အသင်းပြောင်းရွှေ့ရန် အဆင်မပြေသဖြင့်  အဲရစ်ဆင် စပါးအသင်းတွင် ဆက်ရှိမည်

စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ အသင်းပြောင်းရွှေ့ဖို့ အဆင်မပြေ ဖြစ်ခဲ့တာကြောင့် အသင်းမှာပဲ ဆက်လက် ကစားရဖို့ ရှိနေပါတယ်။ ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့ပြီး လက်ရှိ နွေရာသီ အပြောင်းအရွှေ့နဲ့ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းချခြင်းမပြုခဲ့ဘူး ဆိုရင်တော့ စပါးအသင်းဘက်က အလွတ်ပြောင်းရွှေ့ခွင့် ပေးရတော့မှာပါ။ အဲရစ်ဆင်ကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူလိုနေပေမယ့် ပေါင်သန်း ၅၀ ပဲ ပေးချေဖို့ ဆန္ဒရှိတာကြောင့် စပါးအသင်းက လက်မခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲရစ်ဆင်အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ရောက်မှသာ အပြောင်းအရွှေ့ကိစ္စကို ဆက်ပြီး စဉ်းစားမယ်လို့ သိရပါတယ်။  ဓာတ်ပုံ-Getty Images ~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အသင္းေျပာင္းေ႐ႊ႕ရန္ အဆင္မေျပသျဖင့္  အဲရစ္ဆင္ စပါးအသင္းတြင္ ဆက္ရွိမည္ စပါးအသင္းရဲ႕ ကြင္းလယ္ကစားသမား အဲရစ္ဆင္ဟာ အသင္းေျပာင္းေ႐ႊ႕ဖို႔ အဆင္မေျပ ျဖစ္ခဲ့တာေၾကာင့္ အသင္းမွာပဲ ဆက္လက္ ကစားရဖို႔ ရွိေနပါတယ္။ ဒိန္းမတ္လက္ေ႐ြးစင္ အဲရစ္ဆင္ဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တႏွစ္သာ က်န္ရွိေတာ့ၿပီး လက္ရွိ ေႏြရာသီ အေျပာင္းအေ႐ႊ႕နဲ႔ လာမယ့္ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ေရာင္းခ်ျခင္းမျပဳခဲ့ဘူး ဆိုရင္ေတာ့ စပါးအသင္းဘက္က အလြတ္ေျပာင္းေ႐ႊ႕ခြင့္ ေပးရေတာ့မွာပါ။ အဲရစ္ဆင္ကို ရီးရဲလ္မက္ဒရစ္အသင္းက ေခၚယူလိုေနေပမယ့္ ေပါင္သန္း ၅၀ ပဲ ေပးေခ်ဖို႔ ဆႏၵရွိတာေၾကာင့္ စပါးအသင္းက လက္မခံခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ အဲရစ္ဆင္အေနနဲ႔ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ေရာက္မွသာ အေျပာင္းအေ႐ႊ႕ကိစၥကို ဆက္ၿပီး စဥ္းစားမယ္လို႔ သိရပါတယ္။ ဓာတ္ပုံ-Getty Images

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up