားၿပီး ေျခစြမ္းျပေနတာျဖစ္ပါတယ္။ ဘန္းစ္ဟာ လူငယ္ကစားသမားဘဝက ၾသစႀတီးယား ယူ ၂၀ အသင္းမွာ ကစားခဲ့ဖူးေပမယ့္ ေနာက္ပိုင္းမွာေတာ့ ၾသစႀတီးယားလက္ေ႐ြးစင္မွာ ကစားခြင့္မရခဲ့တာျဖစ္ပါတယ္။ အဂၤလန္အသင္းအတြက္ တၾကမ္တခါမွ မကစားဖူးေသးတဲ့ တိုက္စစ္မႉးဘန္းစ္ဟာ လက္ရွိအခ်ိန္မွာေတာ့ သူ႔ရဲ႕ သြင္းဂိုးစြမ္းရည္ေတြေၾကာင့္ ပါဝင္ လာႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။ ဘန္းစ္ဟာ ၂၀၁၉ ခုႏွစ္အတြင္းမွာ ပရီးမီးယားလိဂ္ ၁၃ ဂိုးသြင္းယူထားၿပီး လီဗာပူးက မာေနးတဦးကပဲ ၁၄ ဂိုးသြင္းၿပီး သူ႔ထက္ ပိုမိုအသာရထားတာျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up