Home
မြန်မာသတင်း
ပဏာမအပစ်ရပ်စာချုပ်ကိစ္စ မိုင်းလားတွင်ဆွေးနွေးပါက အေအေအဖွဲ့ လက်ခံနိုင်
အောင်သူ
·
August 27, 2019
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် ၄ ဖွဲ့နဲ့ ပဏာမ အပစ်ရပ်စာချုပ်ပါအချက်တွေကို ဆွေးနွေးဖို့အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားမှာ တွေ့ဆုံမယ်ဆိုရင် သဘောတူနိုင်တဲ့အခြေနေမှာရှိနေတယ်လို့ ရက္ခိုင့်တပ်မတော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ ‘ဝ’ ဒေသပန်ဆန်း၊ တရုတ်နိုင်ငံကူမင်းနဲ့ မိုင်းလား ဒေသမှာတွေ့ဆုံလိုတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေအနေနဲ့ကတော့ အစိုးရနဲ့ တွေ့ဆုံမှုမှာ ဘယ်နေရာ မဆိုတွေ့ ဆုံနိုင်တယ်လို့ ဒီဗွီဘီကိုပြောထားပါတယ်။ တီအန်အယ်အေကတော့ တွေ့ဆုံနိုင်မယ့်နေရာအတွက် ခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးနေ ကြဆဲဖြစ်သလို မိုင်းလားမှာတွေ့ဆုံဖို့ သဘောတူမတူ မသိရသေးဘူးလို့ ဗိုလ်မှူးတာအိုက် ကျော်က ပြောပါတယ်။ မိုင်းလားမှာတွေ့ဆုံဖို့ အဆိုပြုတာကို ကေအိုင်အေဘက်ကအဆင်ပြေပေမယ့် ကျန် ၃ ဖွဲ့က အကြောင်း မပြန်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက သြဂုတ် ၂၀ ရက်နေ့က ချင်းမိုင်မှာ ပြောဆိုခဲ့ပါတယ်။ အစိုးရနဲ့မြောက်ပိုင်း ၄ ဖွဲ့ကြား ထပ်မံ တွေ့ဆုံနိုင်ရေးအတွက် နေရာညှိနိုင်း အဆင်မပြေသေးတာကြောင့် အခုထိ မတွေ့နိုင်သေးတာ ဖြစ်ပါတယ်။
ပဏာမအပစ္ရပ္စာခ်ဳပ္ကိစၥ မိုင္းလားတြင္ေဆြးေႏြးပါက ေအေအအဖြဲ႕ လက္ခံႏိုင္ ေအာင္သူ ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္ ၄ ဖြဲ႕နဲ႔ ပဏာမ အပစ္ရပ္စာခ်ဳပ္ပါအခ်က္ေတြကို ေဆြးေႏြးဖို႔အတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္း အထူးေဒသ ၄ မိုင္းလားမွာ ေတြ႕ဆုံမယ္ဆိုရင္ သေဘာတူႏိုင္တဲ့အေျခေနမွာရွိေနတယ္လို႔ ရကၡိဳင့္တပ္မေတာ္ (ေအေအ) ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ဒီဗြီဘီကို ပါတယ္။ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕ေတြအေနနဲ႔ ‘ဝ’ ေဒသပန္ဆန္း၊ တ႐ုတ္ႏိုင္ငံကူမင္းနဲ႔ မိုင္းလား ေဒသမွာေတြ႕ဆုံလိုတာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ ကခ်င္လက္နက္ကိုင္အဖြဲ႕ ေကအိုင္ေအအေနနဲ႔ကေတာ့ အစိုးရနဲ႔ ေတြ႕ဆုံမႈမွာ ဘယ္ေနရာ မဆိုေတြ႕ ဆုံႏိုင္တယ္လို႔ ဒီဗြီဘီကိုေျပာထားပါတယ္။ တီအန္အယ္ေအကေတာ့ ေတြ႕ဆုံႏိုင္မယ့္ေနရာအတြက္ ေခါင္းေဆာင္ပိုင္းေတြ ေဆြးေႏြးေန ၾကဆဲျဖစ္သလို မိုင္းလားမွာေတြ႕ဆုံဖို႔ သေဘာတူမတူ မသိရေသးဘူးလို႔ ဗိုလ္မႉးတာအိုက္ ေက်ာ္က ေျပာပါတယ္။ မိုင္းလားမွာေတြ႕ဆုံဖို႔ အဆိုျပဳတာကို ေကအိုင္ေအဘက္ကအဆင္ေျပေပမယ့္ က်န္ ၃ ဖြဲ႕က အေၾကာင္း မျပန္ေၾကာင္း သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေ႒းက ၾသဂုတ္ ၂၀ ရက္ေန႔က ခ်င္းမိုင္မွာ ေျပာဆိုခဲ့ပါတယ္။ အစိုးရနဲ႔ေျမာက္ပိုင္း ၄ ဖြဲ႕ၾကား ထပ္မံ ေတြ႕ဆုံႏိုင္ေရးအတြက္ ေနရာညႇိႏိုင္း အဆင္မေျပေသးတာေၾကာင့္ အခုထိ မေတြ႕ႏိုင္ေသးတာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024