Home
မြန်မာသတင်း
မဏ္ဍိုင် ၃ ရပ်နှင့် အရာတော်မြို့နယ် ဒေသခံလူထုတွေ့ဆုံ
Aung Ko Latt
·
August 28, 2019
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့ သီရိရတနာခန်းမမှာ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ တိုင်းတရားရေးဌာနစတဲ့ မဏ္ဍိုင် ၃ ရပ်နဲ့ ဒေသခံ ပြည်သူတွေ တွေ့ဆုံပွဲကို ဩဂုတ် ၂၈ ရက်က ပြုလုပ်ပါတယ်။  ဒီအခမ်းအနားကို အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒေသခံကိုယ်စားလှယ်တွေ၊ တိုင်းတရားရေးဌာနက တာဝန်ရှိသူတွေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေနဲ့ ဒေသခံပြည်သူတွေ ၁၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။  ဒီတွေ့ဆုံပွဲမှာ သိမ်းဆည်းမြေကိစ္စ၊ စည်ပင်သာယာရေးကိစ္စ၊ ကျန်းမာရေး၊ မီးလင်းရေး၊ ကျုးကျော်၊ လမ်းတံတားကိစ္စတွေကို ဒေသခံတွေက မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဌာနအလိုက်ဆောင်ရွက်ချက်တွေကိုလည်း ရှင်းလင်းတင်ပြခဲ့ကြပါတယ်။  မဏ္ဍိုင် ၃ ရပ်တွေ့ဆုံပွဲတွေကို အရာတော်အပြင် ဘုတလင်၊ ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်၊ ယင်းမာပင်၊ စစ်ကိုင်း စတဲ့မြို့တွေမှာလည်း တရက်ကို နှစ်မြို့နှုန်းနဲ့ ကျင်းပနေတာဖြစ်ပါတယ်။  အခုလိုတွေ့ဆုံပွဲတွေပြုလုပ်ပြီး ပြည်သူတွေတင်ပြချင်တာ တင်ပြခွင့်ရအောင် လုပ်ပေးတဲ့ အတွက် ဒေသခံတွေကတော့ ကျေးဇူးတင်နေကြပေမယ့် သက်တမ်းကုန်ခါနီးမှ လုပ်တဲ့အပေါ်မှာတော့ အားမလိုအားမရဖြစ်တာတွေလည်း ရှိပါတယ်။  အစိုးရအနေနဲ့ကတော့ ပြည်သူနဲ့အတူဆိုတဲ့အတိုင်း ပြည်သူတွေရဲ့ ဆန္ဒကို ရင်းနှီး ပွင့်လင်းစွာနဲ့ တင်ပြခွင့်၊ မေးမြန်းခွင့်ရအောင် လုပ်ဆောင်တာဖြစ်ပြီး အစိုးရက တာဝန်ယူ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုလည်း ပြည်သူတွေ သိရှိနားလည်အောင် လုပ်ရတာဖြစ်တယ်လို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက ပြောပါတယ်။  လတ်တလောမှာတော့ ဒီလိုတွေ့ဆုံပွဲတွေကို စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၀ မြို့နယ်လောက်မှာ ပြုလုပ်ပြီးလည်း ဖြစ်ပါတယ်။
မ႑ိဳင္ ၃ ရပ္ႏွင့္ အရာေတာ္ၿမိဳ႕နယ္ ေဒသခံလူထုေတြ႕ဆုံ ေအာင္ကိုလတ္ စစ္ကိုင္းတိုင္းေဒသႀကီး၊ အရာေတာ္ၿမိဳ႕ သီရိရတနာခန္းမမွာ စစ္ကိုင္းတိုင္း အစိုးရအဖြဲ႕၊ တိုင္းေဒသႀကီးလႊတ္ေတာ္နဲ႔ တိုင္းတရားေရးဌာနစတဲ့ မ႑ိဳင္ ၃ ရပ္နဲ႔ ေဒသခံ ျပည္သူေတြ ေတြ႕ဆုံပြဲကို ဩဂုတ္ ၂၈ ရက္က ျပဳလုပ္ပါတယ္။ ဒီအခမ္းအနားကို အစိုးရအဖြဲ႕မွ ဝန္ႀကီးခ်ဳပ္ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ဝင္ေတြ၊ တိုင္းလႊတ္ေတာ္ဥကၠ႒နဲ႔ ေဒသခံကိုယ္စားလွယ္ေတြ၊ တိုင္းတရားေရးဌာနက တာဝန္ရွိသူေတြ၊ တိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာေတြနဲ႔ ေဒသခံျပည္သူေတြ ၁၀၀၀ ဝန္းက်င္ တက္ေရာက္ခဲ့ၾကပါတယ္။ ဒီေတြ႕ဆုံပြဲမွာ သိမ္းဆည္းေျမကိစၥ၊ စည္ပင္သာယာေရးကိစၥ၊ က်န္းမာေရး၊ မီးလင္းေရး၊ က်ဳးေက်ာ္၊ လမ္းတံတားကိစၥေတြကို ေဒသခံေတြက ေမးျမန္းခဲ့ၾကၿပီး သက္ဆိုင္ရာ တာဝန္ရွိသူေတြက ဌာနအလိုက္ေဆာင္႐ြက္ခ်က္ေတြကိုလည္း ရွင္းလင္းတင္ျပခဲ့ၾကပါတယ္။ မ႑ိဳင္ ၃ ရပ္ေတြ႕ဆုံပြဲေတြကို အရာေတာ္အျပင္ ဘုတလင္၊ ဒီပဲယင္း၊ ေရဦး၊ တန႔္ဆည္၊ ယင္းမာပင္၊ စစ္ကိုင္း စတဲ့ၿမိဳ႕ေတြမွာလည္း တရက္ကို ႏွစ္ၿမိဳ႕ႏႈန္းနဲ႔ က်င္းပေနတာျဖစ္ပါတယ္။ အခုလိုေတြ႕ဆုံပြဲေတြျပဳလုပ္ၿပီး ျပည္သူေတြတင္ျပခ်င္တာ တင္ျပခြင့္ရေအာင္ လုပ္ေပးတဲ့ အတြက္ ေဒသခံေတြကေတာ့ ေက်းဇူးတင္ေနၾကေပမယ့္ သက္တမ္းကုန္ခါနီးမွ လုပ္တဲ့အေပၚမွာေတာ့ အားမလိုအားမရျဖစ္တာေတြလည္း ရွိပါတယ္။ အစိုးရအေနနဲ႔ကေတာ့ ျပည္သူနဲ႔အတူဆိုတဲ့အတိုင္း ျပည္သူေတြရဲ႕ ဆႏၵကို ရင္းႏွီး ပြင့္လင္းစြာနဲ႔ တင္ျပခြင့္၊ ေမးျမန္းခြင့္ရေအာင္ လုပ္ေဆာင္တာျဖစ္ၿပီး အစိုးရက တာဝန္ယူ ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းေတြကိုလည္း ျပည္သူေတြ သိရွိနားလည္ေအာင္ လုပ္ရတာျဖစ္တယ္လို႔ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြက ေျပာပါတယ္။ လတ္တေလာမွာေတာ့ ဒီလိုေတြ႕ဆုံပြဲေတြကို စစ္ကိုင္းတိုင္းအတြင္းက ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္ေလာက္မွာ ျပဳလုပ္ၿပီးလည္း ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024