မက္ကဆီကိုတွင် မီးရှို့တိုက်ခိုက်မှုကြောင့် ၂၅ ဦး သေဆုံး

1K
မက္ကဆီကိုနိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့ ကွာဇာကွာကို့စ်က အရက်ဆိုင်တဆိုင်မှာ မီးရှို့တိုက်ခိုက်ခံရလို့ လူ ၂၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ အရာရှိတွေက သြဂုတ် ၂၈ ရက်မှာ ပြောပါတယ်။
တိုက်ခိုက်သူတွေက အရက်ဆိုင်တလွှား မီးတင်ရှို့ခဲ့လို့ အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၁၅ ယောက် သေဆုံး၊ ၁၃ ယောက် ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံတင် ကုသပေး ထားရတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။
ရဲတွေက တိုက်ခိုက်သူတွေကို ရှာနေတယ်လို့ ဗေရာခရုဇ် ပြည်နယ်အစိုးရ ရှေ့နေရုံးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ ဂိုဏ်းတွေကြား အငြင်းပွားမှု ပါဝင်ပတ်သက်နေနိုင်တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒီလထဲမှာ မက္ကဆီကိုအနောက်ပိုင်းက အူရွာပန် မြို့မှာလည်း တိုက်ခိုက်မှုတခုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့လို့ ၂၀၀၆ - ၂၀၁၂ မူးယစ်စစ်ပွဲ တကျော့ပြန် ပေါ်လာသလား ဆိုပြီး လူထုကြားမှာ ချောက်ချားခဲ့ကြပါတယ်။
မကၠဆီကိုတြင္ မီးရႈိ႕တိုက္ခိုက္မႈေၾကာင့္ ၂၅ ဦး ေသဆုံး DVB မကၠဆီကိုႏိုင္ငံ ေတာင္ပိုင္းဆိပ္ကမ္းၿမိဳ႕ ကြာဇာကြာကို႔စ္က အရက္ဆိုင္တဆိုင္မွာ မီးရႈိ႕တိုက္ခိုက္ခံရလို႔ လူ ၂၅ ေယာက္ထက္မနည္း ေသဆုံးတယ္လို႔ အရာရွိေတြက ၾသဂုတ္ ၂၈ ရက္မွာ ေျပာပါတယ္။ တိုက္ခိုက္သူေတြက အရက္ဆိုင္တလႊား မီးတင္ရႈိ႕ခဲ့လို႔ အမ်ိဳးသမီး ၈ ေယာက္နဲ႔ အမ်ိဳးသား ၁၅ ေယာက္ ေသဆုံး၊ ၁၃ ေယာက္ ဒဏ္ရာျပင္းထန္တာေၾကာင့္ ေဆး႐ုံတင္ ကုသေပး ထားရတယ္လို႔ မီဒီယာေတြက အစီရင္ခံပါတယ္။ ရဲေတြက တိုက္ခိုက္သူေတြကို ရွာေနတယ္လို႔ ေဗရာခ႐ုဇ္ ျပည္နယ္အစိုးရ ေရွ႕ေန႐ုံးက ေျပာပါတယ္။ ဒီတိုက္ခိုက္မႈေနာက္ကြယ္မွာ ဂိုဏ္းေတြၾကား အျငင္းပြားမႈ ပါဝင္ပတ္သက္ေနႏိုင္တယ္လို႔ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ဒီလထဲမွာ မကၠဆီကိုအေနာက္ပိုင္းက အူ႐ြာပန္ ၿမိဳ႕မွာလည္း တိုက္ခိုက္မႈတခုေၾကာင့္ လူ ၁၉ ဦး ေသဆုံးခဲ့လို႔ ၂၀၀၆ - ၂၀၁၂ မူးယစ္စစ္ပြဲ တေက်ာ့ျပန္ ေပၚလာသလား ဆိုၿပီး လူထုၾကားမွာ ေခ်ာက္ခ်ားခဲ့ၾကပါတယ္။