ယူ-၂၀ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လျှောက်ထားမှုကနေ မြန်မာ နုတ်ထွက်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ထိုင်းဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး လာမယ့် ၂၀၂၁ ခုနှစ် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ လျှောက်ထားမယ့် အစီအစဉ်ကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ သြဂုတ် ၂၇ ရက်က ထိုင်းနိုင်ငံ ပတ္တရားမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။  “ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား အိမ်ရှင် လျှောက်ထားမှုနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ထိုင်း ၂ နိုင်ငံလုံးက အင်ဒိုနီးရှားကို ကျင်းပခွင့်ရဖို့အတွက် ထောက်ခံအားပေးသွားမှာပါ။ ပြီးတော့ မြန်မာနဲ့ ထိုင်း ဘောလုံးအဖွဲ့ချုပ်တွေဘက်က အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို ပြသပြီး အင်ဒိုနီးရှားကို ထောက်ခံ အားပေးခဲ့တာ ဖြစ်ပါတယ်”  ဒါကြောင့် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင် လျှောက်ထားမှုကို အာဆီယံဒေသက အင်ဒိုနီးရှား တနိုင်ငံကပဲ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ရာတူ တီရှာဒက်စ်ထရီရာက “အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကနေ အင်ဒိုနီးရှားတနိုင်ငံပဲ ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလား အိမ်ရှင် ကျင်းပခွင့်အတွက် မူလကအတိုင်းပဲ ပေါ်ထွက်လာခဲ့လို့ အလွန်ပျော်ရွှင်မိပါတယ်။ ဒီလို နောက်ဆုံး အခြေအနေတွေကြောင့် အာဆီယံနိုင်ငံတွေအားလုံးက ကမ္ဘာ့အဆင့် ဘောလုံးပြိုင်ပွဲတရပ်ကို လက်ခံ ကျင်းပနိုင်အောင် လုပ်ဆောင်မယ့် ကျနော့်ကို အားပေးထောက်ခံကြဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားကို အာရှတိုက်က ဘာရိန်း၊ ဆော်ဒီအာရေဗျ၊ ယူအေအီး သုံးနိုင်ငံကလည်း ပူးတွဲလက်ခံကျင်းပဖို့ လျှောက်ထားခဲ့ပါတယ်။ ဒါ့အပြင် ဘရာဇီး၊ ပီရူးနိုင်ငံတွေကလည်း အိမ်ရှင်အဖြစ် လက်ခံ ကျင်းပဖို့ လျှောက်ထားခဲ့ပါတယ်။  ဘယ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရမလဲ ဆိုတာကတော့ လာမယ့် အောက်တိုဘာ ၂၃ ရက်မှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာကောင်စီအစည်းအဝေးမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ -AFF/ U KoKoThein ~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ယူ-၂၀ ကမာၻ႔ဖလား အိမ္ရွင္အျဖစ္ ေလွ်ာက္ထားမႈကေန ျမန္မာ ႏုတ္ထြက္ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ထိုင္းေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ ပူးေပါင္းၿပီး လာမယ့္ ၂၀၂၁ ခုႏွစ္ အသက္ ၂၀ ႏွစ္ေအာက္ ကမာၻ႔ဖလားအိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔ ေလွ်ာက္ထားမယ့္ အစီအစဥ္ကေန ႏုတ္ထြက္လိုက္ၿပီ ျဖစ္ပါတယ္။ ၾသဂုတ္ ၂၇ ရက္က ထိုင္းႏိုင္ငံ ပတၱရားမွာ ျပဳလုပ္ခဲ့တဲ့ အာဆီယံေဘာလုံးအဖြဲ႕ခ်ဳပ္ အစည္းအေဝးမွာ အတည္ျပဳ ဆုံးျဖတ္ခဲ့တာ ျဖစ္တယ္လို႔ ထိုင္းႏိုင္ငံမွာ ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးကိုကိုသိန္းက ဒီဗြီဘီကို အတည္ျပဳေျပာပါတယ္။ “ဖီဖာ ယူ-၂၀ ကမာၻ႔ဖလား အိမ္ရွင္ ေလွ်ာက္ထားမႈနဲ႔ ပတ္သက္ၿပီး ျမန္မာနဲ႔ ထိုင္း ၂ ႏိုင္ငံလုံးက အင္ဒိုနီးရွားကို က်င္းပခြင့္ရဖို႔အတြက္ ေထာက္ခံအားေပးသြားမွာပါ။ ၿပီးေတာ့ ျမန္မာနဲ႔ ထိုင္း ေဘာလုံးအဖြဲ႕ခ်ဳပ္ေတြဘက္က အာဆီယံရဲ႕ စည္းလုံးညီၫြတ္မႈကို ျပသၿပီး အင္ဒိုနီးရွားကို ေထာက္ခံ အားေပးခဲ့တာ ျဖစ္ပါတယ္” ဒါေၾကာင့္ ဖီဖာ ယူ-၂၀ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အိမ္ရွင္ ေလွ်ာက္ထားမႈကို အာဆီယံေဒသက အင္ဒိုနီးရွား တႏိုင္ငံကပဲ ဆက္လက္ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။ အာဆီယံ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒လည္းျဖစ္၊ အင္ဒိုနီးရွားေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉးလည္းျဖစ္တဲ့ ရာတူ တီရွာဒက္စ္ထရီရာက “အာဆီယံ ေဘာလုံးအဖြဲ႕ခ်ဳပ္ကေန အင္ဒိုနီးရွားတႏိုင္ငံပဲ ၂၀၂၁ ယူ-၂၀ ကမာၻ႔ဖလား အိမ္ရွင္ က်င္းပခြင့္အတြက္ မူလကအတိုင္းပဲ ေပၚထြက္လာခဲ့လို႔ အလြန္ေပ်ာ္႐ႊင္မိပါတယ္။ ဒီလို ေနာက္ဆုံး အေျခအေနေတြေၾကာင့္ အာဆီယံႏိုင္ငံေတြအားလုံးက ကမာၻ႔အဆင့္ ေဘာလုံးၿပိဳင္ပြဲတရပ္ကို လက္ခံ က်င္းပႏိုင္ေအာင္ လုပ္ေဆာင္မယ့္ က်ေနာ့္ကို အားေပးေထာက္ခံၾကဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာပါတယ္။ ၂၀၂၁ ခုႏွစ္ ဖီဖာ ယူ-၂၀ ကမာၻ႔ဖလားကို အာရွတိုက္က ဘာရိန္း၊ ေဆာ္ဒီအာေရဗ်၊ ယူေအအီး သုံးႏိုင္ငံကလည္း ပူးတြဲလက္ခံက်င္းပဖို႔ ေလွ်ာက္ထားခဲ့ပါတယ္။ ဒါ့အျပင္ ဘရာဇီး၊ ပီ႐ူးႏိုင္ငံေတြကလည္း အိမ္ရွင္အျဖစ္ လက္ခံ က်င္းပဖို႔ ေလွ်ာက္ထားခဲ့ပါတယ္။ ဘယ္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံ က်င္းပခြင့္ရမလဲ ဆိုတာကေတာ့ လာမယ့္ ေအာက္တိုဘာ ၂၃ ရက္မွာ တ႐ုတ္ႏိုင္ငံမွာ က်င္းပမယ့္ ဖီဖာေကာင္စီအစည္းအေဝးမွာ ဆုံးျဖတ္မွာ ျဖစ္ပါတယ္။ ဓာတ္ပုံ -AFF/ U KoKoThein

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up