Home
မြန်မာသတင်း
ရွေးကောက်ပွဲကာလမဟုတ်ချိန်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းဟု ရေးသားမှု ဥပဒေနှင့်မညီ
အောင်ဆန်းဦး
·
August 27, 2019
ရွေးကောက်ပွဲမဟုတ်တဲ့အချိန်တွေမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုပြီး ရေးသားကြေညာတာဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိပေမယ့် အရေးယူဖို့လည်း  ဥပဒေပြဋ္ဌာန်း ထားတာ မရှိဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ သြဂုတ်လ ၂၇ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦအောင်စိုးမင်းမေးမြန်းတဲ့ "ရွေးကောက်ပွဲကာ လမဟုတ်သည့်အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဟု ရေးသားကြေငြာ ထားခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ၊ ရွေး ကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိပါက မည်ကဲ့သို့ အရေးယူဆောင် ရွက်မည်ကို သိရှိလိုခြင်းနှင့် တနိုင်ငံလုံးအတိုင်းအတာတွင် အလားတူဖြစ်စဉ်တွေ ဘယ်လောက်ရှိသလဲ၊ နောင်မဖြစ်အောင် ဘယ်လို စီစဉ်မလဲလို့ မေးတာကို ပြန်လည်ဖြေဆိုစဉ်မှာ ကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက အခုလို ပြောဆိုလိုက်တာပါ။ “ရွေးကောက်ပွဲမဟုတ်သည့်အချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဟု ရေးသားကြေညာထားခြင်းသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနဲ့ ညီညွတ်ခြင်းမရှိပါ။ သို့ရာတွင် ထိုကဲ့သို့ ရေးသား ကြေညာထားပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်ရမည်ကို သက်ဆိုင်ရာလွှတ် တော်ရွေးကောက်ပွဲဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်သုံးစွဲကာ ၎င်း၏ ပြုမူဆောင်ရွက် ချက်များအပေါ် အတည်ပြု၍ သက်ဆိုင်ရာတည်ဆဲဥပဒေတစ်ရပ်ရပ်အရသာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ရှင်လင်းဖြေကြားအပ်ပါတယ်” ဒီအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နောင်အလားတူဖြစ်စဉ်တွေ မပေါ်ပေါက်စေဖို့ ရွေးကောက်ပွဲကာလမဟုတ်တဲ့ အချိန်တွေမှာ လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်သုံးစွဲတာနဲ့ စပ်လျှဉ်းပြီး နိုင်ငံရေးပါတီတွေနဲ့ အခြားသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကို ကြေညာချက်ထုတ်ပြန်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်ဖို့ မရှိသေးပေ မယ့် လွှတ်တော်အနေနဲ့ ပြင်ဆင်ရေးလုပ်ဆောင်နိုင်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က လွှတ်တော်သို့ အကြံပြု တင်ပြခဲ့ပါတယ်။
ေ႐ြးေကာက္ပြဲကာလမဟုတ္ခ်ိန္၌ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဟု ေရးသားမႈ ဥပေဒႏွင့္မညီ ေအာင္ဆန္းဦး ေ႐ြးေကာက္ပြဲမဟုတ္တဲ့အခ်ိန္ေတြမွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဆိုၿပီး ေရးသားေၾကညာတာဟာ ဥပေဒနဲ႔ ညီၫြတ္မႈမရွိေပမယ့္ အေရးယူဖို႔လည္း ဥပေဒျပ႒ာန္း ထားတာ မရွိဘူးလို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေျပာပါတယ္။ ၾသဂုတ္လ ၂၇ ရက္က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ရွမ္းျပည္နယ္၊ ႐ြာငံၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦေအာင္စိုးမင္းေမးျမန္းတဲ့ "ေ႐ြးေကာက္ပြဲကာ လမဟုတ္သည့္အခ်ိန္တြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဟု ေရးသားေၾကျငာ ထားျခင္းသည္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ ညီၫြတ္ျခင္း ရွိ၊ မရွိ၊ ေ႐ြး ေကာက္ပြဲဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ ညီၫြတ္မႈမရွိပါက မည္ကဲ့သို႔ အေရးယူေဆာင္ ႐ြက္မည္ကို သိရွိလိုျခင္းႏွင့္ တႏိုင္ငံလုံးအတိုင္းအတာတြင္ အလားတူျဖစ္စဥ္ေတြ ဘယ္ေလာက္ရွိသလဲ၊ ေနာင္မျဖစ္ေအာင္ ဘယ္လို စီစဥ္မလဲလို႔ ေမးတာကို ျပန္လည္ေျဖဆိုစဥ္မွာ ေကာ္မရွင္ အဖြဲ႕ဝင္ ဦးသန္းေဌးက အခုလို ေျပာဆိုလိုက္တာပါ။ “ေ႐ြးေကာက္ပြဲမဟုတ္သည့္အခ်ိန္တြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဟု ေရးသားေၾကညာထားျခင္းသည္ သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒနဲ႔ ညီၫြတ္ျခင္းမရွိပါ။ သို႔ရာတြင္ ထိုကဲ့သို႔ ေရးသား ေၾကညာထားပါက မည္ကဲ့သို႔ အေရးယူေဆာင္႐ြက္ရမည္ကို သက္ဆိုင္ရာလႊတ္ ေတာ္ေ႐ြးေကာက္ပြဲဥပေဒတြင္ ျပ႒ာန္းထားျခင္းမရွိပါေၾကာင္းႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအမည္သုံးစြဲကာ ၎၏ ျပဳမူေဆာင္႐ြက္ ခ်က္မ်ားအေပၚ အတည္ျပဳ၍ သက္ဆိုင္ရာတည္ဆဲဥပေဒတစ္ရပ္ရပ္အရသာ ဆက္လက္ေဆာင္႐ြက္သင့္ပါေၾကာင္း ရွင္လင္းေျဖၾကားအပ္ပါတယ္” ဒီအတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ေနာင္အလားတူျဖစ္စဥ္ေတြ မေပၚေပါက္ေစဖို႔ ေ႐ြးေကာက္ပြဲကာလမဟုတ္တဲ့ အခ်ိန္ေတြမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း အမည္သုံးစြဲတာနဲ႔ စပ္လွ်ဥ္းၿပီး ႏိုင္ငံေရးပါတီေတြနဲ႔ အျခားသက္ဆိုင္တဲ့ အဖြဲ႕အစည္းေတြ၊ ပုဂၢိဳလ္ေတြကို ေၾကညာခ်က္ထုတ္ျပန္ေဆာင္႐ြက္သြားမယ္လို႔လည္း ဆိုပါတယ္။ လႊတ္ေတာ္ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒျပင္ဆင္ႏိုင္ေရးအတြက္ ေဆာင္႐ြက္ဖို႔ မရွိေသးေပ မယ့္ လႊတ္ေတာ္အေနနဲ႔ ျပင္ဆင္ေရးလုပ္ေဆာင္ႏိုင္တယ္လို႔လည္း ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္က လႊတ္ေတာ္သို႔ အႀကံျပဳ တင္ျပခဲ့ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024