Home
မြန်မာသတင်း
စစ်တပ်တရားစွဲထားသည့် လွိုင်ကော်က တောင်သူ ၁ ဦးကို ဖမ်းဆီး
နော်နိုရင်း
·
August 29, 2019
တပ်မတော်က အကျိုးဖျက်စီးမှုဥပဒေ ပုဒ်မ ၆ (၁) နဲ့ အမှုဖွင့်ထားတဲ့  လွိုင်ကော်မြို့နယ်‌၊ မြေနီကုန်းကျေးရွာက တောင်သူ ဦးဦးရယ်ကို လွိုင်ကော်ရဲစခန်းက ဩဂုတ်လ ၂၈ ရက်နေ့မှာ  ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရတဲ့ တောင်သူ ဦးဦးရယ်ဟာ တပ်ကဖွင့်တဲ့အမှုတွေမှာ အမြဲတမ်းပါဝင်နေပြီး သူ့ကို ဖွင့်ထားတဲ့ အမှုအများကြီးရှိနေတယ်လို့ လွိုင်ကော်မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မိုးဦးက ပြောပါတယ်။ “တောင်သူ ဦးဦရယ်လေ။ သူကတော့  တပ်က ဖွင့်တဲ့အမှုမှာတော့ မြဲတမ်းပါတမ်းပါတယ်။  အမှုတိုင်းနည်းနည်းပါတယ်လေ။ အဲဒီ ဦးဦးရယ်ကို ကျနော်တို့က ပုဒ်မ ၆/၁ နဲ့ တရားစွဲထားတယ်။ ထွက်ပြေးတယ်ပေါ့နော်။ ဖမ်းဆီးရမိခြင်းမရှိဘူး။ ဒါ့ကြောင့် တရားခံပြေးအဖြစ် တရားစွဲတယ်။ တရားစွဲတဲ့ကြားထဲမှာ သတင်းရလို့ ဖမ်းထားတာ။ ” ဦးဦးရယ်ကို လွိုင်ကော်မြို့နယ် ခလရ ၂၅၀ နဲ့ ၃၅၆  တပ်နှစ်တပ်လုံးက အမှုဖွင့်ထားတယ်လို့လည်း စခန်းမှူးက ပြောပါတယ်။ လွိုင်ကော်မြို့နယ်၊ ဒေါမူကလားကျေးရွာမှာ  ဇွန်လ ၂၁ ရက်က တပ်သိမ်းမြေယာပေါ်မှာ တောင်သူတွေက ပြန်ရယူဖို့ကြိုးစားရင်း တောင်သူ ဦးရှားရယ်နဲ့ သွားရောက်မှတ်တမ်းတင်တဲ့ ပြည်နယ်လွှတ်တော် ကော်မတီအဖွဲ့ဝင် ဦးကိုရယ်စိုးညွန့်ကို ပုဒ်မ ၆/၁ နဲ့ဖမ်းဆီးထားခဲ့ပြီး သူ့တို့နဲ့အမှုတွဲ ဦးဦးရယ်ကိုဒီကနေ့ ဖမ်းဆီးတာလို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောပါတယ်။ “အဓိကက ဇွန်လ ၂၁ ရက်နေ့မှာ စစ်တပ်က သူတို့ တောင်သူတွေရဲ့လယ်ယာခြံမြေကို တပ်ပိုင်မြေအဖြစ်ခြံစည်းရိုးကာမယ်ဆိုပြီးတော့ လုပ်တယ်။ တောင်သူတွေက သူတို့လယ်ယာမြေက စစ်တပ်ဧရိယာထဲမှာ ပါသွားမှာစိုးရိမ်တဲ့အတွက် ဒီစစ်တပ် စိုက်ထားတဲ့အုတ်တိုင်တွေကို သူတို့က ဆွဲနုတ်တာတွေ အဲလိုမျိုး ရှိရင်ရှိမှာပေါ့။ အဲလိုရှိခဲ့တော့ စစ်တပ်က ဒါက ပြည်သူပိုင်ပစ္စည်းကို ဖျက်စီးတယ်ဆိုပြီးတော့ ပုဒ်မ ၆/၁ ကိုတပ်ပြီး‌တော့ တရားစွဲတယ်ဆိုတဲ့သဘောပါပဲ။ ” ဩဂုတ် ၂၆ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်တရားရုံးမှာ ပုဒ်မ ၄၄၇ နဲ့ တရားရင်ဆိုင်နေရတဲ့ ဒေါဆိုရှေ့ကျေးရွာက တောင်သူ ၁၅ ဦးထဲက  တောင်သူ ၆ ဦးကိုလည်း အမြောက်တပ်ရင်းအမှတ် ၃၆၀ က ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆ (၁) နဲ့ ထပ်မံတရားစွဲ ဖမ်းဆီးခဲ့ပါတယ်။ ဒါ့ကြောင့် ကယားပြည်နယ်မှာ မြေယာကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရတဲ့ ဒေသခံတောင်သူ ၂၀ ခန့်ရှိပြီး ထောင်ချုပ်နဲ့တရားရင်ဆိုင်ရသူတဲ့တောင်သူ  ၉ ဦးရှိနေပါတယ်။ လွိုင်ကော်မြို့နယ် မြေနီကုန်း၊ လွယ်တမူ၊ ပကြဲ၊ ဒေါမူကလား၊ ဖာတီမာ စတဲ့ ကျေးရွာတွေက  တောင်သူတွေရဲ့ ဘိုးဘွားပိုင် မြေဧက ၁၀၀ လောက်မှာ တပ်ပိုင်မြေဟုဆိုကာ ဒေသခံတောင်သူတွေ ထွန်ယက်စိုက်ပျိုးမှုကို တားမြစ်ထားကြောင်းသိရပါတယ်။ 
စစ္တပ္တရားစြဲထားသည့္ လြိဳင္ေကာ္က ေတာင္သူ ၁ ဦးကို ဖမ္းဆီး ေနာ္ႏိုရင္း တပ္မေတာ္က အက်ိဳးဖ်က္စီးမႈဥပေဒ ပုဒ္မ ၆ (၁) နဲ႔ အမႈဖြင့္ထားတဲ့ လြိဳင္ေကာ္ၿမိဳ႕နယ္‌၊ ေျမနီကုန္းေက်း႐ြာက ေတာင္သူ ဦးဦးရယ္ကို လြိဳင္ေကာ္ရဲစခန္းက ဩဂုတ္လ ၂၈ ရက္ေန႔မွာ ဖမ္းဆီးလိုက္ပါတယ္။ ဖမ္းဆီးခံရတဲ့ ေတာင္သူ ဦးဦးရယ္ဟာ တပ္ကဖြင့္တဲ့အမႈေတြမွာ အၿမဲတမ္းပါဝင္ေနၿပီး သူ႔ကို ဖြင့္ထားတဲ့ အမႈအမ်ားႀကီးရွိေနတယ္လို႔ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေဇာ္မိုးဦးက ေျပာပါတယ္။ “ေတာင္သူ ဦးဦရယ္ေလ။ သူကေတာ့ တပ္က ဖြင့္တဲ့အမႈမွာေတာ့ ၿမဲတမ္းပါတမ္းပါတယ္။ အမႈတိုင္းနည္းနည္းပါတယ္ေလ။ အဲဒီ ဦးဦးရယ္ကို က်ေနာ္တို႔က ပုဒ္မ ၆/၁ နဲ႔ တရားစြဲထားတယ္။ ထြက္ေျပးတယ္ေပါ့ေနာ္။ ဖမ္းဆီးရမိျခင္းမရွိဘူး။ ဒါ့ေၾကာင့္ တရားခံေျပးအျဖစ္ တရားစြဲတယ္။ တရားစြဲတဲ့ၾကားထဲမွာ သတင္းရလို႔ ဖမ္းထားတာ။ ” ဦးဦးရယ္ကို လြိဳင္ေကာ္ၿမိဳ႕နယ္ ခလရ ၂၅၀ နဲ႔ ၃၅၆ တပ္ႏွစ္တပ္လုံးက အမႈဖြင့္ထားတယ္လို႔လည္း စခန္းမႉးက ေျပာပါတယ္။ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ေဒါမူကလားေက်း႐ြာမွာ ဇြန္လ ၂၁ ရက္က တပ္သိမ္းေျမယာေပၚမွာ ေတာင္သူေတြက ျပန္ရယူဖို႔ႀကိဳးစားရင္း ေတာင္သူ ဦးရွားရယ္နဲ႔ သြားေရာက္မွတ္တမ္းတင္တဲ့ ျပည္နယ္လႊတ္ေတာ္ ေကာ္မတီအဖြဲ႕ဝင္ ဦးကိုရယ္စိုးၫြန႔္ကို ပုဒ္မ ၆/၁ နဲ႔ဖမ္းဆီးထားခဲ့ၿပီး သူ႔တို႔နဲ႔အမႈတြဲ ဦးဦးရယ္ကိုဒီကေန႔ ဖမ္းဆီးတာလို႔ ကရင္နီျပည္ေတာင္သူလယ္သမားသမဂၢ ဥကၠ႒ ခူးတူရယ္က ေျပာပါတယ္။ “အဓိကက ဇြန္လ ၂၁ ရက္ေန႔မွာ စစ္တပ္က သူတို႔ ေတာင္သူေတြရဲ႕လယ္ယာၿခံေျမကို တပ္ပိုင္ေျမအျဖစ္ၿခံစည္း႐ိုးကာမယ္ဆိုၿပီးေတာ့ လုပ္တယ္။ ေတာင္သူေတြက သူတို႔လယ္ယာေျမက စစ္တပ္ဧရိယာထဲမွာ ပါသြားမွာစိုးရိမ္တဲ့အတြက္ ဒီစစ္တပ္ စိုက္ထားတဲ့အုတ္တိုင္ေတြကို သူတို႔က ဆြဲႏုတ္တာေတြ အဲလိုမ်ိဳး ရွိရင္ရွိမွာေပါ့။ အဲလိုရွိခဲ့ေတာ့ စစ္တပ္က ဒါက ျပည္သူပိုင္ပစၥည္းကို ဖ်က္စီးတယ္ဆိုၿပီးေတာ့ ပုဒ္မ ၆/၁ ကိုတပ္ၿပီး‌ေတာ့ တရားစြဲတယ္ဆိုတဲ့သေဘာပါပဲ။ ” ဩဂုတ္ ၂၆ ရက္ေန႔ကလည္း ဒီးေမာ့ဆိုၿမိဳ႕နယ္တရား႐ုံးမွာ ပုဒ္မ ၄၄၇ နဲ႔ တရားရင္ဆိုင္ေနရတဲ့ ေဒါဆိုေရွ႕ေက်း႐ြာက ေတာင္သူ ၁၅ ဦးထဲက ေတာင္သူ ၆ ဦးကိုလည္း အေျမာက္တပ္ရင္းအမွတ္ ၃၆၀ က ျပည္သူပိုင္ပစၥည္းဖ်က္ဆီးမႈ ဥပေဒပုဒ္မ ၆ (၁) နဲ႔ ထပ္မံတရားစြဲ ဖမ္းဆီးခဲ့ပါတယ္။ ဒါ့ေၾကာင့္ ကယားျပည္နယ္မွာ ေျမယာကိစၥနဲ႔ပတ္သက္ၿပီး တရားစြဲဆိုခံရတဲ့ ေဒသခံေတာင္သူ ၂၀ ခန႔္ရွိၿပီး ေထာင္ခ်ဳပ္နဲ႔တရားရင္ဆိုင္ရသူတဲ့ေတာင္သူ ၉ ဦးရွိေနပါတယ္။ လြိဳင္ေကာ္ၿမိဳ႕နယ္ ေျမနီကုန္း၊ လြယ္တမူ၊ ပႀကဲ၊ ေဒါမူကလား၊ ဖာတီမာ စတဲ့ ေက်း႐ြာေတြက ေတာင္သူေတြရဲ႕ ဘိုးဘြားပိုင္ ေျမဧက ၁၀၀ ေလာက္မွာ တပ္ပိုင္ေျမဟုဆိုကာ ေဒသခံေတာင္သူေတြ ထြန္ယက္စိုက္ပ်ိဳးမႈကို တားျမစ္ထားေၾကာင္းသိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024