Home
မြန်မာသတင်း
မုံရွာစတိုးဆိုင်ဝန်ထမ်းများအား တိုင်းတရားရုံးက တရားသေလွှတ်မိန့်ချ 
DVB
·
August 29, 2019
ပြစ်မှုမကျူးလွန်ဘဲ တရားစွဲထောင်ချခံခဲ့ရတဲ့ မုံရွာမြို့ရှိ ငြိမ်းချမ်းရေးဂျိုးငှက်စတိုး ဆိုင်က ဝန်ထမ်းတွေကို  စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးက တရားသေလွှတ်မိန့်ချ မှတ်လိုက်ပါတယ်။ မုံရွာမြို့က ငြိမ်းချမ်းရေးဂျိုးငှက်စတိုးဆိုင်ရှင်က ငွေကျပ်သိန်း ၆၂၀ ကွာဟတယ်ဟုဆိုကာ ဆိုင်ဝန်ထမ်းတွေကို ၂၀၁၆ မေလ ၁၃ ရက်က  ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၁ နဲ့ တရားစွဲဆိုရာ ၂၀၁၇ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ မြို့နယ် တရားရုံးက ဝန်ထမ်းတွေကို အလုပ်နဲ့ထောင်ဒဏ်တနှစ်စီ ချမှတ်ခဲ့ပါတယ်။ မြို့နယ်တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်ကို  မကျေနပ်လို့ ဆိုင်ဝန်ထမ်းတွေက စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးမှာ အယူခံတင်ရာမှာ သြဂုတ် ၂၇ ရက်နေ့က ဆိုင်ဝန်ထမ်းတွေကို တရားသေလွှတ်ပေးလိုက်တာပါ။ တရားစွဲခံရတဲ့ အရောင်းစာရင်းကိုင် မဖြိုးဖြိုးဝေက"ကျမတို့ကို အဲ့တုန်းက သိန်း ၆၂၀ ငွေကွာတယ်ဆိုပြီး ဆိုင်ဝန်ထမ်း ၅ ယောက်ကို အမှုဖွင့်တယ်။ ကျန် နှစ်ယောက်ကတော့ လွှတ်ပေးလိုက်တယ်။ ကျမတို့ ၃ ယောက်ကိုတော့ တရားဆက်စွဲတယ်။ ကျမတို့ ထောင်အချုပ်မှာ တနှစ်ကျော် အချုပ်ခံခဲ့ရတယ်။ ကျမတို့ အမှန်တကယ်မယူပါပဲ ခံခဲ့ရတာ။ တိုင်ချက်က သိန်း ၆၂၀ ကွာတယ်ဆိုပြီး တိုင်တယ်၊ တရားခွင်မှာ သိန်း ၁၇၀၀ ကွာတယ်ဆိုပြီး တမျိုးထွက်တယ်။ နောက်ပြီး သက်သေခေါ်တာတွေကလည်း ခိုင်လုံတဲ့ အထောက်ထားမရှိဘူး။ ဒါပေမယ့် မြို့နယ်တရားရုံးက ကျမတို့ကို အလုပ်နဲ့ ထောင်ဒဏ် တနှစ်ချ လိုက်တယ်။”လို့ပြောပါတယ်။ အဆိုပါ ဆိုင်ဝန်ထမ်း ၃ ဦးဟာ နောက်ပိုင်းမှာ ချုပ်ရက်ခံစားခွင့်နဲ့ပြန်လွတ်လာပေမယ့် အယူခံတင်ပြီး  အမှုကို ဆက်လက်ရင်ဆိုင်နေရာဖြစ်ပါတယ်။  “လွတ်လာတာက ချုပ်ရက်ခံစားခွင့်နဲ့လွတ်လာတာ။ လွတ်လာပေမယ့် အဲ့ဒီအမိန့်က ကျမတို့မလုပ်ပါဘဲ ချမှတ်ခဲ့တဲ့ အမိန့်ဖြစ်တဲ့အတွက် မိမိဂုဏ်သိက္ခာကျဆင်းစေလို့ ဒီအပေါ်မှာ ခရိုင်တရားရုံးကို အယူခံတက်တယ်။ ဆိုင်ရှင်ဘက်ကလဲ ကျမတို့ကို ချတဲ့ပြစ်ဒဏ်နည်းတယ်ဆိုပြီး ပြင်ဆင်ချက်ထပ်တက်တယ်။ ခရိုင်ရုံးက အောက်ရုံးချမှတ်ခဲ့တဲ့ အမိန့်ကိုပဲ အတည်ပြု ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ တိုင်းတရားရုံးကို ကျမတို့က အယူခံထပ်တက်တယ်။ တဘက်ဆိုင်ရှင်ကလဲ တိုင်းထိ ပြင်ဆင်ချက် ထပ်တက်ထားတယ်။ အခု တိုင်းတရားရုံးက ကျမတို့ရဲ့ အယူခံကို လက်ခံပြီး တရားသေလွှတ်ပေးလိုက်ပါတယ်။ ဆိုင်ရှင်ရဲ့ ပြင်ဆင်ချက်ကိုတော့ ပလပ်လိုက်တာပါတယ်" လို့ အရောင်းစာရင်းကိုင် မဖြိုးဖြိုးဝေ ပြောပါတယ်။ ဆိုင်ရှင်က စတင်အမှုဖွင့်စဉ်က စွပ်စွဲခံရသူ အဆိုပါ ဝန်ထမ်းတွေကနေ ၂၀၁၆ ခုနှစ် ဇွန်လ ၁၂ ကလည်း မုံရွာမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ဖူးပါတယ်။ မြို့နယ်နဲ့ ခရိုင်မှာ အမှုရှုံးနိမ့်ခဲ့ပြီး အခုလိုတိုင်းအဆင့်မှ အနိုင်ရရှိတဲ့အပေါ်မှာ စွတ်စွဲခံရသူတွေ အနေနဲ့ မကျူးလွန်ပါဘဲ စွန်းထင်းခဲ့တဲ့ အမဲစက်တခုကို တရားမျှတစွာ ခြေဖျက်နိုင်ခဲ့တယ်လို့ ဆိုင်ဝန်ထမ်း ကိုသန်းထိုက်အောင်က ပြောပါတယ်။ "ကျနော်တို့အနေနဲ့ အောက်ရုံးအဆင့်ဆင့်မှာ ရှုံးလာခဲ့တာ။ မိမိလည်း တကယ်မခိုးဘူး အမှန်တကယ်မယူပါပဲ ခံခဲ့ရတယ်။ ဒီစာရင်းကလည်း ကျနော်တို့အလုပ်ထွက်ပြီး နောက်ပိုင်း လက စာရင်းပါ။ ဒါကို မကျေနပ်လို့ တိုင်းအဆင့်ထိတက်မှ ကွင်းလုံးကျွတ်လွှတ်ပေးလိုက်တာ။ ဒါ မိမိမဟုတ်ပါဘဲ အစွန်းထင်းခံခဲ့ရတဲ့ အမဲစက်ကို မျှတတဲ့ ဥပဒေနဲ့ ချေဖျက်နိုင်ခဲ့တာပဲ" တိုင်းတရားရုံးရဲ့ တရားသေလွှတ်တဲ့ အမိန့်စာကိုတော့ တောင်းခံထားပြီး အမိန့်စာပါ သုံးသပ်ချက်အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ စွပ်စွဲခံရသူ ဆိုင်ဝန်ထမ်းတွေဘက်က လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းက ပြောပါတယ်။ "ဒီအမှုနဲ့ပတ်သတ်ပြီး ဥပဒေချုပ်ရုံးကလည်း လွှတ်သင့်တယ်လို့ ထောက်ခံချက်လည်း ရရှိထားပါတယ်။ အမိန့်မှာလဲ စွပ်စွဲခံရသူတွေကို တရားသေလွှတ်လိုက်တယ်။ အမိန့်စာကိုတော့ တောင်းထားတယ်။ ဒီအမိန့်စာပါ သုံးသပ်ချက်အသေးစိတ်ကတော့ လက်ထဲရောက်မှ သိရမှာပဲ" မုံရွာမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် တနှစ်အမိန့်ချမှတ်ခဲ့ပြီးနောက် ချုပ်ရက်နဲ့ လွတ်မြောက်လာတဲ့ ဝန်ထမ်းတွေက အမှုအပေါ် မကျေနပ်လို့ မိသားစုဝင်တွေနဲ့အတူ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်က မုံရွာမြို့ပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။ ဒီအမှုနဲ့ပတ်သတ်လို့ သုံးနှစ်ကျော်ကြာမြင့်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးတရားရုံးက မြို့နယ်နဲ့ခရိုင်က ချမှတ်ခဲ့တဲ့ အမိန့်တွေကို ပယ်ဖျက်ကာ ဆိုင်ဝန်ထမ်း သုံးဦးကို တရားသေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ သတင်း- ရန်နိုင်စိုး
မုံ႐ြာစတိုးဆိုင္ဝန္ထမ္းမ်ားအား တိုင္းတရား႐ုံးက တရားေသလႊတ္မိန႔္ခ် DVB ျပစ္မႈမက်ဴးလြန္ဘဲ တရားစြဲေထာင္ခ်ခံခဲ့ရတဲ့ မုံ႐ြာၿမိဳ႕ရွိ ၿငိမ္းခ်မ္းေရးဂ်ိဳးငွက္စတိုး ဆိုင္က ဝန္ထမ္းေတြကို စစ္ကိုင္းတိုင္းေဒသႀကီး တရား႐ုံးက တရားေသလႊတ္မိန႔္ခ် မွတ္လိုက္ပါတယ္။ မုံ႐ြာၿမိဳ႕က ၿငိမ္းခ်မ္းေရးဂ်ိဳးငွက္စတိုးဆိုင္ရွင္က ေငြက်ပ္သိန္း ၆၂၀ ကြာဟတယ္ဟုဆိုကာ ဆိုင္ဝန္ထမ္းေတြကို ၂၀၁၆ ေမလ ၁၃ ရက္က ရဲစခန္းမွာ တိုင္ခ်က္ဖြင့္ခဲ့ၿပီး ရာဇသတ္ႀကီးပုဒ္မ ၃၈၁ နဲ႔ တရားစြဲဆိုရာ ၂၀၁၇ ႏိုဝင္ဘာလ ၁၆ ရက္ေန႔မွာ ၿမိဳ႕နယ္ တရား႐ုံးက ဝန္ထမ္းေတြကို အလုပ္နဲ႔ေထာင္ဒဏ္တႏွစ္စီ ခ်မွတ္ခဲ့ပါတယ္။ ၿမိဳ႕နယ္တရား႐ုံးက ခ်မွတ္တဲ့ ျပစ္ဒဏ္ကို မေက်နပ္လို႔ ဆိုင္ဝန္ထမ္းေတြက စစ္ကိုင္းတိုင္းေဒသႀကီး တရား႐ုံးမွာ အယူခံတင္ရာမွာ ၾသဂုတ္ ၂၇ ရက္ေန႔က ဆိုင္ဝန္ထမ္းေတြကို တရားေသလႊတ္ေပးလိုက္တာပါ။ တရားစြဲခံရတဲ့ အေရာင္းစာရင္းကိုင္ မၿဖိဳးၿဖိဳးေဝက"က်မတို႔ကို အဲ့တုန္းက သိန္း ၆၂၀ ေငြကြာတယ္ဆိုၿပီး ဆိုင္ဝန္ထမ္း ၅ ေယာက္ကို အမႈဖြင့္တယ္။ က်န္ ႏွစ္ေယာက္ကေတာ့ လႊတ္ေပးလိုက္တယ္။ က်မတို႔ ၃ ေယာက္ကိုေတာ့ တရားဆက္စြဲတယ္။ က်မတို႔ ေထာင္အခ်ဳပ္မွာ တႏွစ္ေက်ာ္ အခ်ဳပ္ခံခဲ့ရတယ္။ က်မတို႔ အမွန္တကယ္မယူပါပဲ ခံခဲ့ရတာ။ တိုင္ခ်က္က သိန္း ၆၂၀ ကြာတယ္ဆိုၿပီး တိုင္တယ္၊ တရားခြင္မွာ သိန္း ၁၇၀၀ ကြာတယ္ဆိုၿပီး တမ်ိဳးထြက္တယ္။ ေနာက္ၿပီး သက္ေသေခၚတာေတြကလည္း ခိုင္လုံတဲ့ အေထာက္ထားမရွိဘူး။ ဒါေပမယ့္ ၿမိဳ႕နယ္တရား႐ုံးက က်မတို႔ကို အလုပ္နဲ႔ ေထာင္ဒဏ္ တႏွစ္ခ် လိုက္တယ္။”လို႔ေျပာပါတယ္။ အဆိုပါ ဆိုင္ဝန္ထမ္း ၃ ဦးဟာ ေနာက္ပိုင္းမွာ ခ်ဳပ္ရက္ခံစားခြင့္နဲ႔ျပန္လြတ္လာေပမယ့္ အယူခံတင္ၿပီး အမႈကို ဆက္လက္ရင္ဆိုင္ေနရာျဖစ္ပါတယ္။ “လြတ္လာတာက ခ်ဳပ္ရက္ခံစားခြင့္နဲ႔လြတ္လာတာ။ လြတ္လာေပမယ့္ အဲ့ဒီအမိန႔္က က်မတို႔မလုပ္ပါဘဲ ခ်မွတ္ခဲ့တဲ့ အမိန႔္ျဖစ္တဲ့အတြက္ မိမိဂုဏ္သိကၡာက်ဆင္းေစလို႔ ဒီအေပၚမွာ ခ႐ိုင္တရား႐ုံးကို အယူခံတက္တယ္။ ဆိုင္ရွင္ဘက္ကလဲ က်မတို႔ကို ခ်တဲ့ျပစ္ဒဏ္နည္းတယ္ဆိုၿပီး ျပင္ဆင္ခ်က္ထပ္တက္တယ္။ ခ႐ိုင္႐ုံးက ေအာက္႐ုံးခ်မွတ္ခဲ့တဲ့ အမိန႔္ကိုပဲ အတည္ျပဳ ဆုံးျဖတ္လိုက္တယ္။ ဒါနဲ႔ တိုင္းတရား႐ုံးကို က်မတို႔က အယူခံထပ္တက္တယ္။ တဘက္ဆိုင္ရွင္ကလဲ တိုင္းထိ ျပင္ဆင္ခ်က္ ထပ္တက္ထားတယ္။ အခု တိုင္းတရား႐ုံးက က်မတို႔ရဲ႕ အယူခံကို လက္ခံၿပီး တရားေသလႊတ္ေပးလိုက္ပါတယ္။ ဆိုင္ရွင္ရဲ႕ ျပင္ဆင္ခ်က္ကိုေတာ့ ပလပ္လိုက္တာပါတယ္" လို႔ အေရာင္းစာရင္းကိုင္ မၿဖိဳးၿဖိဳးေဝ ေျပာပါတယ္။ ဆိုင္ရွင္က စတင္အမႈဖြင့္စဥ္က စြပ္စြဲခံရသူ အဆိုပါ ဝန္ထမ္းေတြကေန ၂၀၁၆ ခုႏွစ္ ဇြန္လ ၁၂ ကလည္း မုံ႐ြာၿမိဳ႕မွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ဖူးပါတယ္။ ၿမိဳ႕နယ္နဲ႔ ခ႐ိုင္မွာ အမႈရႈံးနိမ့္ခဲ့ၿပီး အခုလိုတိုင္းအဆင့္မွ အႏိုင္ရရွိတဲ့အေပၚမွာ စြတ္စြဲခံရသူေတြ အေနနဲ႔ မက်ဴးလြန္ပါဘဲ စြန္းထင္းခဲ့တဲ့ အမဲစက္တခုကို တရားမွ်တစြာ ေျခဖ်က္ႏိုင္ခဲ့တယ္လို႔ ဆိုင္ဝန္ထမ္း ကိုသန္းထိုက္ေအာင္က ေျပာပါတယ္။ "က်ေနာ္တို႔အေနနဲ႔ ေအာက္႐ုံးအဆင့္ဆင့္မွာ ရႈံးလာခဲ့တာ။ မိမိလည္း တကယ္မခိုးဘူး အမွန္တကယ္မယူပါပဲ ခံခဲ့ရတယ္။ ဒီစာရင္းကလည္း က်ေနာ္တို႔အလုပ္ထြက္ၿပီး ေနာက္ပိုင္း လက စာရင္းပါ။ ဒါကို မေက်နပ္လို႔ တိုင္းအဆင့္ထိတက္မွ ကြင္းလုံးကြၽတ္လႊတ္ေပးလိုက္တာ။ ဒါ မိမိမဟုတ္ပါဘဲ အစြန္းထင္းခံခဲ့ရတဲ့ အမဲစက္ကို မွ်တတဲ့ ဥပေဒနဲ႔ ေခ်ဖ်က္ႏိုင္ခဲ့တာပဲ" တိုင္းတရား႐ုံးရဲ႕ တရားေသလႊတ္တဲ့ အမိန႔္စာကိုေတာ့ ေတာင္းခံထားၿပီး အမိန႔္စာပါ သုံးသပ္ခ်က္အေသးစိတ္ကိုေတာ့ မသိရွိရေသးဘူးလို႔ စြပ္စြဲခံရသူ ဆိုင္ဝန္ထမ္းေတြဘက္က လိုက္ပါေဆာင္႐ြက္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးမိုးေဇာ္ထြန္းက ေျပာပါတယ္။ "ဒီအမႈနဲ႔ပတ္သတ္ၿပီး ဥပေဒခ်ဳပ္႐ုံးကလည္း လႊတ္သင့္တယ္လို႔ ေထာက္ခံခ်က္လည္း ရရွိထားပါတယ္။ အမိန႔္မွာလဲ စြပ္စြဲခံရသူေတြကို တရားေသလႊတ္လိုက္တယ္။ အမိန႔္စာကိုေတာ့ ေတာင္းထားတယ္။ ဒီအမိန႔္စာပါ သုံးသပ္ခ်က္အေသးစိတ္ကေတာ့ လက္ထဲေရာက္မွ သိရမွာပဲ" မုံ႐ြာၿမိဳ႕နယ္တရား႐ုံးက အလုပ္နဲ႔ ေထာင္ဒဏ္ တႏွစ္အမိန႔္ခ်မွတ္ခဲ့ၿပီးေနာက္ ခ်ဳပ္ရက္နဲ႔ လြတ္ေျမာက္လာတဲ့ ဝန္ထမ္းေတြက အမႈအေပၚ မေက်နပ္လို႔ မိသားစုဝင္ေတြနဲ႔အတူ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၈ ရက္က မုံ႐ြာၿမိဳ႕ေပၚမွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါေသးတယ္။ ဒီအမႈနဲ႔ပတ္သတ္လို႔ သုံးႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီးေနာက္ စစ္ကိုင္းတိုင္းေဒသႀကီးတရား႐ုံးက ၿမိဳ႕နယ္နဲ႔ခ႐ိုင္က ခ်မွတ္ခဲ့တဲ့ အမိန႔္ေတြကို ပယ္ဖ်က္ကာ ဆိုင္ဝန္ထမ္း သုံးဦးကို တရားေသ လႊတ္ေပးလိုက္တာ ျဖစ္ပါတယ္။ သတင္း- ရန္ႏိုင္စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024