Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
August 29, 2019
အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင် ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ် ရှင်ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ နိုင်ငံ ရေးနောက်ခံ ဖြစ်ရပ်မှန်ဒရာမာ အမျိုးအစား ဟောလိဝုဒ်ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ် သက်ကြမယ့် Official Secrets ! ဒီရုပ်ရှင်ကားကိုတော့ X-Men Origins: Wolverine ၊ Ender's Game စတဲ့ နာ မည်ကြီးရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် တောင်အာဖရိကရုပ်ရှင်ဒါရိုက်တာ Gavin Hood က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဗြိတိန်-အမေရိကန် နိုင်ငံရေးနောက်ခံ ရုပ်ရှင်ကားတကားအနေနဲ့ ပုံဖော်ဖန်တီး ထားတဲ့ ဒီကားကတော့ ဗြိတိန်အစိုးရထောက်လှမ်းရေးအမျိုးသမီး Katharine Gun အကြောင်းကို ရိုက်ကူးထားခဲ့တာပါ။  သူဟာ ဗြိတိန်အစိုးရ ဆက်သွယ်ရေးဆိုင်ရာ ရုံးချုပ် (GCH)ရဲ့ ဘာသာပြန်ဝန်ထမ်းဟောင်းတယောက်ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ အမေရိ ကန်အစိုးရရဲ့ အီရတ်အပေါ် ကျူးကျော်တိုက်ခိုက်ဖို့ တရားမဝင် လျှို့ဝှက်သတင်း အချက် အလက်တွေကို ဖော်ထုတ်ဖွင့်ချနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီအကြောင်းဟာ သတင်း စာမျက် နှာတွေပေါ်မှာ ဟိုးလေးတကြော်ဖြစ်ခဲ့တာမို့ ရုပ်ရှင်ကားထဲမှာ ဘယ်လိုပုံဖော်ဖန်တီးထား မလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ ဟောလိဝုဒ် သရုပ် ဆောင်မင်းသမီး Keira Knightley က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင် တွေဖြစ်ကြတဲ့ Matt Smith ၊ Matthew Goode ၊ Rhys Ifans ၊ Adam Bakri နဲ့ Ralph Fiennes စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက နာမည်ကြီး ရုပ်ရှင် ပွဲတော်တခုဖြစ်တဲ့ Sundance Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြ ကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြု ချက် Guidelines နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၃၀ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နာမည်ကျော် ဗြိတိန်စာ ရေးဆရာမကြီး ဗာဂျီးနီးယားဝုလ်ဖ်ရဲ့ အချစ်ရေးအကြောင်း  ရိုက်ကူးထားတဲ့ ရုပ်ရှင် - Vita & Virginia ! Biographical Romance Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက် တွေ့ကြမယ့် ဒီရုပ်ရှင်ကားကိုတော့ Thunderbird Releasing ရုပ်ရှင်ကုမ္ပဏီက တင် ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Chanya Button က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ၁၉၂၀ ပြည့်နှစ် ကာလတွေဆီက လန်ဒန်မြို့ရဲ့ မြင်ကွင်းတွေ၊ လူနေမှုနဲ့ စရိုက်လက္ခဏာတွေကိုပါ ပရိသတ်တွေက ရှုစားကြရမှာဖြစ်ပြီး ၂၀ ရာစုရဲ့ အ လွှမ်းမိုးနိုင်ဆုံး စာရေးဆရာမအဖြစ် အသိအမှတ်ပြုကြရတဲ့ Virginia Woolf ရဲ့ ဘဝအ ကြောင်း တစိတ်တဒေသကို ဒီကားထဲမှာ ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ စာပေနယ်မှာ ထင်ရှားတဲ့ ဝတ္ထုတွေကို ချန်ထားရစ်ခဲ့နိုင်တဲ့ သူ့ရဲ့ နောက်ဆုံးအချိန်ကတော့ မလှပခဲ့ပါ ဘူး။ ဘာလို့လဲဆိုတော့ သူဟာ ကိုယ့်ကိုကိုယ် မြစ်ထဲဆင်းပြီး အဆုံးစီရင်သွားခဲ့လို့ပါပဲ။ ဒီမတိုင်ခင်မှာ သူ့ရဲ့ ဘဝဖြတ်သန်းမှုတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူဟာ စာရေးဆရာမ၊ ကဗျာဆရာမ၊ ဥယျာဉ်ဒီဇိုင်နာတယောက်ဖြစ်တဲ့ Vita Sackville- West နဲ့ တွဲခဲ့ပါသေးတယ်။ အဲဒီခေတ်ကာလက လိင်တူအမျိုးသမီးချင်း တွဲကြတဲ့ အနေ အထားဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပြဿနာတခုဖြစ်ခဲ့လေသလား။ နာမည်ကျော် ၂ ယောက်ရဲ့ အချစ်ရေးက လက်သင့်ခံနိုင်စရာ အခြေအနေတခုလား။ နောက်ပြီး ဒီအခြေ အနေ၊ အခင်းအကျင်းတွေနဲ့အတူ သူတို့ ၂ ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ် ပိုင်ခွင့်၊ အိမ်ထောင်ရေး၊ လူမှုရေးပြဿနာတွေကို ဘယ်လိုပုံဖော် ရိုက်ကူးထားမလဲ ဆို တာကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ဗြိတိန်သရုပ်ဆောင်မင်းသမီး Gemma Arterton နဲ့ သြစတေး လျသရုပ်ဆောင်မင်းသမီး Elizabeth Debicki တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တ ခြား ဟောလိဝုဒ် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Rupert Penry-Jones ၊ Peter Ferdinando ၊ Gethin Anthony စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြ တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ထပ်ပြီးတော့ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဟော လိဝုဒ် Supernatural Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Don’t Let Go ! ဒီကားကိုတော့ Blumhouse Productions နဲ့ Briarcliff Entertainment ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ ၂ ခု ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ဇာတ်ညွှန်း ရေးဆရာ၊ ဒါရိုက်တာ Jacob Aaron Estes က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ ထူးဆန်းတဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ အလှည့်အပြောင်းတွေကို ပုံစံတမျိုးနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ရဲစုံထောက်တယောက်ဖြစ်တဲ့ Jack Radcliff ဟာ သူ့ရဲ့ မိသားစု သတ်ဖြတ်ခံခဲ့ရပြီးနောက် ထူးဆန်းစွာပဲ သေဆုံးသူ တွေထဲက တယောက်ဖြစ်တဲ့ တူမဖြစ်သူဆီက ဖုန်းခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဒါဟာ တမလွန်က ဖုန်းခေါ်လိုက်တဲ့ သရဲတစ္ဆေလား၊ တကယ်ပဲ အ သက်ရှင်လျက်ရှိနေဆဲလား ဆိုတာကို မဝေခွဲနိုင်တော့ပါဘူး။ ဖုန်းလက်ခံရရှိအပြီး ၂ ပတ် လောက်အကြာမှာ အမှန်တကယ်ပဲ တူမဖြစ်သူက ထွက်ပေါ်လာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လိုအချိတ်အဆက်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကို တော့ ရုံတင်ပြသတဲ့အခါ ပရိသတ်တွေက ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ David Oyelowo ၊ Storm Reid ၊ Byron Mann နဲ့ Mykelti Williamson တို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance International Film Festival မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကနဦး ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်းမြင်ကွင်းတွေနဲ့ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့  ဒီကားကိုကြည့်မယ်ဆို ရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အ ဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၃၀ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ရုံမတင်ခင်ကတည်းက ပ ရိသတ်တွေကြား ရေပန်းစားနေတဲ့ မြန်မာရုပ်ရှင်-အချစ်ဆုံး Crush ! နယူးဖိုး၀ ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ စန္ဒာ ဝင်းထွန်းရဲ့ ဝတ္ထုကို နေနော်က ဇာတ်ညွှ်န်းခွဲထားပေးခဲ့တာဖြစ်ပြီး ဒါရိုက်တာ အောင် ဇော်လင်းက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့အတူ သရုပ်ဆောင် မင်းသမီး ၃ လက်ဖြစ်ကြတဲ့ သင်ဇာဝင့်ကျော်၊ အိချောပိုနဲ့ မေမြင့်မိုရ်တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ အချစ်ဒရာမာဇာတ်မြူးကားတကားအနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲ မှာတော့ အချစ်ဆုံး Crush ဆိုတဲ့အတိုင်း မြင့်မြတ်ကို မင်းသမီး ၃ ယောက်ကြားမှာ ဗျာ များရတဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ဘယ်သူက ဘယ်သူ့ရဲ့ အချစ်ဆုံး Crush ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ငယ်ကျွန်ရုပ်ရှင်ကားနဲ့ အကယ်ဒမီဆု ရရှိထားခဲ့တဲ့ မြင့်မြတ်ဟာ ဟာသဇာတ်ရုပ် တွေ၊ အက်ရှင်ကားတွေအပြင် ဒရာမာရုပ်ရှင်ကားတွေမှာပါ Character အစုံ ပိုင်နိုင်တဲ့ သူတယောက်ဖြစ်ပြီး သင်ဇာဝင့်ကျော်၊ အိချောပိုနဲ့ မေမြင့်မိုရ်တို့ကလည်း ပရိသတ်အား ပေးမှု ရရှိပြီးသား သရုပ်ဆောင်မင်းသမီးတွေ ဖြစ်တာမို့  ဒီကားထဲမှာရော ဘယ်လို ကွဲ ပြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ သရုပ်ဆောင်ထားကြမလဲဆိုတာကို ပရိသတ်တွေက စိတ် ဝင်စားနေကြတာပါ။ အချစ်ဆုံး Crush ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ရုံတင်တဲ့ ပထမသီတင်းပတ်မှာတင် Box Office မှာ ထိပ်တန်းက ဦးဆောင်ခဲ့တဲ့ ဟောလိဝုဒ် ဟာ သဇာတ်မြူး ရုပ်ရှင်-Good Boys ! ဒီကားကိုတော့ ယူကရိန်းဖွား ရုပ်ရှင်ဒါရိုက်တာ Gene Stupnitsky က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures က တင်ဆက်လိုက်တာပါ။ ဒီကားထဲမှာတော့ Max, Lucas နဲ့ Thor ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေး ၃ ယောက်ရဲ့ မတူညီတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ဟာသဇာတ်လမ်း ဇာတ်ကွက် တွေ နှောကာ ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး ကောင်မလေးတွေကို ဒရုန်းယာဉ်ပျံနဲ့ လိုက် ချောင်းကြတဲ့ ကမောက်ကမ ဟာသအလွဲအချော်တွေကိုပါ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ဟောလိဝုဒ် ဆယ်ကျော်သက် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Jacob Tremblay၊ Keith L. Williams နဲ့ Brady Noon တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြော စကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့် တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guidelines နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာ Rating 6.8 အထိ ရရှိထားခဲ့တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေ ရိကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ ကတည်းက ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကားဟာ လတ်တလော နာမည်ကြီး ရုံတင်ရုပ်ရှင် Angel Has Fallen ရဲ့နောက်မှာ စုစုပေါင်းဝင်ငွေအမေရိကန်ဒေါ်လာ ၄၉ သန်းရရှိထား တာတဲ့ ဇာတ်ကားကောင်းတကားဖြစ်တာမို့ ပရိသတ်တွေအတွက် ရွေးချယ်တင်ဆက် ပေးလိုက်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
႐ုပ္ရွင္ဝါသနာအိုးတို႔အတြက္ ဘယ္႐ုံမွာ ဘာကားေတြျပေနသလဲ(႐ုပ္သံ) DVB အပတ္စဥ္ပုံမွန္တင္ဆက္ေနက်ျဖစ္တဲ့ Movie Crazy အစီအစဥ္ကေန ျမန္မာႏိုင္ ငံနဲ႔ ႏိုင္ငံတကာမွာ ႐ုံတင္ျပသေတာ့မယ့္၊ ႐ုံတင္ျပသေနဆဲျဖစ္တဲ့ ေကာင္းႏိုးရာရာ ႐ုပ္ ရွင္ဇာတ္ကားေတြ အေၾကာင္းကို ေ႐ြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။ မူဗီခေရဇီေတြကို ပထမဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကားကေတာ့ ႏိုင္ငံ ေရးေနာက္ခံ ျဖစ္ရပ္မွန္ဒရာမာ အမ်ိဳးအစား ေဟာလိဝုဒ္႐ုပ္ရွင္ပရိသတ္ေတြ ႀကိဳက္ႏွစ္ သက္ၾကမယ့္ Official Secrets ! ဒီ႐ုပ္ရွင္ကားကိုေတာ့ X-Men Origins: Wolverine ၊ Ender's Game စတဲ့ နာ မည္ႀကီး႐ုပ္ရွင္ကားေတြရဲ႕ ဖန္တီးရွင္ ေတာင္အာဖရိက႐ုပ္ရွင္ဒါ႐ိုက္တာ Gavin Hood က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ၿဗိတိန္-အေမရိကန္ ႏိုင္ငံေရးေနာက္ခံ ႐ုပ္ရွင္ကားတကားအေနနဲ႔ ပုံေဖာ္ဖန္တီး ထားတဲ့ ဒီကားကေတာ့ ၿဗိတိန္အစိုးရေထာက္လွမ္းေရးအမ်ိဳးသမီး Katharine Gun အေၾကာင္းကို ႐ိုက္ကူးထားခဲ့တာပါ။ သူဟာ ၿဗိတိန္အစိုးရ ဆက္သြယ္ေရးဆိုင္ရာ ႐ုံးခ်ဳပ္ (GCH)ရဲ႕ ဘာသာျပန္ဝန္ထမ္းေဟာင္းတေယာက္ျဖစ္ၿပီး ၂၀၀၃ ခုႏွစ္မွာ အေမရိ ကန္အစိုးရရဲ႕ အီရတ္အေပၚ က်ဴးေက်ာ္တိုက္ခိုက္ဖို႔ တရားမဝင္ လွ်ိဳ႕ဝွက္သတင္း အခ်က္ အလက္ေတြကို ေဖာ္ထုတ္ဖြင့္ခ်ႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ဒီအေၾကာင္းဟာ သတင္း စာမ်က္ ႏွာေတြေပၚမွာ ဟိုးေလးတေၾကာ္ျဖစ္ခဲ့တာမို႔ ႐ုပ္ရွင္ကားထဲမွာ ဘယ္လိုပုံေဖာ္ဖန္တီးထား မလဲဆိုတာကိုေတာ့ မၾကာခင္မွာ ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ျမန္မာပရိသတ္ေတြ ရင္းႏွီးၿပီးသားျဖစ္တဲ့ ေဟာလိဝုဒ္ သ႐ုပ္ ေဆာင္မင္းသမီး Keira Knightley က ေခါင္းေဆာင္ပါဝင္ထားၿပီး တျခားသ႐ုပ္ေဆာင္ ေတြျဖစ္ၾကတဲ့ Matt Smith ၊ Matthew Goode ၊ Rhys Ifans ၊ Adam Bakri နဲ႔ Ralph Fiennes စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလက နာမည္ႀကီး ႐ုပ္ရွင္ ပြဲေတာ္တခုျဖစ္တဲ့ Sundance Film Festival မွာ ကနဦးျပသခဲ့တာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္းျမင္ကြင္းေတြ၊ ျပကြင္းျပ ကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳ ခ်က္ Guidelines နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ ၾကာျမင့္ခ်ိန္ ၁၁၂ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၃၀ ရက္ ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ထပ္ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ နာမည္ေက်ာ္ ၿဗိတိန္စာ ေရးဆရာမႀကီး ဗာဂ်ီးနီးယားဝုလ္ဖ္ရဲ႕ အခ်စ္ေရးအေၾကာင္း ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ - Vita & Virginia ! Biographical Romance Drama အမ်ိဳးအစား ႐ုပ္ရွင္ပရိသတ္ေတြ အႀကိဳက္ ေတြ႕ၾကမယ့္ ဒီ႐ုပ္ရွင္ကားကိုေတာ့ Thunderbird Releasing ႐ုပ္ရွင္ကုမၸဏီက တင္ ဆက္လိုက္တာျဖစ္ၿပီး ၿဗိတိန္အမ်ိဳးသမီး ႐ုပ္ရွင္ဒါ႐ိုက္တာ Chanya Button က ႐ိုက္ကူး ပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ၁၉၂၀ ျပည့္ႏွစ္ ကာလေတြဆီက လန္ဒန္ၿမိဳ႕ရဲ႕ ျမင္ကြင္းေတြ၊ လူေနမႈနဲ႔ စ႐ိုက္လကၡဏာေတြကိုပါ ပရိသတ္ေတြက ရႈစားၾကရမွာျဖစ္ၿပီး ၂၀ ရာစုရဲ႕ အ လႊမ္းမိုးႏိုင္ဆုံး စာေရးဆရာမအျဖစ္ အသိအမွတ္ျပဳၾကရတဲ့ Virginia Woolf ရဲ႕ ဘဝအ ေၾကာင္း တစိတ္တေဒသကို ဒီကားထဲမွာ ႐ိုက္ကူးပုံေဖာ္ထားခဲ့တာပါ။ စာေပနယ္မွာ ထင္ရွားတဲ့ ဝတၳဳေတြကို ခ်န္ထားရစ္ခဲ့ႏိုင္တဲ့ သူ႔ရဲ႕ ေနာက္ဆုံးအခ်ိန္ကေတာ့ မလွပခဲ့ပါ ဘူး။ ဘာလို႔လဲဆိုေတာ့ သူဟာ ကိုယ့္ကိုကိုယ္ ျမစ္ထဲဆင္းၿပီး အဆုံးစီရင္သြားခဲ့လို႔ပါပဲ။ ဒီမတိုင္ခင္မွာ သူ႔ရဲ႕ ဘဝျဖတ္သန္းမႈေတြကလည္း စိတ္ဝင္စားစရာ ေကာင္းပါတယ္။ သူဟာ စာေရးဆရာမ၊ ကဗ်ာဆရာမ၊ ဥယ်ာဥ္ဒီဇိုင္နာတေယာက္ျဖစ္တဲ့ Vita Sackville- West နဲ႔ တြဲခဲ့ပါေသးတယ္။ အဲဒီေခတ္ကာလက လိင္တူအမ်ိဳးသမီးခ်င္း တြဲၾကတဲ့ အေန အထားဟာ လူ႔အဖြဲ႕အစည္းအတြင္းမွာ ျပႆနာတခုျဖစ္ခဲ့ေလသလား။ နာမည္ေက်ာ္ ၂ ေယာက္ရဲ႕ အခ်စ္ေရးက လက္သင့္ခံႏိုင္စရာ အေျခအေနတခုလား။ ေနာက္ၿပီး ဒီအေျခ အေန၊ အခင္းအက်င္းေတြနဲ႔အတူ သူတို႔ ၂ ေယာက္ရဲ႕ ကိုယ္ေရးကိုယ္တာ လြတ္လပ္ ပိုင္ခြင့္၊ အိမ္ေထာင္ေရး၊ လူမႈေရးျပႆနာေတြကို ဘယ္လိုပုံေဖာ္ ႐ိုက္ကူးထားမလဲ ဆို တာကို ဒီကားထဲမွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာ ၿဗိတိန္သ႐ုပ္ေဆာင္မင္းသမီး Gemma Arterton နဲ႔ ၾသစေတး လ်သ႐ုပ္ေဆာင္မင္းသမီး Elizabeth Debicki တို႔က ေခါင္းေဆာင္ပါဝင္ထားၾကၿပီး တ ျခား ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ Rupert Penry-Jones ၊ Peter Ferdinando ၊ Gethin Anthony စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾက တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလက နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Toronto International Film Festival မွာ ကနဦးျပသခဲ့တာ ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ မိနစ္ ၁၁၀ ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ အေမရိကန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၃ ရက္ေန႔ကတည္းက ႐ုံတင္ျပသေနတာ ျဖစ္ပါတယ္။ မူဗီခေရဇီေတြကို ထပ္ၿပီးေတာ့ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ေဟာ လိဝုဒ္ Supernatural Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ Don’t Let Go ! ဒီကားကိုေတာ့ Blumhouse Productions နဲ႔ Briarcliff Entertainment ႐ုပ္ရွင္ ထုတ္လုပ္ေရးကုမၸဏီ ၂ ခု ပူးေပါင္းတင္ဆက္လိုက္တာျဖစ္ၿပီး အေမရိကန္ ဇာတ္ၫႊန္း ေရးဆရာ၊ ဒါ႐ိုက္တာ Jacob Aaron Estes က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါ တယ္။ ဒီကားထဲမွာေတာ့ ထူးဆန္းတဲ့ ဇာတ္လမ္းဇာတ္ကြက္နဲ႔ အလွည့္အေျပာင္းေတြကို ပုံစံတမ်ိဳးနဲ႔ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ရဲစုံေထာက္တေယာက္ျဖစ္တဲ့ Jack Radcliff ဟာ သူ႔ရဲ႕ မိသားစု သတ္ျဖတ္ခံခဲ့ရၿပီးေနာက္ ထူးဆန္းစြာပဲ ေသဆုံးသူ ေတြထဲက တေယာက္ျဖစ္တဲ့ တူမျဖစ္သူဆီက ဖုန္းေခၚဆိုမႈတခုကို လက္ခံရရွိခဲ့ပါတယ္။ အဲဒီအခ်ိန္မွာေတာ့ ဒါဟာ တမလြန္က ဖုန္းေခၚလိုက္တဲ့ သရဲတေစၦလား၊ တကယ္ပဲ အ သက္ရွင္လ်က္ရွိေနဆဲလား ဆိုတာကို မေဝခြဲႏိုင္ေတာ့ပါဘူး။ ဖုန္းလက္ခံရရွိအၿပီး ၂ ပတ္ ေလာက္အၾကာမွာ အမွန္တကယ္ပဲ တူမျဖစ္သူက ထြက္ေပၚလာခ်ိန္မွာေတာ့ ဘာေတြ ဆက္ျဖစ္လာမလဲ၊ ဘယ္လိုအခ်ိတ္အဆက္ေတြနဲ႔ ႐ိုက္ကူးပုံေဖာ္ထားမလဲ ဆိုတာကို ေတာ့ ႐ုံတင္ျပသတဲ့အခါ ပရိသတ္ေတြက ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ သ႐ုပ္ေဆာင္ မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ David Oyelowo ၊ Storm Reid ၊ Byron Mann နဲ႔ Mykelti Williamson တို႔က အတြဲညီညီနဲ႔ ေခါင္းေဆာင္ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားကို နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Sundance International Film Festival မွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၇ ရက္ေန႔မွာ ကနဦး ျပသခဲ့တာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ တိုက္ခိုက္မႈေတြ၊ ေသြးပ်က္ထိတ္လန႔္စရာ ဇာတ္ဝင္ခန္းျမင္ကြင္းေတြနဲ႔ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကိုၾကည့္မယ္ဆို ရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အ ဆင့္ သတ္မွတ္ထားပါတယ္။ ၾကာျမင့္ခ်ိန္ ၁၀၇ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၃၀ ရက္ ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ထပ္မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ႐ုံမတင္ခင္ကတည္းက ပ ရိသတ္ေတြၾကား ေရပန္းစားေနတဲ့ ျမန္မာ႐ုပ္ရွင္-အခ်စ္ဆုံး Crush ! နယူးဖိုး၀ ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကေတာ့ စႏၵာ ဝင္းထြန္းရဲ႕ ဝတၳဳကို ေနေနာ္က ဇာတ္ၫႊ္န္းခြဲထားေပးခဲ့တာျဖစ္ၿပီး ဒါ႐ိုက္တာ ေအာင္ ေဇာ္လင္းက ႐ိုက္ကူးပုံေဖာ္ေပးထားခဲ့တာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသား ျမင့္ျမတ္နဲ႔အတူ သ႐ုပ္ေဆာင္ မင္းသမီး ၃ လက္ျဖစ္ၾကတဲ့ သင္ဇာဝင့္ေက်ာ္၊ အိေခ်ာပိုနဲ႔ ေမျမင့္မိုရ္တို႔က ေခါင္းေဆာင္ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ အခ်စ္ဒရာမာဇာတ္ျမဴးကားတကားအေနနဲ႔ ဖန္တီးပုံေဖာ္ထားတဲ့ ဒီ႐ုပ္ရွင္ကားထဲ မွာေတာ့ အခ်စ္ဆုံး Crush ဆိုတဲ့အတိုင္း ျမင့္ျမတ္ကို မင္းသမီး ၃ ေယာက္ၾကားမွာ ဗ်ာ မ်ားရတဲ့ သ႐ုပ္ေဆာင္မႈေတြနဲ႔အတူ ဘယ္သူက ဘယ္သူ႔ရဲ႕ အခ်စ္ဆုံး Crush ျဖစ္မလဲ ဆိုတာကိုေတာ့ ပရိသတ္ေတြက ဒီကားထဲမွာ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ငယ္ကြၽန္႐ုပ္ရွင္ကားနဲ႔ အကယ္ဒမီဆု ရရွိထားခဲ့တဲ့ ျမင့္ျမတ္ဟာ ဟာသဇာတ္႐ုပ္ ေတြ၊ အက္ရွင္ကားေတြအျပင္ ဒရာမာ႐ုပ္ရွင္ကားေတြမွာပါ Character အစုံ ပိုင္ႏိုင္တဲ့ သူတေယာက္ျဖစ္ၿပီး သင္ဇာဝင့္ေက်ာ္၊ အိေခ်ာပိုနဲ႔ ေမျမင့္မိုရ္တို႔ကလည္း ပရိသတ္အား ေပးမႈ ရရွိၿပီးသား သ႐ုပ္ေဆာင္မင္းသမီးေတြ ျဖစ္တာမို႔ ဒီကားထဲမွာေရာ ဘယ္လို ကြဲ ျပားတဲ့ သ႐ုပ္ေဆာင္မႈေတြနဲ႔ သ႐ုပ္ေဆာင္ထားၾကမလဲဆိုတာကို ပရိသတ္ေတြက စိတ္ ဝင္စားေနၾကတာပါ။ အခ်စ္ဆုံး Crush ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သမၼတ ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၄ သန္းနီးပါး ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါ တယ္။ မူဗီခေရဇီေတြကို ေနာက္ဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ႐ုံတင္တဲ့ ပထမသီတင္းပတ္မွာတင္ Box Office မွာ ထိပ္တန္းက ဦးေဆာင္ခဲ့တဲ့ ေဟာလိဝုဒ္ ဟာ သဇာတ္ျမဴး ႐ုပ္ရွင္-Good Boys ! ဒီကားကိုေတာ့ ယူကရိန္းဖြား ႐ုပ္ရွင္ဒါ႐ိုက္တာ Gene Stupnitsky က ႐ိုက္ကူး ပုံေဖာ္ေပးထားတာျဖစ္ၿပီး နာမည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီ Universal Pictures က တင္ဆက္လိုက္တာပါ။ ဒီကားထဲမွာေတာ့ Max, Lucas နဲ႔ Thor ဆိုတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလး ၃ ေယာက္ရဲ႕ မတူညီတဲ့ ျပႆနာေတြ၊ အခက္အခဲေတြကို ဟာသဇာတ္လမ္း ဇာတ္ကြက္ ေတြ ေႏွာကာ ပုံေဖာ္႐ိုက္ကူးထားတာျဖစ္ၿပီး ေကာင္မေလးေတြကို ဒ႐ုန္းယာဥ္ပ်ံနဲ႔ လိုက္ ေခ်ာင္းၾကတဲ့ ကေမာက္ကမ ဟာသအလြဲအေခ်ာ္ေတြကိုပါ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာ ေဟာလိဝုဒ္ ဆယ္ေက်ာ္သက္ သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Jacob Tremblay၊ Keith L. Williams နဲ႔ Brady Noon တို႔က အတြဲညီညီ ေခါင္းေဆာင္ပါဝင္ထားၾကပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္းျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာ စကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guidelines နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ IMDb မွာ Rating 6.8 အထိ ရရွိထားခဲ့တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ ဘတ္ဂ်တ္အေမ ရိကန္ေဒၚလာ သန္း ၂၀ အကုန္အက်ခံ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ ၈၉ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၆ ရက္ေန႔ ကတည္းက ႐ုံတင္ျပသခဲ့တာ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကားဟာ လတ္တေလာ နာမည္ႀကီး ႐ုံတင္႐ုပ္ရွင္ Angel Has Fallen ရဲ႕ေနာက္မွာ စုစုေပါင္းဝင္ေငြအေမရိကန္ေဒၚလာ ၄၉ သန္းရရွိထား တာတဲ့ ဇာတ္ကားေကာင္းတကားျဖစ္တာမို႔ ပရိသတ္ေတြအတြက္ ေ႐ြးခ်ယ္တင္ဆက္ ေပးလိုက္ပါတယ္။ Movie Crazy-DVB အစီအစဥ္ကို အပတ္စဥ္ ဗုဒၶဟူးေန႔ ညတိုင္း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီေတြမွာ DVB TV channel ကေန ပုံမွန္တင္ဆက္ေပးေနတာျဖစ္ၿပီး မ ၾကည့္ရႈလိုက္ရသူေတြအတြက္ ၾကာသပေတးေန႔မနက္ ၉.၁၅ နာရီ၊ ေန႔လည္ ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ ေသာၾကာေန႔ ေန႔လည္ ၂.၄၅ နာရီ၊ စေနေန႔ မနက္ ၁၁.၄၅ နာရီနဲ႔ တ နလၤာေန႔မနက္ ၉.၄၅ နာရီတို႔မွာ ျပန္လည္ ထုတ္လႊင့္ျပသေပးေနတာ ျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ Movie Crazy ေတြအတြက္ ႏိုင္ငံတကာနဲ႔ ျမန္မာ႐ုပ္ရွင္ကား ေတြ အေၾကာင္းကို ေကာင္းႏိုးရာရာ ေ႐ြးခ်ယ္တင္ဆက္ေပးေနတာျဖစ္ၿပီး Movie Crazy-DVB ဆိုတဲ့ Facebook စာမ်က္ႏွာကေနတဆင့္လည္း Like, Share နဲ႔ Comment ေတြေပးၿပီး ေတာ့ အားေပးႏိုင္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024