လီဗာပူး ‌နောက်ခံလူ လိုဗရန်ကို ခေါ်ယူရန် ရိုးမားအသင်း ပြင်ဆင်

အီတလီကလပ်ရိုးမားအသင်းဟာ လီဗာပူးနောက်ခံလူ လိုဗရန်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ရိုးမားအသင်းဟာ စီးရီးအေအဖွင့်ပွဲစဉ်မှာ ဂျီနိုအာအသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး ခံစစ်ပိုင်းကိုပြင်ဆင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ဂျူဗင်တပ်နောက်ခံလူ ရူဂါနီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် လိုဗရန်ကိုခေါ်ယူဖို့ ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ ခရိုအေးရှားလက်ရွေးစင် လိုဗရန်ဟာ လီဗာပူးအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ရိုးမားအသင်းအနေနဲ့ အပြောင်းအရွှေ့ပိတ်သိမ်းမယ့် စက်တင်ဘာ ၂ ရက်မတိုင်ခင် လိုဗရန်ကို ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်ပါတယ်။
လီဗာပူး ‌ေနာက္ခံလူ လိုဗရန္ကို ေခၚယူရန္ ႐ိုးမားအသင္း ျပင္ဆင္ အီတလီကလပ္႐ိုးမားအသင္းဟာ လီဗာပူးေနာက္ခံလူ လိုဗရန္ကို ေခၚယူဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ ႐ိုးမားအသင္းဟာ စီးရီးေအအဖြင့္ပြဲစဥ္မွာ ဂ်ီႏိုအာအသင္းနဲ႔ ၃ ဂိုးစီ သေရက်ခဲ့ၿပီး ခံစစ္ပိုင္းကိုျပင္ဆင္ဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။ ႐ိုးမားအသင္းဟာ ဂ်ဴဗင္တပ္ေနာက္ခံလူ ႐ူဂါနီကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အဆင္မေျပခဲ့တာေၾကာင့္ လိုဗရန္ကိုေခၚယူဖို႔ ပစ္မွတ္ထားလာတာျဖစ္ပါတယ္။ ခ႐ိုေအးရွားလက္ေ႐ြးစင္ လိုဗရန္ဟာ လီဗာပူးအသင္းမွာ ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတာ ျဖစ္ပါတယ္။ ႐ိုးမားအသင္းအေနနဲ႔ အေျပာင္းအေ႐ႊ႕ပိတ္သိမ္းမယ့္ စက္တင္ဘာ ၂ ရက္မတိုင္ခင္ လိုဗရန္ကို ေခၚယူဖို႔ ႀကိဳးပမ္းမွာျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up