တောင်ကုတ်တွင် ကိုရင်ကြီး ၁ပါး အသတ်ခံရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ သြဂုတ်လ ၂၆ ရက် ညနေပိုင်းက ကိုရင်ကြီး တပါး လည်လှီးသတ်ဖြတ်ခံခဲ့ရတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
မနေ့ ညနေ ၃ နာရီလောက်မှာ တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာအနီးက ကိုးနဝင်းတောင်ထိပ်ကို စိတ်မနှံ့သူ တဦးရောက်ရှိလာပြီး သက်တော် (၇၈)နှစ်အရွယ် ကိုရင်ကြီး ဦးအာစာရကို သတ်ဖြတ်ခဲ့သွားတာလို့ ကင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းထွန်းက ပြောပါတယ်။
“စစ်တိုင်းရွာက သူကစိတ်ဖောက်နေတာ။ ကင်းတောင်မှာနေတဲ့ သူ့အမေက သူ့သားကို ဆေးကုဖို့သွားခေါ်တာ။ အဲဒီမှာထွက်ပြေးသွားပြီး ကင်းတောင်ရွာက ကိုးနဝင်းတောင်ထိပ်ကို ရောက်သွားတာ။ ရောက်သွားပြီးတော့ အဲဒီမှာနေတဲ့ ဘုန်းကြီးတွေကို ရန်ရှာပြီးတော့ ပြဿနာဖြစ်တယ်ပေါ့။ သူက စိတ်ဖောက်ပြီးတော့ အဲဒီမှာ ကိုရင်ကြီးကို ဓါးနဲ့ ခုတ်တာပေါ့လေ။ လည်ပင်းကို”လို့ ဦးသောင်းထွန်းက ပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက်မှာ အဲ့ဒီ တောင်ထိပ်မှာနေထိုင်တဲ့ နောက်ထပ် ရဟန်းတပါးနဲ့ သေဆုံးသွားတဲ့ ကိုရင်ကြီးဦးအာစာရရဲ့ သားဖြစ်တဲ့ ကိုရင်ငယ်တပါးတို့ ရွာထဲလာရောက် သတင်းပေးပို့လာလို့ရဲတပ်ဖွဲ့ရဲ့အကူအညီနဲ့ သတ်ဖြတ်သွားသူကို အခင်းဖြစ်တဲ့ နေရာမှာပဲ သွားရောက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုရင်ကြီးကို သတ်ဖြတ်သွားတဲ့သူဟာ စစ်ကိုင်းကျေးရွာကနေ ကင်းတောင်ကျေးရွာကို ဆေးကုသမှုခံယူဖို့ ရောက်ရှိနေတဲ့ အသက်(၃၄) နှစ်အရွယ် ဦးငပု (ခ) ဖိုးကျော်ဖြစ်ပြီး စိတ်မနှံ့သူဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
လက်ရှိမှာတော့ ပြစ်မှူးကျူးလွန်သူကို တောင်ကုတ်မြို့နယ် ရွာမကျေးရွာရဲစခန်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ တောင်ကုတ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
သတင်း-ဝဏ္ဏခွာညို
ေတာင္ကုတ္တြင္ ကိုရင္ႀကီး ၁ပါး အသတ္ခံရ
ဝဏၰခြာညိဳ
ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္မွာ ၾသဂုတ္လ ၂၆ ရက္ ညေနပိုင္းက ကိုရင္ႀကီး တပါး လည္လွီးသတ္ျဖတ္ခံခဲ့ရတယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ဒီဗြီဘီကို အတည္ျပဳေျပာပါတယ္။
မေန႔ ညေန ၃ နာရီေလာက္မွာ ေတာင္ကုတ္ၿမိဳ႕နယ္ ကင္းေတာင္ေက်း႐ြာအနီးက ကိုးနဝင္းေတာင္ထိပ္ကို စိတ္မႏွံ႔သူ တဦးေရာက္ရွိလာၿပီး သက္ေတာ္ (၇၈)ႏွစ္အ႐ြယ္ ကိုရင္ႀကီး ဦးအာစာရကို သတ္ျဖတ္ခဲ့သြားတာလို႔ ကင္းေတာင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေသာင္းထြန္းက ေျပာပါတယ္။
“စစ္တိုင္း႐ြာက သူကစိတ္ေဖာက္ေနတာ။ ကင္းေတာင္မွာေနတဲ့ သူ႔အေမက သူ႔သားကို ေဆးကုဖို႔သြားေခၚတာ။ အဲဒီမွာထြက္ေျပးသြားၿပီး ကင္းေတာင္႐ြာက ကိုးနဝင္းေတာင္ထိပ္ကို ေရာက္သြားတာ။ ေရာက္သြားၿပီးေတာ့ အဲဒီမွာေနတဲ့ ဘုန္းႀကီးေတြကို ရန္ရွာၿပီးေတာ့ ျပႆနာျဖစ္တယ္ေပါ့။ သူက စိတ္ေဖာက္ၿပီးေတာ့ အဲဒီမွာ ကိုရင္ႀကီးကို ဓါးနဲ႔ ခုတ္တာေပါ့ေလ။ လည္ပင္းကို”လို႔ ဦးေသာင္းထြန္းက ေျပာပါတယ္။
အခင္းျဖစ္ပြားၿပီးေနာက္မွာ အဲ့ဒီ ေတာင္ထိပ္မွာေနထိုင္တဲ့ ေနာက္ထပ္ ရဟန္းတပါးနဲ႔ ေသဆုံးသြားတဲ့ ကိုရင္ႀကီးဦးအာစာရရဲ႕ သားျဖစ္တဲ့ ကိုရင္ငယ္တပါးတို႔ ႐ြာထဲလာေရာက္ သတင္းေပးပို႔လာလို႔ရဲတပ္ဖြဲ႕ရဲ႕အကူအညီနဲ႔ သတ္ျဖတ္သြားသူကို အခင္းျဖစ္တဲ့ ေနရာမွာပဲ သြားေရာက္ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။
ကိုရင္ႀကီးကို သတ္ျဖတ္သြားတဲ့သူဟာ စစ္ကိုင္းေက်း႐ြာကေန ကင္းေတာင္ေက်း႐ြာကို ေဆးကုသမႈခံယူဖို႔ ေရာက္ရွိေနတဲ့ အသက္(၃၄) ႏွစ္အ႐ြယ္ ဦးငပု (ခ) ဖိုးေက်ာ္ျဖစ္ၿပီး စိတ္မႏွံ႔သူျဖစ္ေၾကာင္း ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။
လက္ရွိမွာေတာ့ ျပစ္မႉးက်ဴးလြန္သူကို ေတာင္ကုတ္ၿမိဳ႕နယ္ ႐ြာမေက်း႐ြာရဲစခန္းမွာ ဖမ္းဆီးထားၿပီး အမႈဖြင့္ေဆာင္႐ြက္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ ေတာင္ကုတ္ရဲတပ္ဖြဲ႕ တာဝန္ရွိသူေတြက ေျပာပါတယ္။
သတင္း-ဝဏၰခြာညိဳ