Home
မြန်မာသတင်း
ပန်းမြောင်းဘုရားတောင်ပေါ်က လက်နက်ကြီးဖြင့်လှမ်းပစ်နေသဖြင့် ဒေသခံများထိတ်လန့်နေ
DVB
·
August 27, 2019
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းအောင်မင်္ဂလာဘုရားတောင်ထိပ်ပေါ်မှာ မြန်မာတပ်မတော်က တပ်စွဲထားပြီးလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အနီးအနားက ဒေသခံတွေ ထိတ်လန့်နေကြပါတယ်။ အခုလို ပန်းမြောင်းအောင်မင်္ဂလာတောင်ထိပ်ကနေ မြန်မာ့တပ်မတော်က နေ့တိုင်းလိုလို အမြောက်ကြီးနဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေကို လှမ်းပစ်နေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတာပါ။ အဲ့ဒီလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပန်းမြောင်းတိုက်နေဆေးရုံ၊ စာသင်းကျောင်းတွေ စျေးဆိုင်အားလုံးပိတ်ထားကြပြီး ဒေသခံတွေကတော့ နီးစပ်ရာဆွေမျိုးတွေနဲ့ ဒုက္ခသည် စခန်းတွေကို ထွက်ပြေးသွားကြပါတယ်။ ပန်းမြောင်းစျေးကြီးဟာ အဲ့ဒီအနီးတဝိုက်ကျေးရွာ ၁၃ ရွာကလောက်ကဒေသခံတွေ အဓိကမှီခိုအားထားရတဲ့ စျေးဖြစ်ပြီး မြို့ပေါ်ကသာမက နယ်ကလူတွေပါ လာရောက်ရောင်းချနေကြတဲ့ စျေးကြီးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ကလည်း အဲ့ဒီအောင်မင်္ဂလာတောင်ထိပ်ကနေ လှမ်းပစ် လိုက်တဲ့ လက်နက်ကြီးကျည်ကျလို့ ပန်းမြောင်းစာသင်ကျောင်းရပ်ကွက် နေအိမ်တလုံးက မိသားစုဝင် ၃ ဦးသေဆုံးသွားပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ပန်းမြောင်းရွာ လက်နက်ကြီးအပစ်ခံရတာနဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မေးမြန်းရာမှာတော့ အေအေဘက်က ပစ်လို့မှန်တဲ့ ဗုံးသီးဖြစ်ပြီး အဲ့ဒီလက်နက်ကြီးက သူတို့ဘက်ပစ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ အလားတူ ရက္ခိုင့်တပ်တော် အေအေ ဘက်ကလည်း တပ်မတော်က ပစ်တယ်ဆိုပြီး ပြန်စွပ်စွဲထားပါတယ်။ ပန်းမြောင်းအောင်မင်္ဂလာတောင်ထိပ်ကနေ တပ်မတော်ကတပ်စွဲထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာနဲ့ပတ်သက်လို့ အနောက်ပိုင်း စစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးက “ပန်းမြောင်းရဲ့အရှေ့ဘက်ခြမ်း၊ လေးမြို့မြစ်ရဲ့အခြမ်း စစ်ဆင်ရေးနယ်မြေပဲ၊ ရခိုင်ပြည်နယ်တခုလုံး အားလုံး စစ်ဆင်ရေးနယ်မြေပဲလို့ သတ်မှတ်ထားတာ။ စစ်ဆင်ရေးနယ်မြေတွေမှာ ကျနော်တို့ နယ်မြေရှင်းမှာပဲ”လို့ ပြောပါတယ်။ အဲ့ဒီပန်းမြောင်းမှာ အိမ်ထောင်စု ၂၀၀၀ ကျော်ရှိပြီး အောင်မင်္ဂလာဘုရားတောင်ထိပ်ဟာ ပန်းမြောင်းရွာရဲ့အလယ်တည့်တည့်မှာ အနီးကပ်ဆုံးတည်နေတာဖြစ်ပါတယ်။ သတင်း-ဓာတ်ပုံ ဝဏ္ဏခွာညို
ပန္းေျမာင္းဘုရားေတာင္ေပၚက လက္နက္ႀကီးျဖင့္လွမ္းပစ္ေနသျဖင့္ ေဒသခံမ်ားထိတ္လန႔္ေန ဝဏၰခြာညိဳ ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ပန္းေျမာင္းေအာင္မဂၤလာဘုရားေတာင္ထိပ္ေပၚမွာ ျမန္မာတပ္မေတာ္က တပ္စြဲထားၿပီးလက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနလို႔ အနီးအနားက ေဒသခံေတြ ထိတ္လန႔္ေနၾကပါတယ္။ အခုလို ပန္းေျမာင္းေအာင္မဂၤလာေတာင္ထိပ္ကေန ျမန္မာ့တပ္မေတာ္က ေန႔တိုင္းလိုလို အေျမာက္ႀကီးနဲ႔ တိုက္ပြဲျဖစ္တဲ့ေနရာေတြကို လွမ္းပစ္ေနတာေၾကာင့္ ေဒသခံေတြက စိုးရိမ္ေနၾကတာပါ။ အဲ့ဒီလက္နက္ႀကီးပစ္ခတ္မႈေတြေၾကာင့္ ပန္းေျမာင္းတိုက္ေနေဆး႐ုံ၊ စာသင္းေက်ာင္းေတြ ေစ်းဆိုင္အားလုံးပိတ္ထားၾကၿပီး ေဒသခံေတြကေတာ့ နီးစပ္ရာေဆြမ်ိဳးေတြနဲ႔ ဒုကၡသည္ စခန္းေတြကို ထြက္ေျပးသြားၾကပါတယ္။ ပန္းေျမာင္းေစ်းႀကီးဟာ အဲ့ဒီအနီးတဝိုက္ေက်း႐ြာ ၁၃ ႐ြာကေလာက္ကေဒသခံေတြ အဓိကမွီခိုအားထားရတဲ့ ေစ်းျဖစ္ၿပီး ၿမိဳ႕ေပၚကသာမက နယ္ကလူေတြပါ လာေရာက္ေရာင္းခ်ေနၾကတဲ့ ေစ်းႀကီးလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၾသဂုတ္ ၂၄ ရက္ေန႔ကလည္း အဲ့ဒီေအာင္မဂၤလာေတာင္ထိပ္ကေန လွမ္းပစ္ လိုက္တဲ့ လက္နက္ႀကီးက်ည္က်လို႔ ပန္းေျမာင္းစာသင္ေက်ာင္းရပ္ကြက္ ေနအိမ္တလုံးက မိသားစုဝင္ ၃ ဦးေသဆုံးသြားၿပီး ၃ ဦး ျပင္းထန္ဒဏ္ရာရရွိခဲ့ပါတယ္။ ပန္းေျမာင္း႐ြာ လက္နက္ႀကီးအပစ္ခံရတာနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ေမးျမန္းရာမွာေတာ့ ေအေအဘက္က ပစ္လို႔မွန္တဲ့ ဗုံးသီးျဖစ္ၿပီး အဲ့ဒီလက္နက္ႀကီးက သူတို႔ဘက္ပစ္တာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ အလားတူ ရကၡိဳင့္တပ္ေတာ္ ေအေအ ဘက္ကလည္း တပ္မေတာ္က ပစ္တယ္ဆိုၿပီး ျပန္စြပ္စြဲထားပါတယ္။ ပန္းေျမာင္းေအာင္မဂၤလာေတာင္ထိပ္ကေန တပ္မေတာ္ကတပ္စြဲထားၿပီး လက္နက္ႀကီးနဲ႔ ပစ္ခတ္ေနတာနဲ႔ပတ္သက္လို႔ အေနာက္ပိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက “ပန္းေျမာင္းရဲ႕အေရွ႕ဘက္ျခမ္း၊ ေလးၿမိဳ႕ျမစ္ရဲ႕အျခမ္း စစ္ဆင္ေရးနယ္ေျမပဲ၊ ရခိုင္ျပည္နယ္တခုလုံး အားလုံး စစ္ဆင္ေရးနယ္ေျမပဲလို႔ သတ္မွတ္ထားတာ။ စစ္ဆင္ေရးနယ္ေျမေတြမွာ က်ေနာ္တို႔ နယ္ေျမရွင္းမွာပဲ”လို႔ ေျပာပါတယ္။ အဲ့ဒီပန္းေျမာင္းမွာ အိမ္ေထာင္စု ၂၀၀၀ ေက်ာ္ရွိၿပီး ေအာင္မဂၤလာဘုရားေတာင္ထိပ္ဟာ ပန္းေျမာင္း႐ြာရဲ႕အလယ္တည့္တည့္မွာ အနီးကပ္ဆုံးတည္ေနတာျဖစ္ပါတယ္။ သတင္း-ဓာတ္ပုံ ဝဏၰခြာညိဳ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024