မော်စကိုက ၁၄ ရာစုလက်ရာ ရှေးဟောင်းအမွေအနှစ် သီလရှင်ကျောင်း မီးလောင်

ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ ၁၄ ရာစုနှစ်က ဆောက်လုပ်ခဲ့တဲ့ သက်တမ်းအရှည်ကြာဆုံး ရှေးဟောင်းအမွေအနှစ် သီလရှင်ကျောင်း တကျောင်း သြဂုတ် ၂၆ ရက်နေ့က မီးလောင်ခဲ့ပါတယ်။
ရို့ဇ်ဂျက်စ်ဗန်စကင်မ် သီလရှင်ကျောင်းရဲ့ အိပ်ဆောင် အပေါ်ဆုံးထပ်ကနေ မီးစလောင်ခဲ့ပြီး စတုရန်းမီတာ ၄၀၀ နီးပါးကို မီးကူးစက်ခဲ့ပါတယ်။
အဲဒီ မီးလောင်မှုမှာ လူသေဆုံးမှု မရှိဘူးလို့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ လက်ရှိမှာတော့ အာဏာပိုင်တွေဟာ မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ဘယ်လောက် ပျက်စီး ဆုံးရှုံးသွားတယ် ဆိုတာကို စုံစမ်းစစ်ဆေးနေကြပါတယ်။
အဲဒီသီလရှင်ကျောင်းဟာ ပြင်ဆင်ဆောက်လုပ်ရာကနေ မီးလောင်တာ ဖြစ်နိုင်တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
ဓာတ်ပုံ: Telegraph/ @ira_laika
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေမာ္စကိုက ၁၄ ရာစုလက္ရာ ေရွးေဟာင္းအေမြအႏွစ္ သီလရွင္ေက်ာင္း မီးေလာင္
႐ုရွားႏိုင္ငံ ၿမိဳ႕ေတာ္ ေမာ္စကိုမွာ ၁၄ ရာစုႏွစ္က ေဆာက္လုပ္ခဲ့တဲ့ သက္တမ္းအရွည္ၾကာဆုံး ေရွးေဟာင္းအေမြအႏွစ္ သီလရွင္ေက်ာင္း တေက်ာင္း ၾသဂုတ္ ၂၆ ရက္ေန႔က မီးေလာင္ခဲ့ပါတယ္။
႐ို႕ဇ္ဂ်က္စ္ဗန္စကင္မ္ သီလရွင္ေက်ာင္းရဲ႕ အိပ္ေဆာင္ အေပၚဆုံးထပ္ကေန မီးစေလာင္ခဲ့ၿပီး စတုရန္းမီတာ ၄၀၀ နီးပါးကို မီးကူးစက္ခဲ့ပါတယ္။
အဲဒီ မီးေလာင္မႈမွာ လူေသဆုံးမႈ မရွိဘူးလို႔ အေရးေပၚ ကယ္ဆယ္ေရး ဝန္ထမ္းေတြက ေျပာပါတယ္။ လက္ရွိမွာေတာ့ အာဏာပိုင္ေတြဟာ မီးေလာင္ရတဲ့ အေၾကာင္းအရင္းနဲ႔ ဘယ္ေလာက္ ပ်က္စီး ဆုံးရႈံးသြားတယ္ ဆိုတာကို စုံစမ္းစစ္ေဆးေနၾကပါတယ္။
အဲဒီသီလရွင္ေက်ာင္းဟာ ျပင္ဆင္ေဆာက္လုပ္ရာကေန မီးေလာင္တာ ျဖစ္ႏိုင္တယ္လို႔ ႐ုရွားမီဒီယာေတြက ေဖာ္ျပပါတယ္။
ဓာတ္ပုံ: Telegraph/ @ira_laika