Live
Home
မြန်မာသတင်း
သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းပေါ်ရှိ တံတားတစင်း ထပ်မံဖောက်ခွဲဖျက်ဆီးခံရ
ခွန်ဇော်ဦး
·
August 28, 2019
မြန်မာ-တရုတ် ဒုတိယကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းကြောင်းပေါ်မှာရှိတဲ့ နားတီကျေးရွာအဝင်က ကွန်ကရစ်တံတားကို ထပ်မံဖောက်ခွဲဖျက်ဆီးခံ ခဲ့ရတာကြောင့် သြဂုတ် ၂၇ ရက်ညက တံတားကျိုးကျ ပျက်ဆီးသွားပါတယ်။ နမ့်စလပ်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံတဦးက "တံတားပျက်သွားတာ ကြားရတော့ သေချာအောင်လို့ ရဲစခန်းကို ဖုန်းဆက်မေးကြည့်တော့ ရဲစခန်းက ဟုတ်တယ်လို့ အတည်ပြု ဖြေကြားပါတယ်" ပြောပါတယ်။ အခုကျိုးကျပျက်ဆီးသွားတဲ့ တံတားဟာ သြဂုတ် ၁၇ ရက်နေ့က ပထမအကြိမ် ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။ ပထမအကြိမ် ဖျက်ဆီးစဉ်က တံတားမှာ အပေါက်သာ ပေါက်သွားပြီး သြဂုတ်၂၇ ရက်နေ့ညမှာ ထပ်မံဖောက်ခွဲဖျက်ဆီးခံရလို့ ကျိုးကျသွားခဲ့တာဖြစ်ပါတယ်။ ဒီတံတား ကျိုးကျပျက်ဆီးသွားတဲ့အတွက် မြန်မာ-တရုတ် ဒုတိယကုန်သွယ်ရေးလမ်း ကြောင်းဟာ ထပ်မံ ရပ်တန့်သွားပါတယ်။ ပင်မကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး-မူဆယ်လမ်းကြောင်းမှာလည်း ပစ်ခတ်မှု တွေရှိနေတာကြောင့် မူဆယ်၊ ကွတ်ခိုင်ကြား လမ်းပိတ်ဆို့နေဆဲဖြစ်ပါတယ်။  မနေ့က ကုန်တင်ကားကြီး တချို့ရဲ့ ဘီးတွေကို ပစ်ဖောက်ခံခဲ့ရပါတယ်။ ဒါ့အပြင် အိမ်စီးကားတစီးလည်း အပစ်ခံရလို့ ခရီးသည်တဦး ထိခိုက်ဒါဏ်ရာရခဲ့ပါတယ်။ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းပိုင်းပေါ်က ဖျက်ဆီးခံခဲ့ရတဲ့ တခြားတံတား ၂ စင်း ကတော့ ယာယီသံဘောင်ဘေလီတံတားထိုးပြီး သွားလာလို့ရအောင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။  လက်ရှိစစ်ရေးအခြေအနေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားတဲ့ နယ်မြေတွေ ပိုမိုကျယ်ပြန့်လာပြီး မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင် ၃ ဖွဲ့နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
သိႏၷီ-ကြမ္းလုံ-ခ်င္းေ႐ႊေဟာ္လမ္းေပၚရွိ တံတားတစင္း ထပ္မံေဖာက္ခြဲဖ်က္ဆီးခံရ ခြန္ေဇာ္ဦး ျမန္မာ-တ႐ုတ္ ဒုတိယကုန္သြယ္ေရး လမ္းေၾကာင္းျဖစ္တဲ့ သိႏၷီ-ကြမ္းလုံ-ခ်င္းေ႐ႊေဟာ္ လမ္းေၾကာင္းေပၚမွာရွိတဲ့ နားတီေက်း႐ြာအဝင္က ကြန္ကရစ္တံတားကို ထပ္မံေဖာက္ခြဲဖ်က္ဆီးခံ ခဲ့ရတာေၾကာင့္ ၾသဂုတ္ ၂၇ ရက္ညက တံတားက်ိဳးက် ပ်က္ဆီးသြားပါတယ္။ နမ့္စလပ္ေက်း႐ြာမွာေနထိုင္တဲ့ ေဒသခံတဦးက "တံတားပ်က္သြားတာ ၾကားရေတာ့ ေသခ်ာေအာင္လို႔ ရဲစခန္းကို ဖုန္းဆက္ေမးၾကည့္ေတာ့ ရဲစခန္းက ဟုတ္တယ္လို႔ အတည္ျပဳ ေျဖၾကားပါတယ္" ေျပာပါတယ္။ အခုက်ိဳးက်ပ်က္ဆီးသြားတဲ့ တံတားဟာ ၾသဂုတ္ ၁၇ ရက္ေန႔က ပထမအႀကိမ္ ေဖာက္ခြဲ ဖ်က္ဆီးခံခဲ့ရပါတယ္။ ပထမအႀကိမ္ ဖ်က္ဆီးစဥ္က တံတားမွာ အေပါက္သာ ေပါက္သြားၿပီး ၾသဂုတ္၂၇ ရက္ေန႔ညမွာ ထပ္မံေဖာက္ခြဲဖ်က္ဆီးခံရလို႔ က်ိဳးက်သြားခဲ့တာျဖစ္ပါတယ္။ ဒီတံတား က်ိဳးက်ပ်က္ဆီးသြားတဲ့အတြက္ ျမန္မာ-တ႐ုတ္ ဒုတိယကုန္သြယ္ေရးလမ္း ေၾကာင္းဟာ ထပ္မံ ရပ္တန႔္သြားပါတယ္။ ပင္မကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္တဲ့ မႏၲေလး-မူဆယ္လမ္းေၾကာင္းမွာလည္း ပစ္ခတ္မႈ ေတြရွိေနတာေၾကာင့္ မူဆယ္၊ ကြတ္ခိုင္ၾကား လမ္းပိတ္ဆို႔ေနဆဲျဖစ္ပါတယ္။ မေန႔က ကုန္တင္ကားႀကီး တခ်ိဳ႕ရဲ႕ ဘီးေတြကို ပစ္ေဖာက္ခံခဲ့ရပါတယ္။ ဒါ့အျပင္ အိမ္စီးကားတစီးလည္း အပစ္ခံရလို႔ ခရီးသည္တဦး ထိခိုက္ဒါဏ္ရာရခဲ့ပါတယ္။ သိႏၷီ-ကြမ္းလုံ-ခ်င္းေ႐ႊေဟာ္လမ္းပိုင္းေပၚက ဖ်က္ဆီးခံခဲ့ရတဲ့ တျခားတံတား ၂ စင္း ကေတာ့ ယာယီသံေဘာင္ေဘလီတံတားထိုးၿပီး သြားလာလို႔ရေအာင္ ေဆာင္႐ြက္ထားၿပီး ျဖစ္ပါတယ္။ လက္ရွိစစ္ေရးအေျခအေနကေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ စစ္ေရးလႈပ္ရွားတဲ့ နယ္ေျမေတြ ပိုမိုက်ယ္ျပန႔္လာၿပီး ေျမာက္ပိုင္း မဟာမိတ္လက္နက္ကိုင္ ၃ ဖြဲ႕နဲ႔ အစိုးရတပ္ေတြ အၾကား တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024