ပွဲဦးထွက် ခြေစွမ်းပြခဲ့သည့် တိုက်စစ်မှူး လူကာကူကို အင်တာမီလန်နည်းပြ ကွန်တီ ချီးကျူး 

ပွဲဦးထွက်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူကို အင်တာမီလန် နည်းပြ ကွန်တီက ချီးကျူး ပြောကြားလိုက်ပါတယ်။ အီတလီ စီးရီးအေပွဲစဉ် ၁ ရဲ့ လက်ကျန်ပွဲစဉ်ကို ဩဂုတ် ၂၆ ရက်ညက ယှဉ်ပြိုင်ကစားခဲ့ရာမှာ အင်တာမီလန်အသင်းက တန်းတက် လက်ဆီအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာပါ။  အဲဒီပွဲမှာ မန်ယူနိုက်တက်အသင်းကနေ ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး လူကာကူက သူ့ရဲ့ စီးရီးအေ အဖွင့်ပွဲစဉ်မှာ ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ ကြိုးစားအားထုတ်မှု ပြသနိုင်ခဲ့ပြီး အနိုင်ဂိုး တဂိုးကိုလည်း ပွဲချိန် မိနစ် ၆၀ မှာ သွင်းယူနိုင်ခဲ့ပါတယ်။ လူကာကူရဲ့ အဖွင့်ပွဲစဉ် ခြေစွမ်းနဲ့ ပတ်သက်ပြီး အသင်းနည်းပြ ကွန်တီက ပွဲအပြီးမှာ ချီးကျူး ပြောကြားသွားခဲ့ပြီး ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ကစားသမား ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။  မိမိအနေနဲ့ အကောင်းဆုံးစိတ်ဓာတ်ရှိတဲ့ ကစားသမားတွေနဲ့ လက်တွဲရတာကို သဘောကျပြီး သူ့ကို ဘာကြောင့် အပြင်းအထန် ခေါ်ယူဖို့ ကြိုးစားခဲ့သလဲဆိုတာကို လူကာကူက ပြသသွားခဲ့တယ်လို့လည်း ကွန်တီက ဆိုခဲ့ပါတယ်။ လူကာကူဟာ ယဉ်ကျေးသိမ်မွေ့တဲ့ ဘီလူးတကောင် ဒါမှမဟုတ် အပြုံးတွေနဲ့ ဘီလူးတကောင်လို ကစားသမား ဖြစ်တယ်လို့လည်း ကွန်တီက ချီးကျူးသွားခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ပြဲဦးထြက္ ေျခစြမ္းျပခဲ့သည့္ တိုက္စစ္မႉး လူကာကူကို အင္တာမီလန္နည္းျပ ကြန္တီ ခ်ီးက်ဴး  ပြဲဦးထြက္မွာ ေျခစြမ္းျပသႏိုင္ခဲ့တဲ့ တိုက္စစ္မႉး လူကာကူကို အင္တာမီလန္ နည္းျပ ကြန္တီက ခ်ီးက်ဴး ေျပာၾကားလိုက္ပါတယ္။ အီတလီ စီးရီးေအပြဲစဥ္ ၁ ရဲ႕ လက္က်န္ပြဲစဥ္ကို ဩဂုတ္ ၂၆ ရက္ညက ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ အင္တာမီလန္အသင္းက တန္းတက္ လက္ဆီအသင္းကို ၄ ဂိုး ဂိုးမရွိနဲ႔ ဂိုးျပတ္ အႏိုင္ရခဲ့တာပါ။ အဲဒီပြဲမွာ မန္ယူႏိုက္တက္အသင္းကေန ေျပာင္းေ႐ႊ႕လာတဲ့ တိုက္စစ္မႉး လူကာကူက သူ႔ရဲ႕ စီးရီးေအ အဖြင့္ပြဲစဥ္မွာ ေကာင္းမြန္တဲ့ ေျခစြမ္းနဲ႔ ႀကိဳးစားအားထုတ္မႈ ျပသႏိုင္ခဲ့ၿပီး အႏိုင္ဂိုး တဂိုးကိုလည္း ပြဲခ်ိန္ မိနစ္ ၆၀ မွာ သြင္းယူႏိုင္ခဲ့ပါတယ္။ လူကာကူရဲ႕ အဖြင့္ပြဲစဥ္ ေျခစြမ္းနဲ႔ ပတ္သက္ၿပီး အသင္းနည္းျပ ကြန္တီက ပြဲအၿပီးမွာ ခ်ီးက်ဴး ေျပာၾကားသြားခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထိုက္တန္တဲ့ ကစားသမား ျဖစ္တယ္လို႔ ဆိုသြားခဲ့ပါတယ္။ မိမိအေနနဲ႔ အေကာင္းဆုံးစိတ္ဓာတ္ရွိတဲ့ ကစားသမားေတြနဲ႔ လက္တြဲရတာကို သေဘာက်ၿပီး သူ႔ကို ဘာေၾကာင့္ အျပင္းအထန္ ေခၚယူဖို႔ ႀကိဳးစားခဲ့သလဲဆိုတာကို လူကာကူက ျပသသြားခဲ့တယ္လို႔လည္း ကြန္တီက ဆိုခဲ့ပါတယ္။ လူကာကူဟာ ယဥ္ေက်းသိမ္ေမြ႕တဲ့ ဘီလူးတေကာင္ ဒါမွမဟုတ္ အၿပဳံးေတြနဲ႔ ဘီလူးတေကာင္လို ကစားသမား ျဖစ္တယ္လို႔လည္း ကြန္တီက ခ်ီးက်ဴးသြားခဲ့ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up