နာမည်ကြီးမင်းသမီး ကီရာနိုက်တ်လေ ပါဝင်သည့် နိုင်ငံရေးနောက်ခံ ဟောလိဝုဒ်ရုပ်ရှင် – Official Secrets(နမူနာ)

နိုင်ငံရေးနောက်ခံ ဖြစ်ရပ်မှန်ဒရာမာ အမျိုးအစား ဟောလိဝုဒ်ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် Official Secrets ရုပ်ရှင်ကို လာမယ့် သြဂုတ်လ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကိုတော့ X-Men Origins: Wolverine ၊ Ender's Game စတဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် တောင်အာဖရိက ရုပ်ရှင်ဒါရိုက်တာ Gavin Hood က ရိုက်ကူးပုံ ဖော်ပေးထားတာ ဖြစ်ပါတယ်။
ဗြိတိန်-အမေရိကန် နိုင်ငံရေးနောက်ခံ ရုပ်ရှင်ကားတကားအနေနဲ့ ပုံဖော်ဖန်တီးထားတဲ့ ဒီကားကတော့ ဗြိတိန်အစိုးရ ထောက်လှမ်းရေးအမျိုးသမီး Katharine Gun အကြောင်းကို ရိုက်ကူးထားခဲ့တာပါ။ သူဟာ ဗြိတိန်အစိုးရ ဆက်သွယ်ရေးဆိုင်ရာ ရုံးချုပ် (GCH) ရဲ့ ဘာသာပြန်ဝန်ထမ်းဟောင်း တယောက် ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ အမေရိကန်အစိုးရရဲ့ အီရတ်အပေါ် ကျူးကျော်တိုက်ခိုက်ဖို့ တရားမဝင် လျှို့ဝှက်သတင်းအချက်အလက်တွေကို ဖော်ထုတ်ဖွင့်ချနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီအကြောင်းဟာ သတင်းစာမျက်နှာတွေပေါ်မှာ ဟိုးလေးတကြော် ဖြစ်ခဲ့တာမို့ ရုပ်ရှင်ကားထဲမှာ ဘယ်လို ပုံဖော်ဖန်တီးထားမလဲ ဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး Keira Knightley က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Matt Smith ၊ Matthew Goode ၊ Rhys Ifans ၊ Adam Bakri နဲ့ Ralph Fiennes စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက နာမည်ကြီး ရုပ်ရှင် ပွဲတော်တခု ဖြစ်တဲ့ Sundance Film Festival မှာ ကနဦး ပြသခဲ့တာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၁၂ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guidelines နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
နာမည္ႀကီးမင္းသမီး ကီရာႏိုက္တ္ေလ ပါဝင္သည့္ ႏိုင္ငံေရးေနာက္ခံ ေဟာလိဝုဒ္႐ုပ္ရွင္ - Official Secrets(နမူနာ)
ႏိုင္ငံေရးေနာက္ခံ ျဖစ္ရပ္မွန္ဒရာမာ အမ်ိဳးအစား ေဟာလိဝုဒ္႐ုပ္ရွင္ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကမယ့္ Official Secrets ႐ုပ္ရွင္ကို လာမယ့္ ၾသဂုတ္လ ၃၀ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။
ဒီ႐ုပ္ရွင္ကားကိုေတာ့ X-Men Origins: Wolverine ၊ Ender's Game စတဲ့ နာမည္ႀကီး ႐ုပ္ရွင္ကားေတြရဲ႕ ဖန္တီးရွင္ ေတာင္အာဖရိက ႐ုပ္ရွင္ဒါ႐ိုက္တာ Gavin Hood က ႐ိုက္ကူးပုံ ေဖာ္ေပးထားတာ ျဖစ္ပါတယ္။
ၿဗိတိန္-အေမရိကန္ ႏိုင္ငံေရးေနာက္ခံ ႐ုပ္ရွင္ကားတကားအေနနဲ႔ ပုံေဖာ္ဖန္တီးထားတဲ့ ဒီကားကေတာ့ ၿဗိတိန္အစိုးရ ေထာက္လွမ္းေရးအမ်ိဳးသမီး Katharine Gun အေၾကာင္းကို ႐ိုက္ကူးထားခဲ့တာပါ။ သူဟာ ၿဗိတိန္အစိုးရ ဆက္သြယ္ေရးဆိုင္ရာ ႐ုံးခ်ဳပ္ (GCH) ရဲ႕ ဘာသာျပန္ဝန္ထမ္းေဟာင္း တေယာက္ ျဖစ္ၿပီး ၂၀၀၃ ခုႏွစ္မွာ အေမရိကန္အစိုးရရဲ႕ အီရတ္အေပၚ က်ဴးေက်ာ္တိုက္ခိုက္ဖို႔ တရားမဝင္ လွ်ိဳ႕ဝွက္သတင္းအခ်က္အလက္ေတြကို ေဖာ္ထုတ္ဖြင့္ခ်ႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ဒီအေၾကာင္းဟာ သတင္းစာမ်က္ႏွာေတြေပၚမွာ ဟိုးေလးတေၾကာ္ ျဖစ္ခဲ့တာမို႔ ႐ုပ္ရွင္ကားထဲမွာ ဘယ္လို ပုံေဖာ္ဖန္တီးထားမလဲ ဆိုတာကိုေတာ့ မၾကာခင္မွာ ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။
ဒီကားထဲမွာေတာ့ ျမန္မာပရိသတ္ေတြ ရင္းႏွီးၿပီးသားျဖစ္တဲ့ ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မင္းသမီး Keira Knightley က ေခါင္းေဆာင္ပါဝင္ထားၿပီး တျခားသ႐ုပ္ေဆာင္ ေတြျဖစ္ၾကတဲ့ Matt Smith ၊ Matthew Goode ၊ Rhys Ifans ၊ Adam Bakri နဲ႔ Ralph Fiennes စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။
ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလက နာမည္ႀကီး ႐ုပ္ရွင္ ပြဲေတာ္တခု ျဖစ္တဲ့ Sundance Film Festival မွာ ကနဦး ျပသခဲ့တာ ျဖစ္ပါတယ္။
ၾကာျမင့္ခ်ိန္ ၁၁၂ မိနစ္ရွိတဲ့ ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္း ျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guidelines နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။