ပိတ်ဆို့ဒဏ်ခတ်မှု မဖယ်ရှားပါက အမေရိကန်နှင့် ဆွေးနွေးမည်မဟုတ်ဟု အီရန်သမ္မတပြော

အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှု အားလုံးကို ဖယ်ရှားမပေးခင်မှာ အမေရိကန်နဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန်သမ္မတ ဟတ်ဆန် ရောင်ဟာနီက သြဂုတ် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန် နျူကလီးယားအရေး မတိုးသာ မဆုတ်သာ ဖြစ်နေတာကို အဆုံးသတ်ဖို့ ကြိုးစားတဲ့အနေနဲ့ သူနဲ့ အီရန်သမ္မတတို့ တွေ့ဆုံမယ်လို့ တနင်္လာနေ့က ပြောခဲ့အပြီး ခုလို တုံ့ပြန်လိုက်တာပါ။ အီရန်ရဲ့ နျူကလီးယား အစီအစဉ် နဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်ကြား ၂၀၁၅ မှာ သဘောတူစာချုပ် ချုပ်ထားပါတယ်။ အမေရိကန်က စာချုပ်ကနေ နုတ်ထွက်ပြီး အီရန်အပေါ် ဒဏ်ခတ်မှု ပြန်ကျင့်သုံးခဲ့တာပါ။ အီရန်ရဲ့ စီးပွားရေး ကြွေးမြီကင်းရှင်းစေဖို့ နိုင်ငံတွေက ဘယ်လို လမ်းဖွင့်ပေးမလဲ ဆိုတဲ့ နည်းလမ်းတွေအတွက် ဆွေးနွေးပွဲတွေကို လုပ်ဖို့ စီစဉ်နေတယ်လို့ ထရမ့်က ပြောပါတယ်။ အီရန်ရဲ့ ဆုံးရှုံးမှုတွေကို လျော်ကြေးပေးဖို့ စီးပွားရေး ဒဏ်ခတ်မှု ပယ်ဖျက်ပေးရေး တောင်းဆိုချက်ကို ထရမ့်က ပယ်ချပါတယ်။ အရှေ့အလယ်ပိုင်းက ကြားခံစစ်တပ်တွေကို အီရန်က ပံ့ပိုးမှု အဆုံးသတ်ဖို့နဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေကို ကန့်သတ်ရေး ပိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ဖို့ အီရန်ကို ဖိအားပေးနိုင်ရေးအတွက် ဖိအား အများဆုံး ပေးရမယ် ဆိုတဲ့ မူဝါဒကို ထရမ့်က ကိုင်စွဲထားတာပါ။ အီရန်နဲ့ အမေရိကန်အကြား ထိပ်တိုက်တွေ့မှု နက်ရှိုင်းလာတာကို ဖျန်ဖြေရေးအတွက် စာချုပ်မှာ လက်မှတ်အတူထိုးထားတဲ့ ဥရောပ အစိုးရတွေ ကြိုးစားနေကြပါတယ်။  ဓာတ်ပုံ- Brecorder ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ပိတ္ဆို႔ဒဏ္ခတ္မႈ မဖယ္ရွားပါက အေမရိကန္ႏွင့္ ေဆြးေႏြးမည္မဟုတ္ဟု အီရန္သမၼတေျပာ အီရန္အေပၚ ပိတ္ဆို႔ဒဏ္ခတ္မႈ အားလုံးကို ဖယ္ရွားမေပးခင္မွာ အေမရိကန္နဲ႔ ေဆြးေႏြးမွာ မဟုတ္ဘူးလို႔ အီရန္သမၼတ ဟတ္ဆန္ ေရာင္ဟာနီက ၾသဂုတ္ ၂၇ ရက္မွာ ေျပာလိုက္ပါတယ္။ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က အီရန္ န်ဴကလီးယားအေရး မတိုးသာ မဆုတ္သာ ျဖစ္ေနတာကို အဆုံးသတ္ဖို႔ ႀကိဳးစားတဲ့အေနနဲ႔ သူနဲ႔ အီရန္သမၼတတို႔ ေတြ႕ဆုံမယ္လို႔ တနလၤာေန႔က ေျပာခဲ့အၿပီး ခုလို တုံ႔ျပန္လိုက္တာပါ။ အီရန္ရဲ႕ န်ဴကလီးယား အစီအစဥ္ နဲ႔ ပတ္သက္ၿပီး ကမာၻ႔အင္အားႀကီး ၆ ႏိုင္ငံနဲ႔ အီရန္ၾကား ၂၀၁၅ မွာ သေဘာတူစာခ်ဳပ္ ခ်ဳပ္ထားပါတယ္။ အေမရိကန္က စာခ်ဳပ္ကေန ႏုတ္ထြက္ၿပီး အီရန္အေပၚ ဒဏ္ခတ္မႈ ျပန္က်င့္သုံးခဲ့တာပါ။ အီရန္ရဲ႕ စီးပြားေရး ေႂကြးၿမီကင္းရွင္းေစဖို႔ ႏိုင္ငံေတြက ဘယ္လို လမ္းဖြင့္ေပးမလဲ ဆိုတဲ့ နည္းလမ္းေတြအတြက္ ေဆြးေႏြးပြဲေတြကို လုပ္ဖို႔ စီစဥ္ေနတယ္လို႔ ထရမ့္က ေျပာပါတယ္။ အီရန္ရဲ႕ ဆုံးရႈံးမႈေတြကို ေလ်ာ္ေၾကးေပးဖို႔ စီးပြားေရး ဒဏ္ခတ္မႈ ပယ္ဖ်က္ေပးေရး ေတာင္းဆိုခ်က္ကို ထရမ့္က ပယ္ခ်ပါတယ္။ အေရွ႕အလယ္ပိုင္းက ၾကားခံစစ္တပ္ေတြကို အီရန္က ပံ့ပိုးမႈ အဆုံးသတ္ဖို႔နဲ႔ ပဲ့ထိန္းဒုံးက်ည္ အစီအစဥ္ေတြကို ကန႔္သတ္ေရး ပိုက်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးႏိုင္ဖို႔ အီရန္ကို ဖိအားေပးႏိုင္ေရးအတြက္ ဖိအား အမ်ားဆုံး ေပးရမယ္ ဆိုတဲ့ မူဝါဒကို ထရမ့္က ကိုင္စြဲထားတာပါ။ အီရန္နဲ႔ အေမရိကန္အၾကား ထိပ္တိုက္ေတြ႕မႈ နက္ရႈိင္းလာတာကို ဖ်န္ေျဖေရးအတြက္ စာခ်ဳပ္မွာ လက္မွတ္အတူထိုးထားတဲ့ ဥေရာပ အစိုးရေတြ ႀကိဳးစားေနၾကပါတယ္။ ဓာတ္ပုံ- Brecorder

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up