A d v e r t i s e m e n t With Us

ဘန်ကောက်တွင် အိပ်ချ်အိုင်ဗွီပိုးရှိသူ ၇၇၀၀၀ ကျော်ရှိဟု ဒုတိယ မြို့တော်ဝန်ပြော

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာနေထိုင်တဲ့ အိပ်ချ်အိုင်ဗွီပိုးရှိသူ ခန့်မှန်းခြေ ၇၇၅၀၀ လောက် ရှိနေပြီး သူတို့ထဲက ၁၁၉၀ ဦးဟာ အခုနှစ်ထဲမှာ ကူးစက်ခံရသူတွေ ဖြစ်တယ်လို့ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ ဒုမြို့တော်ဝန် ဒုတိယဗိုလ်ချုပ်ကြီး ဆိုဖွန် ဖီဆူသီဝေါင်းက သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ ခုလို ပြောလိုက်တာဖြစ်ပြီး ဒီကိန်းဂဏန်း အချက်အလက်တွေဟာ ဘန်ကောက်မြို့တော်မှာ နေထိုင်ကြတဲ့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်နေသူတွေကို စောင့်ကြည့်ထိန်းချုပ်တဲ့ စနစ်အရ သိရှိခဲ့ရတာ ဖြစ်ပါတယ်။ အခုနှစ်အတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူ  အယောက် ၁၁၉၀ ထဲက ၆၂၈ ယောက်ကတော့ အသက် ၂၅ နှစ်အောက် အရွယ်တွေ ဖြစ်ပြီး အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးသူ ၁၈၇၇ ယောက် ရှိတယ်လို့ ဒုတိယမြို့တော်ဝန်က ဆိုပါတယ်။ အမျိုးသားကျန်းမာရေးဌာနက ရရှိတဲ့ စာရင်းဇယားတွေအရ ဘန်ကောက်မြို့မှာ နေထိုင်တဲ့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူတွေထဲက ၅၅၁၂၃ ယောက်ကတော့  အေအာတီဆေးတွေ ရရှိနေကြတယ်လို့ ဆိုဖွန်က ပြောပါတယ်။ လတ်တလောမှာတော့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ နည်းပညာ အသုံးပြုပြီး အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူတွေကို အကောင်းဆုံး စောင့်ရှောက်မှု ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။  သတင်း- The Nation ၊ ဓာတ်ပုံ- CNN ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘန်ကောက်တွင် အိပ်ခ်ျအိုင်ဗွီပိုးရှိသူ ၇၇၀၀၀ ကျော်ရှိဟု ဒုတိယ မြို့တော်ဝန်ပြော ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာနေထိုင်တဲ့ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ ခန့်မှန်းခြေ ၇၇၅၀၀ လောက် ရှိနေပြီး သူတို့ထဲက ၁၁၉၀ ဦးဟာ အခုနှစ်ထဲမှာ ကူးစက်ခံရသူတွေ ဖြစ်တယ်လို့ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့၊ ဒုမြို့တော်ဝန် ဒုတိယဗိုလ်ချုပ်ကြီး ဆိုဖွန် ဖီဆူသီဝေါင်းက သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲတခုမှာ ခုလို ပြောလိုက်တာဖြစ်ပြီး ဒီကိန်းဂဏန်း အချက်အလက်တွေဟာ ဘန်ကောက်မြို့တော်မှာ နေထိုင်ကြတဲ့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နေသူတွေကို စောင့်ကြည့်ထိန်းချုပ်တဲ့ စနစ်အရ သိရှိခဲ့ရတာ ဖြစ်ပါတယ်။ အခုနှစ်အတွင်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ  အယောက် ၁၁၉၀ ထဲက ၆၂၈ ယောက်ကတော့ အသက် ၂၅ နှစ်အောက် အရွယ်တွေ ဖြစ်ပြီး အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးသူ ၁၈၇၇ ယောက် ရှိတယ်လို့ ဒုတိယမြို့တော်ဝန်က ဆိုပါတယ်။ အမျိုးသားကျန်းမာရေးဌာနက ရရှိတဲ့ စာရင်းဇယားတွေအရ ဘန်ကောက်မြို့မှာ နေထိုင်တဲ့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူတွေထဲက ၅၅၁၂၃ ယောက်ကတော့  အေအာတီဆေးတွေ ရရှိနေကြတယ်လို့ ဆိုဖွန်က ပြောပါတယ်။ လတ်တလောမှာတော့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ နည်းပညာ အသုံးပြုပြီး အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူတွေကို အကောင်းဆုံး စောင့်ရှောက်မှု ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်း- The Nation ၊ ဓာတ်ပုံ- CNN

A d v e r t i s e m e n t With Us

More News
Up