A d v e r t i s e m e n t With Us

ချောက်မြို့က ကျောင်းသား/သူများအတွက် စက်ဘီး ၁၆၀ ကျော် ပေးအပ်လှူဒါန်း

မ​ကွေးတိုင်း​၊​ ချောက်​မြို့မှာ ​ကျောင်းအသွားအပြန် အခက်အခဲရှိနေတဲ့ အမှတ် ၁၄ ရပ်ကွက်အတွင်းရှိကျောင်းသား၊ ကျောင်းသူ ၁၆၁ ဦးကို  အလှူရှင် ကိုမိုက်သန်းထွန်းဝင်းက စက်ဘီး ၁၆၁ စီး လှူဒါန်းခဲ့ပါတယ်။  သုဓမ္မဝတီဘုန်းကြီးကျောင်းမှာ​ သြဂုတ်လ ၂၈ ရက်နေ့ ညနေက အခမ်းအနားကျင်းပပြီး လှူဒါန်းခဲ့တာဖြစ်တယ်လို့ အမှတ် ၁၄ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး ဦးငြိမ်းစိုးက ပြောပါတယ်​။ “ချောက်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းနဲ့ အလယ်တန်းကျောင်းတွေကို သွားရောက်စာသင်ကြားရာမှာ အမှန်တကယ် အခက်အခဲရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို ရာအိမ်မှူးတွေနဲ့ စိစစ်ရွေးချယ် စာရင်းကောက်ယူပြီး ကျောင်းသား ကျောင်းသူတွေအတွက် အကူအညီတောင်းခံခဲ့တာကြောင့် စက်ဘီးလှူဒါန်းတာတွေ ပြုလုပ်နေတဲ့ အလှူရှင် ကိုမိုက်သန်းထွန်းဝင်း Lesswalk မိသားစုမှ လှူဒါန်းလို့ ၎င်းတို့မိသားစုကိုယ်စား စက်ဘီးပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပပြီး လွှဲပြောင်းပေးအပ်တာဖြစ်တယ်”​ ပျဉ်းမကုန်းရပ်ကွက်နေ ဦးထွန်းနိုင်ဦး၊ ဒေါ်စုစုလတ်တို့က အလှူရှင် ကိုမိုက်သန်းထွန်းဝင်း ကိုယ်စား ကျောင်းသားကျောင်းသူတွေထံ စက်ဘီးတွေလွှဲပြောင်းပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့မ ရဲစခန်းမှူးနဲ့ မြို့နယ်ပညာရေးမှူး၊ မြို့နယ်​စည်​ပင်​သာယာ ​ကော်​မတီတို့က တက်​​ရောက်​​ ပေးအပ်​ခဲ့ပါတယ်​။ သတင်း- ကိုလင်း (​ချောက်​)
ေခ်ာက္ၿမိဳ႕က ေက်ာင္းသား/သူမ်ားအတြက္ စက္ဘီး ၁၆၀ ေက်ာ္ ေပးအပ္လႉဒါန္း DVB မ​ေကြးတိုင္း​၊​ ေခ်ာက္​ၿမိဳ႕မွာ ​ေက်ာင္းအသြားအျပန္ အခက္အခဲရွိေနတဲ့ အမွတ္ ၁၄ ရပ္ကြက္အတြင္းရွိေက်ာင္းသား၊ ေက်ာင္းသူ ၁၆၁ ဦးကို အလႉရွင္ ကိုမိုက္သန္းထြန္းဝင္းက စက္ဘီး ၁၆၁ စီး လႉဒါန္းခဲ့ပါတယ္။ သုဓမၼဝတီဘုန္းႀကီးေက်ာင္းမွာ​ ၾသဂုတ္လ ၂၈ ရက္ေန႔ ညေနက အခမ္းအနားက်င္းပၿပီး လႉဒါန္းခဲ့တာျဖစ္တယ္လို႔ အမွတ္ ၁၄ ရပ္​ကြက္​အုပ္​ခ်ဳပ္​​ေရးမႉး ဦးၿငိမ္းစိုးက ေျပာပါတယ္​။ “ေခ်ာက္ၿမိဳ႕ေပၚရွိ အေျခခံပညာ အထက္တန္းနဲ႔ အလယ္တန္းေက်ာင္းေတြကို သြားေရာက္စာသင္ၾကားရာမွာ အမွန္တကယ္ အခက္အခဲရွိတဲ့ ေက်ာင္းသား ေက်ာင္းသူေတြကို ရာအိမ္မႉးေတြနဲ႔ စိစစ္ေ႐ြးခ်ယ္ စာရင္းေကာက္ယူၿပီး ေက်ာင္းသား ေက်ာင္းသူေတြအတြက္ အကူအညီေတာင္းခံခဲ့တာေၾကာင့္ စက္ဘီးလႉဒါန္းတာေတြ ျပဳလုပ္ေနတဲ့ အလႉရွင္ ကိုမိုက္သန္းထြန္းဝင္း Lesswalk မိသားစုမွ လႉဒါန္းလို႔ ၎တို႔မိသားစုကိုယ္စား စက္ဘီးေပးအပ္လႉဒါန္းပြဲ အခမ္းအနားက်င္းပၿပီး လႊဲေျပာင္းေပးအပ္တာျဖစ္တယ္”​ ပ်ဥ္းမကုန္းရပ္ကြက္ေန ဦးထြန္းႏိုင္ဦး၊ ေဒၚစုစုလတ္တို႔က အလႉရွင္ ကိုမိုက္သန္းထြန္းဝင္း ကိုယ္စား ေက်ာင္းသားေက်ာင္းသူေတြထံ စက္ဘီးေတြလႊဲေျပာင္းေပးအပ္ခဲ့ၿပီး တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးဝင္း၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕မ ရဲစခန္းမႉးနဲ႔ ၿမိဳ႕နယ္ပညာေရးမႉး၊ ၿမိဳ႕နယ္​စည္​ပင္​သာယာ ​ေကာ္​မတီတို႔က တက္​​ေရာက္​​ ေပးအပ္​ခဲ့ပါတယ္​။ သတင္း- ကိုလင္း (​ေခ်ာက္​)

A d v e r t i s e m e n t With Us

More News
Up