Home
မြန်မာသတင်း
ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း၏ ကျန်းမာရေးအာမခံ ဆရာဝန်ခေါ်စစ်ဆေးရန်အမိန့်ချ
သော်ဇင်မျိုး
·
August 28, 2019
အလွဲသုံးစားမှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌ ဟောင်း ဦးစံမင်းအောင်ရဲ့ ကျန်းမာရေးအာမခံလျှောက်ထားမှုကို သက်ဆိုင်ရာဆရာဝန်ကိုခေါ်ယူ စစ်ဆေးပြီးမှသာ အာမခံပေးသင့်မပေးသင့်ဆုံးဖြတ်ဖို့ တရားရုံးက ဒီကနေ့ရုံးချိန်မှာ ကြားဖြတ် အမိန့်ချခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်အနေနဲ့ လွှတ်တော် အတွက် ကားငါးစီးဝယ်ယူတဲ့ကိစ္စမှာ အလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခံခဲ့ရတာဖြစ်ပါတယ်။ ကော်မရှင်က အဂတိအမှုအရအရေးယူလို့မရဘဲ သက်ဆိုင်ရာလွှတ်တော်ကသာ ဆက်လက်ဆောင်ရွက်ဖို့ ပြန်ကြားခဲ့တာကြောင့် လွှတ်တော်က အလွဲသုံးစားမှုရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ပြီး ဆက်လက်ဆောင်ရွက်ခဲ့တာပါ။ ဦးစံမင်းအောင်ရဲ့ရှေ့နေကတော့ ဦးစံမင်းအောင်အနေနဲ့ ကျန်းမာရေးမကောင်းတာကြောင့် အာမခံလျှောက်ထားတာဖြစ်ပြီး တရားရုံးရဲ့ ညွှန်ကြားချက်အတိုင်း ဆရာဝန်ခေါ်စစ်ပြီး ဆက်လျှောက်သွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဦး ကပြောပါတယ်။ တရားရုံးရဲ့မှုခင်းစီမံခန့်ခွဲမှုအစီစဉ်အရ အမှုကို ရက်ပေါင်း ၂၇၀ နဲ့ စစ်ဆေးကြားနာဖို့ ဆုံးဖြတ်ထားပြီး ရုံးချိန်းကို လာမယ့်သောကြာနေ့ ဩဂုတ်လ ၃ရက်နေ့ကိုချိန်းဆိုထားတယ်လို့ ပုသိမ်မြို့နယ်တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်း ကပြောပါတယ်။ ဦးစံမင်းအောင်ကတော့ မိမိကိုယ်ကိုယ်ယုံကြည်ပြီး ဥပဒေအတိုင်း ဖြေရှင်းဆောင်ရွက် သွားမယ်လို့ မီဒီယာတွေကို ဖြေကြားထားပါတယ်။
ဧရာဝတီတိုင္းလႊတ္ေတာ္ ဒုဥကၠ႒ေဟာင္း၏ က်န္းမာေရးအာမခံ ဆရာဝန္ေခၚစစ္ေဆးရန္အမိန႔္ခ် ေသာ္ဇင္မ်ိဳး အလြဲသုံးစားမႈနဲ႔ ဖမ္းဆီးတရားစြဲခံေနရတဲ့ ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္ဒုဥကၠ႒ ေဟာင္း ဦးစံမင္းေအာင္ရဲ႕ က်န္းမာေရးအာမခံေလွ်ာက္ထားမႈကို သက္ဆိုင္ရာဆရာဝန္ကိုေခၚယူ စစ္ေဆးၿပီးမွသာ အာမခံေပးသင့္မေပးသင့္ဆုံးျဖတ္ဖို႔ တရား႐ုံးက ဒီကေန႔႐ုံးခ်ိန္မွာ ၾကားျဖတ္ အမိန႔္ခ်ခဲ့ပါတယ္။ ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္ဒုဥကၠ႒ေဟာင္း ဦးစံမင္းေအာင္အေနနဲ႔ လႊတ္ေတာ္ အတြက္ ကားငါးစီးဝယ္ယူတဲ့ကိစၥမွာ အလြဲသုံးစားလုပ္ခဲ့တယ္ဆိုၿပီး အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ကို တိုင္ၾကားခံခဲ့ရတာျဖစ္ပါတယ္။ ေကာ္မရွင္က အဂတိအမႈအရအေရးယူလို႔မရဘဲ သက္ဆိုင္ရာလႊတ္ေတာ္ကသာ ဆက္လက္ေဆာင္႐ြက္ဖို႔ ျပန္ၾကားခဲ့တာေၾကာင့္ လႊတ္ေတာ္က အလြဲသုံးစားမႈရာဇသတ္ႀကီး ပုဒ္မ ၄၀၉ နဲ႔ ပုသိမ္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္လွစ္ၿပီး ဆက္လက္ေဆာင္႐ြက္ခဲ့တာပါ။ ဦးစံမင္းေအာင္ရဲ႕ေရွ႕ေနကေတာ့ ဦးစံမင္းေအာင္အေနနဲ႔ က်န္းမာေရးမေကာင္းတာေၾကာင့္ အာမခံေလွ်ာက္ထားတာျဖစ္ၿပီး တရား႐ုံးရဲ႕ ၫႊန္ၾကားခ်က္အတိုင္း ဆရာဝန္ေခၚစစ္ၿပီး ဆက္ေလွ်ာက္သြားမယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ဦး ကေျပာပါတယ္။ တရား႐ုံးရဲ႕မႈခင္းစီမံခန႔္ခြဲမႈအစီစဥ္အရ အမႈကို ရက္ေပါင္း ၂၇၀ နဲ႔ စစ္ေဆးၾကားနာဖို႔ ဆုံးျဖတ္ထားၿပီး ႐ုံးခ်ိန္းကို လာမယ့္ေသာၾကာေန႔ ဩဂုတ္လ ၃ရက္ေန႔ကိုခ်ိန္းဆိုထားတယ္လို႔ ပုသိမ္ၿမိဳ႕နယ္တရားသူႀကီး ေဒၚခင္ျမတ္ျမတ္ထြန္း ကေျပာပါတယ္။ ဦးစံမင္းေအာင္ကေတာ့ မိမိကိုယ္ကိုယ္ယုံၾကည္ၿပီး ဥပေဒအတိုင္း ေျဖရွင္းေဆာင္႐ြက္ သြားမယ္လို႔ မီဒီယာေတြကို ေျဖၾကားထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024