မက္ကဆီကို ဆန္ဒပြ ရွှေပြောင်းနေထိုင်သူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းနယ်စပ်မှာ ဆန္ဒပြ ဟေတီ၊ အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
မက္ကဆီကို ဂွါတီမာလာ နယ်စပ်နားက တာပါချူလာ နယ်စပ်မြို့အတွင်း ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရေးဌာန အပြင်ဘက်မှာ ပဋိပက္ခ ဖြစ်ခဲ့တာပါ။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်နိုင်ငံကို သွားဖို့ လမ်းကြောင်းအတိုင်း မက္ကဆီကိုနိုင်ငံကို ဖြတ်ကျော်ခရီးသွားနေတာပါ။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ မက္ကဆီကို လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေ ဆောင်ရွက်နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ ပြည်ဝင်ခွင့် ထုတ်ပေးတဲ့ ကြာချိန်ကို ဆန့်ကျင် ဆန္ဒပြနေကြတာပါ။
DVB