A d v e r t i s e m e n t With Us

ဆီးရီးယား အနောက်မြောက်ပိုင်းက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းက အီဒလစ်ပြည်နယ် အီဟေးစ်မ်ကျေးရွာမှာ သြဂုတ် ၂၆ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုမီဒီယာ စာမျက်နှာတွေပေါ်မှာ ပျံ့နှံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အီဒလစ်ပြည်နယ် တောင်ပိုင်းဒေသတွေမှာ မြေပြင်၊ ဝေဟင်တို့ကနေ တိုက်ခိုက်မှုတွေ အကြိမ်ရာချီ ဖြစ်ပွားခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ ရုရှား ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားအစိုးရတပ်က သူပုန်တွေ ထိန်းချုပ်ထားတဲ့ အီဒလစ်မြို့ကို ပြန်သိမ်းဖို့ လေကြောင်းကနေ တိုက်ခိုက်ပြီး ထိုးစစ်ဆင်နေတာပါ။ အီဒလစ်မြို့နဲ့ အီဒလစ်ပြည်နယ်ဝန်းကျင်ဟာ ဆီးရီးယား သူပုန်တွေ နောက်ဆုံး ခြေကုပ်ထားတဲ့ နယ်မြေတစိတ်တပိုင်းပါ။ ဆီးရီးယားအစိုးရနဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ သူပုန်တွေဆီက နယ်မြေ ပြန်သိမ်းမယ့် စစ်ဆင်ရေးအတွင်း အကြီးစားတိုက်ခိုက်ခဲ့ပြီး အခုသီတင်းပတ်မှာလည်း အီဒလစ်ပြည်နယ် တောင်ပိုင်းမှာ ထိုးစစ်ဆင်နေကြပါတယ်။ အဲဒီအခြေအနေတွေကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးလာနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဧပြီလ နှောင်းပိုင်းက စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ရာချီတဲ့လူတွေ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။  ဓာတ်ပုံ- AP ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဆီးရီးယား အေနာက္ေျမာက္ပိုင္းက ေက်း႐ြာ ေလေၾကာင္းတိုက္ခိုက္ခံရ ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္းက အီဒလစ္ျပည္နယ္ အီေဟးစ္မ္ေက်း႐ြာမွာ ၾသဂုတ္ ၂၆ ရက္ေန႔က ေလေၾကာင္းတိုက္ခိုက္မႈ ျဖစ္ပြားခဲ့တဲ့ ႐ုပ္သံဖိုင္ဟာ လူမႈမီဒီယာ စာမ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာပဲ အီဒလစ္ျပည္နယ္ ေတာင္ပိုင္းေဒသေတြမွာ ေျမျပင္၊ ေဝဟင္တို႔ကေန တိုက္ခိုက္မႈေတြ အႀကိမ္ရာခ်ီ ျဖစ္ပြားခဲ့တယ္လို႔ ၿဗိတိန္အေျခစိုက္ ဆီးရီးယား လူ႔အခြင့္အေရး ေစာင့္ၾကည့္အဖြဲ႕က ေျပာပါတယ္။ ႐ုရွား ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဆီးရီးယားအစိုးရတပ္က သူပုန္ေတြ ထိန္းခ်ဳပ္ထားတဲ့ အီဒလစ္ၿမိဳ႕ကို ျပန္သိမ္းဖို႔ ေလေၾကာင္းကေန တိုက္ခိုက္ၿပီး ထိုးစစ္ဆင္ေနတာပါ။ အီဒလစ္ၿမိဳ႕နဲ႔ အီဒလစ္ျပည္နယ္ဝန္းက်င္ဟာ ဆီးရီးယား သူပုန္ေတြ ေနာက္ဆုံး ေျခကုပ္ထားတဲ့ နယ္ေျမတစိတ္တပိုင္းပါ။ ဆီးရီးယားအစိုးရနဲ႔ ႐ုရွားတပ္ဖြဲ႕ဝင္ေတြဟာ သူပုန္ေတြဆီက နယ္ေျမ ျပန္သိမ္းမယ့္ စစ္ဆင္ေရးအတြင္း အႀကီးစားတိုက္ခိုက္ခဲ့ၿပီး အခုသီတင္းပတ္မွာလည္း အီဒလစ္ျပည္နယ္ ေတာင္ပိုင္းမွာ ထိုးစစ္ဆင္ေနၾကပါတယ္။ အဲဒီအေျခအေနေတြေၾကာင့္ အရပ္သားေတြ အစုလိုက္အၿပဳံလိုက္ ေနရပ္စြန႔္ခြာ ထြက္ေျပးလာႏိုင္တယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ ဧၿပီလ ေႏွာင္းပိုင္းက စတင္ခဲ့တဲ့ စစ္ဆင္ေရးအတြင္း ရာခ်ီတဲ့လူေတြ ေသဆုံးခဲ့တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။ ဓာတ္ပုံ- AP

A d v e r t i s e m e n t With Us

More News
Up