Home
မြန်မာသတင်း
အာဖရိကဝက်အပြင်းဖျား ရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အင်းတော်တွင် ကျင်းပ
DVB
·
August 28, 2019
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အာဖရိက ဝက်အပြင်းဖျားရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို သြဂုတ် ၂၇ ရက်က စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနရုံးမှာ ပြုလုပ်ပါတယ်။ မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဦးကျော်မင်းသူက “အာဖရိက ဝက်အပြင်းဖျားရောဂါက ဝက်နားရွက်ပြာထက် သေဆုံးနှုန်းများတယ်။ ဖြစ်လာရင် သေဖို့ပဲရှိတယ် မဖြစ်လာဖို့ပဲ အဓိက ဆောင်ရွက်တယ်။ အင်းတော်မှာဖြစ်တဲ့ ရောဂါတွေက ဒီပြင် မြို့နယ်တွေက သယ်ဆောင်လာရင်းနဲ့ ဖြစ်ကြတာပေါ့။ အခုဆို စုပေါင်းဂိတ်ရှိတယ်။ မွေးကုဌာန ကနေ နေ့စဉ် ၂၄ နာရီဝန်ဆောင်မှုပေးတယ်၊ စစ်ဆေးမှုတွေ လုပ်နေတယ်။ အင်းတော်မြို့နယ်ထဲ ဝင်လာရင် အမြန်ဆုံးသိရမယ်။ သိရပြီဆို ထိန်းချုပ်မှုလုပ်ငန်းတွေ မြန်မြန်ဆောင်ရွက်နိုင်မယ်”လို့ ပြောပါတယ်။ ဝက်မွေးမြူရေးလုပ်ငန်းရှင် ဦးစံဦးက “ဒီရောဂါ ဖြစ်လာရင် ဖြစ်တဲ့ရာခိုင်နှုန်း အားလုံးနီးနီး ဟာ သေဆုံးဆုံးရှုံးမှုများတဲ့ အတွက်ကြောင့် မို့မွေးမြူသူတွေမှာ အင်မတန်မှထိခိုက်နစ်နာမှုများတဲ့ အတွက်ကြောင့်မို့ ဒီဌာနကနေ ဒီလိုလုပ်ပေးတာ သဘောကျပါတယ်။ ဒီဌာနဟာ သူ့ဖွဲ့စည်းပုံအရ ဝန်ထမ်း ၁၁ ယောက်ရှိရမှာ ၆ ယောက်နဲ့လုပ်နေရတယ် အပြင်က ဆရာဝန်တွေကလည်း ကူညီပေးဖို့တာဝန်ရှိပါတယ်” လို့ပြောပါတယ်။ အာဖရိက ဝက်အပြင်းဖျားရောဂါဟာ အာဖရိကနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး ရုရှားမှ တရုတ်သို့ ၂၀၁၈ ခုနှစ်မှာ ရောက်ရှိခဲ့ပါတယ်။  တရုတ်နိုင်ငံမှ မွန်ဂို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယား၊ လာအိုနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဇွန်လတွင် ရောက်ရှိခဲ့ကာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့များတွင်ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်း- ကိုကိုလင်း(အင်းတော်)
အာဖရိကဝက္အျပင္းဖ်ား ေရာဂါဆိုင္ရာ အသိပညာေပး ေဟာေျပာပြဲ အင္းေတာ္တြင္ က်င္းပ DVB ျမန္မာႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ အာဖရိက ဝက္အျပင္းဖ်ားေရာဂါဆိုင္ရာ အသိပညာေပး ေဟာေျပာပြဲကို ၾသဂုတ္ ၂၇ ရက္က စစ္ကိုင္းတိုင္း၊ ကသာခ႐ိုင္၊ အင္းေတာ္ၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီး ဌာန႐ုံးမွာ ျပဳလုပ္ပါတယ္။ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးမႉး ဦးေက်ာ္မင္းသူက “အာဖရိက ဝက္အျပင္းဖ်ားေရာဂါက ဝက္နား႐ြက္ျပာထက္ ေသဆုံးႏႈန္းမ်ားတယ္။ ျဖစ္လာရင္ ေသဖို႔ပဲရွိတယ္ မျဖစ္လာဖို႔ပဲ အဓိက ေဆာင္႐ြက္တယ္။ အင္းေတာ္မွာျဖစ္တဲ့ ေရာဂါေတြက ဒီျပင္ ၿမိဳ႕နယ္ေတြက သယ္ေဆာင္လာရင္းနဲ႔ ျဖစ္ၾကတာေပါ့။ အခုဆို စုေပါင္းဂိတ္ရွိတယ္။ ေမြးကုဌာန ကေန ေန႔စဥ္ ၂၄ နာရီဝန္ေဆာင္မႈေပးတယ္၊ စစ္ေဆးမႈေတြ လုပ္ေနတယ္။ အင္းေတာ္ၿမိဳ႕နယ္ထဲ ဝင္လာရင္ အျမန္ဆုံးသိရမယ္။ သိရၿပီဆို ထိန္းခ်ဳပ္မႈလုပ္ငန္းေတြ ျမန္ျမန္ေဆာင္႐ြက္ႏိုင္မယ္”လို႔ ေျပာပါတယ္။ ဝက္ေမြးျမဴေရးလုပ္ငန္းရွင္ ဦးစံဦးက “ဒီေရာဂါ ျဖစ္လာရင္ ျဖစ္တဲ့ရာခိုင္ႏႈန္း အားလုံးနီးနီး ဟာ ေသဆုံးဆုံးရႈံးမႈမ်ားတဲ့ အတြက္ေၾကာင့္ မို႔ေမြးျမဴသူေတြမွာ အင္မတန္မွထိခိုက္နစ္နာမႈမ်ားတဲ့ အတြက္ေၾကာင့္မို႔ ဒီဌာနကေန ဒီလိုလုပ္ေပးတာ သေဘာက်ပါတယ္။ ဒီဌာနဟာ သူ႔ဖြဲ႕စည္းပုံအရ ဝန္ထမ္း ၁၁ ေယာက္ရွိရမွာ ၆ ေယာက္နဲ႔လုပ္ေနရတယ္ အျပင္က ဆရာဝန္ေတြကလည္း ကူညီေပးဖို႔တာဝန္ရွိပါတယ္” လို႔ေျပာပါတယ္။ အာဖရိက ဝက္အျပင္းဖ်ားေရာဂါဟာ အာဖရိကႏိုင္ငံမွာ စတင္ျဖစ္ပြားခဲ့ၿပီး ႐ုရွားမွ တ႐ုတ္သို႔ ၂၀၁၈ ခုႏွစ္မွာ ေရာက္ရွိခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံမွ မြန္ဂို၊ ဗီယက္နမ္၊ ကေမာၻဒီးယား၊ ေျမာက္ကိုရီးယား၊ လာအိုႏိုင္ငံမွတဆင့္ ျမန္မာႏိုင္ငံသို႔ ၂၀၁၉ ခုႏွစ္ ဇြန္လတြင္ ေရာက္ရွိခဲ့ကာ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္၊ မိုင္းျဖတ္၊ က်ိဳင္းတုံၿမိဳ႕မ်ားတြင္ျဖစ္ပြားခဲ့ၿပီး ေရာဂါျဖစ္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ သတင္း- ကိုကိုလင္း(အင္းေတာ္)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024