Home
မြန်မာသတင်း
လိပ်ကျွန်းအမှု ထိုင်းတရားရုံးချုပ်က မူလစီရင်ချက်အတိုင်း သေဒဏ်ကို ပြန်အတည်ပြု
နန်းမြနဒီ
·
August 29, 2019
ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်း (ခိုတောင်ကျွန်း)မှာ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုနဲ့ သေဒဏ်ကျခံနေရတဲ့ မြန်မာလူငယ် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ရဲ့ နောက်ဆုံးအယူခံကို ထိုင်းတရားရုံးချုပ်က အမိန့်ချရာမှာ မူလစီရင်ချက်အတိုင်း သေဒဏ်ကို ပြန်အတည်ပြုလိုက်ပါတယ်။ မြန်မာလူငယ် ၂ ဦးဟာ လူသတ်မှု အမှန်တကယ်ကျူးလွန်သူမဟုတ်ကြောင်း ယုံကြည်တဲ့ အတွက် သူတို့ ၂ ဦး လွတ်မြောက်ရေးအတွက် မြန်မာအစိုးရကိုယ်စားလှယ်နဲ့ ထိုင်း လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေ တစိုက်မတ်မတ်ကြိုးပမ်းနေရာမှာ အမြင့်ဆုံးဋီကာ တရားရုံးချုပ်အထိ  အယူခံတင်ထားပြီး ဒီကနေ့ဩဂုတ် ၂၉ရက်မှာတော့ တရားရုံးချုပ်ကနေ အယူခံကို အမိန့်ချ မှတ်ခဲ့ပါတယ်။ ဒီကနေ့ မနက် ၁၀ နာရီမှ ၁၂ နာရီခွဲထိ အချိန် ၂ နာရီခွဲကြာမြင့်တဲ့ တရားခွင်မှာ ယခင်က အမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေ ပြန်လည်ဖတ်ကြားပြီး ကော်စမွီတရားရုံးက ချမှတ်ခဲ့ တဲ့ သေဒဏ်ကိုဘဲ ပြန်အတည်ပြုခဲ့တယ်လို့  တရားခွင်မှာ သွားရောက်ကြားနာခဲ့သူ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။ “တရားရုံးကတော့ မူလရုံးရဲ့ စီရင်ချက်ကိုပဲ ပြန်ပြီးအတည်ပြုတယ်လို့ ကျနော်တို့ နားထောင်ခဲ့ရပါတယ်။ မူလရုံးရဲ့ သုံးသပ်ချက်အပိုင်းတွေပဲ ပြန်ဖတ်ပြီးတော့ မူလရုံး ဆုံးဖြတ်ချက် အတိုင်းပဲ အတည်ပြုပြီး ထပ်ဆင့်ဆုံးဖြတ်ချက်ချတဲ့ သဘောပါဘဲ။ အယူခံတင်တာ ဘာမှမထူးဘူး လို့ပဲဆိုရမယ်။ ကျနော်တို့မှာ နောက်ဆုံးအဆင့်အနေနဲ့တော့ ထိုင်းဘုရင်မင်းမြတ်ထံကိုပဲ အသနားခံဖို့ အခွင့်အရေးတခု ကျန်ပါသေးတယ်၊ အဲဒါဆက်လက်ဆောင်ရွက်ဖို့ပဲ ကျနော်တို့ ထိုင်းရှေ့နေများကောင်စီနဲ့ တိုင်ပင်ထားပါတယ်ခင်ဗျ။” ဒီကနေ့ တရားရုံးကို အတူလိုက်ပါသွားခဲ့တဲ့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း FED အမှုဆောင်ဒါရိုက်တာ ကိုထူးချစ်ကလည်း အယူခံရှုံးတဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ ဒါပေမယ့် သေဒဏ်ကျလူငယ် ၂ ဦး စိတ်ဓာတ်မကျဖို့ အတတ်နိုင်ဆုံး နှစ်သိမ့်အားပေးခဲ့ပြီး မြန်မာအစိုးရအနေနဲ့ လူငယ် ၂ ဦးအတွက် ထိုင်း ဘုရင်မင်းမြတ်ထံ အသနားခံစာပို့ပေးဖို့ မေတ္တာရပ်ခံသွားမယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ အမှုစဖြစ်ကတည်းက တစိုက်မတ်မတ်လုပ်လာပြီး ကလေးတွေ မလွတ်မှန်း သိတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ ဇော်လင်းကိုယ်တိုင်ကတောင် တရားသူကြီးကို ကျနော်တို့ကို တခါတည်း ဆေးထိုးသတ်လိုက်ပါတော့လို့ လှမ်းပြောတာ ကြားလိုက်တယ်ခင်ဗျ။ တရားခွင် ပြီးတော့ ကျနော်တို့လည်း သူတို့ကို သွားပြီးနှစ်သိမ့်ပါတယ်။  ဖက်လှဲတကင်းနဲ့ ခေါင်းတွေပုတ် ပခုံးတွေပုတ်ပြီး တခြားနည်းနဲ့ ဝိုင်းပြီးထပ်ကြိုးစားသွားမယ်လို့ ပြောခဲ့တယ်။ ထိုင်းဘုရင်မင်းမြတ် ဆီမှာ ကျနော်တို့ အသနားခံ စာတင်မယ်။ အဲဒီအသနားခံစာကလည်း ကလေး နှစ်ယောက် ဒါမှမဟုတ် သူတို့ မိသားစုက တင်တာထက်စာရင် မြန်မာအစိုးရအနေနဲ့ တင်ပေးတာက ပိုထိရောက်မယ်လို့ ထိုင်းရှေ့နေများကောင်စီက ပြောပါတယ်။ ဒါကြောင့်မို့ မြန်မာအစိုးရအနေနဲ့ ရက် ၆၀ အတွင်း ကလေးတွေကို တစုံတရာလွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ထိုင်းဘုရင်မင်းမြတ်ဆီမှာ အသနားခံစာတင်ပေးဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါမယ်။” ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး   မြန်မာလူငယ် ၂ ဦးဟာ အဲဒီနှစ် အောက်တိုဘာလကတည်းက စတင်အဖမ်းခံခဲ့ရပါတယ်။ သူတို့ ၂ ဦးဟာ လူသတ်မှုကျူးလွန်တဲ့အကြောင်း ထိုင်းရဲဘက်ကတင်ပြတဲ့ သက်သေ အထောက်အထားတွေ ခိုင်လုံမှုမရှိတာကြောင့် ဝေဖန်မှုတွေခံနေရသလို မြန်မာအလုပ်သမား အဖွဲ့အစည်းနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်ကလည်း ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရှေ့နေတွေနဲ့ ပူးပေါင်းပြီး ချေပချက်တွေ ပြန်လည်တင်ပြခဲ့ပေမယ့်  ကော့စမွီခရိုင် တရားရုံးကတော့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ သူတို့ ၂ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ မြန်မာအလုပ်သမားလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်း တို့ ၂ ဦးဟာ လက်ရှိ နွန်ထပူရီ ခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရ ပါတယ်။
လိပ္ကြၽန္းအမႈ ထိုင္းတရား႐ုံးခ်ဳပ္က မူလစီရင္ခ်က္အတိုင္း ေသဒဏ္ကို ျပန္အတည္ျပဳ နန္းျမနဒီ ထိုင္းႏိုင္ငံေတာင္ပိုင္း၊ လိပ္ကြၽန္း (ခိုေတာင္ကြၽန္း)မွာ ၿဗိတိန္ႏိုင္ငံသား ႏွစ္ဦး အသတ္ခံရမႈနဲ႔ ေသဒဏ္က်ခံေနရတဲ့ ျမန္မာလူငယ္ ေဇာ္လင္းနဲ႔ ဝင္းေဇာ္ထြန္းတို႔ရဲ႕ ေနာက္ဆုံးအယူခံကို ထိုင္းတရား႐ုံးခ်ဳပ္က အမိန႔္ခ်ရာမွာ မူလစီရင္ခ်က္အတိုင္း ေသဒဏ္ကို ျပန္အတည္ျပဳလိုက္ပါတယ္။ ျမန္မာလူငယ္ ၂ ဦးဟာ လူသတ္မႈ အမွန္တကယ္က်ဴးလြန္သူမဟုတ္ေၾကာင္း ယုံၾကည္တဲ့ အတြက္ သူတို႔ ၂ ဦး လြတ္ေျမာက္ေရးအတြက္ ျမန္မာအစိုးရကိုယ္စားလွယ္နဲ႔ ထိုင္း လူ႔အခြင့္အေရးဆိုင္ရာ ေရွ႕ေနေတြ တစိုက္မတ္မတ္ႀကိဳးပမ္းေနရာမွာ အျမင့္ဆုံးဋီကာ တရား႐ုံးခ်ဳပ္အထိ အယူခံတင္ထားၿပီး ဒီကေန႔ဩဂုတ္ ၂၉ရက္မွာေတာ့ တရား႐ုံးခ်ဳပ္ကေန အယူခံကို အမိန႔္ခ် မွတ္ခဲ့ပါတယ္။ ဒီကေန႔ မနက္ ၁၀ နာရီမွ ၁၂ နာရီခြဲထိ အခ်ိန္ ၂ နာရီခြဲၾကာျမင့္တဲ့ တရားခြင္မွာ ယခင္က အမႈျဖစ္စဥ္နဲ႔ ပတ္သက္တဲ့ သုံးသပ္ခ်က္ေတြ ျပန္လည္ဖတ္ၾကားၿပီး ေကာ္စမြီတရား႐ုံးက ခ်မွတ္ခဲ့ တဲ့ ေသဒဏ္ကိုဘဲ ျပန္အတည္ျပဳခဲ့တယ္လို႔ တရားခြင္မွာ သြားေရာက္ၾကားနာခဲ့သူ ေရွ႕ေန ဦးေအာင္မ်ိဳးသန႔္က ဒီဗြီဘီကို ေျပာပါတယ္။ “တရား႐ုံးကေတာ့ မူလ႐ုံးရဲ႕ စီရင္ခ်က္ကိုပဲ ျပန္ၿပီးအတည္ျပဳတယ္လို႔ က်ေနာ္တို႔ နားေထာင္ခဲ့ရပါတယ္။ မူလ႐ုံးရဲ႕ သုံးသပ္ခ်က္အပိုင္းေတြပဲ ျပန္ဖတ္ၿပီးေတာ့ မူလ႐ုံး ဆုံးျဖတ္ခ်က္ အတိုင္းပဲ အတည္ျပဳၿပီး ထပ္ဆင့္ဆုံးျဖတ္ခ်က္ခ်တဲ့ သေဘာပါဘဲ။ အယူခံတင္တာ ဘာမွမထူးဘူး လို႔ပဲဆိုရမယ္။ က်ေနာ္တို႔မွာ ေနာက္ဆုံးအဆင့္အေနနဲ႔ေတာ့ ထိုင္းဘုရင္မင္းျမတ္ထံကိုပဲ အသနားခံဖို႔ အခြင့္အေရးတခု က်န္ပါေသးတယ္၊ အဲဒါဆက္လက္ေဆာင္႐ြက္ဖို႔ပဲ က်ေနာ္တို႔ ထိုင္းေရွ႕ေနမ်ားေကာင္စီနဲ႔ တိုင္ပင္ထားပါတယ္ခင္ဗ်။” ဒီကေန႔ တရား႐ုံးကို အတူလိုက္ပါသြားခဲ့တဲ့ ထိုင္းေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႕ၿဖိဳး တိုးတက္ေရး ေဖာင္ေဒးရွင္း FED အမႈေဆာင္ဒါ႐ိုက္တာ ကိုထူးခ်စ္ကလည္း အယူခံရႈံးတဲ့အတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ရေၾကာင္း၊ ဒါေပမယ့္ ေသဒဏ္က်လူငယ္ ၂ ဦး စိတ္ဓာတ္မက်ဖို႔ အတတ္ႏိုင္ဆုံး ႏွစ္သိမ့္အားေပးခဲ့ၿပီး ျမန္မာအစိုးရအေနနဲ႔ လူငယ္ ၂ ဦးအတြက္ ထိုင္း ဘုရင္မင္းျမတ္ထံ အသနားခံစာပို႔ေပးဖို႔ ေမတၱာရပ္ခံသြားမယ္လို႔ ဒီဗြီဘီကို ေျပာပါတယ္။ “က်ေနာ္တို႔ အမႈစျဖစ္ကတည္းက တစိုက္မတ္မတ္လုပ္လာၿပီး ကေလးေတြ မလြတ္မွန္း သိေတာ့ စိတ္မေကာင္းဘူးေပါ့ဗ်ာ။ ေဇာ္လင္းကိုယ္တိုင္ကေတာင္ တရားသူႀကီးကို က်ေနာ္တို႔ကို တခါတည္း ေဆးထိုးသတ္လိုက္ပါေတာ့လို႔ လွမ္းေျပာတာ ၾကားလိုက္တယ္ခင္ဗ်။ တရားခြင္ ၿပီးေတာ့ က်ေနာ္တို႔လည္း သူတို႔ကို သြားၿပီးႏွစ္သိမ့္ပါတယ္။ ဖက္လွဲတကင္းနဲ႔ ေခါင္းေတြပုတ္ ပခုံးေတြပုတ္ၿပီး တျခားနည္းနဲ႔ ဝိုင္းၿပီးထပ္ႀကိဳးစားသြားမယ္လို႔ ေျပာခဲ့တယ္။ ထိုင္းဘုရင္မင္းျမတ္ ဆီမွာ က်ေနာ္တို႔ အသနားခံ စာတင္မယ္။ အဲဒီအသနားခံစာကလည္း ကေလး ႏွစ္ေယာက္ ဒါမွမဟုတ္ သူတို႔ မိသားစုက တင္တာထက္စာရင္ ျမန္မာအစိုးရအေနနဲ႔ တင္ေပးတာက ပိုထိေရာက္မယ္လို႔ ထိုင္းေရွ႕ေနမ်ားေကာင္စီက ေျပာပါတယ္။ ဒါေၾကာင့္မို႔ ျမန္မာအစိုးရအေနနဲ႔ ရက္ ၆၀ အတြင္း ကေလးေတြကို တစုံတရာလြတ္ၿငိမ္းခ်မ္းသာခြင့္ရဖို႔ ထိုင္းဘုရင္မင္းျမတ္ဆီမွာ အသနားခံစာတင္ေပးဖို႔ က်ေနာ့္အေနနဲ႔ ေမတၱာရပ္ခံပါမယ္။” ထိုင္းေတာင္ပိုင္း စူရတ္ဌာနီခ႐ိုင္ ခိုေတာင္ကြၽန္း (ေခၚ) လိပ္ကြၽန္းမွာ လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလက ၿဗိတိန္ ႏိုင္ငံသား ၂ ဦး အသတ္ခံရတာနဲ႔ ပတ္သက္ၿပီး ျမန္မာလူငယ္ ၂ ဦးဟာ အဲဒီႏွစ္ ေအာက္တိုဘာလကတည္းက စတင္အဖမ္းခံခဲ့ရပါတယ္။ သူတို႔ ၂ ဦးဟာ လူသတ္မႈက်ဴးလြန္တဲ့အေၾကာင္း ထိုင္းရဲဘက္ကတင္ျပတဲ့ သက္ေသ အေထာက္အထားေတြ ခိုင္လုံမႈမရွိတာေၾကာင့္ ေဝဖန္မႈေတြခံေနရသလို ျမန္မာအလုပ္သမား အဖြဲ႕အစည္းနဲ႔ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးဘက္ကလည္း ထိုင္းအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ ေရွ႕ေနေတြနဲ႔ ပူးေပါင္းၿပီး ေခ်ပခ်က္ေတြ ျပန္လည္တင္ျပခဲ့ေပမယ့္ ေကာ့စမြီခ႐ိုင္ တရား႐ုံးကေတာ့ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလမွာ သူတို႔ ၂ ဦးကို ေသဒဏ္ခ်မွတ္ခဲ့ပါတယ္။ ျမန္မာအလုပ္သမားလူငယ္ ၂ ဦးျဖစ္တဲ့ ေဇာ္လင္းနဲ႔ ဝင္းေဇာ္ထြန္း တို႔ ၂ ဦးဟာ လက္ရွိ ႏြန္ထပူရီ ခ႐ိုင္ ဘန္ခြမ္အက်ဥ္းေထာင္မွာ အက်ဥ္းက်ခံေနရ ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024