ဗင်နီဇွဲလား ရွှေ့ပြောင်းဒုက္ခသည်များကြောင့်  အီကွေဒါနယ်စပ် ပိတ်ထား 

ဗင်နီဇွဲလားနိုင်ငံက ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အီကွေဒေါ အစိုးရက ကန့်သတ်မှုအသစ် ချမှတ်လိုက်ပြီးနောက်  သြဂုတ်လ ၂၆ ရက်နေ့မှာ အီကွေဒါနယ်စပ်ကို ပိတ်ထားလိုက်ပါတယ်။ ဒါကြောင့် အီကွေဒေါနယ်စပ်မှာ ရာချီတဲ့ ဗင်နီဇွဲလား ရွှေ့ပြောင်းဒုက္ခသည်တွေ တန်းစီ စောင့်ဆိုင်းနေကြပါတယ်။ အီကွေဒေါနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒ တင်းကျပ်မှု တစိတ်တပိုင်းအရ အီကွေဒေါနိုင်ငံထဲကို ဝင်မယ့် ဗင်နီဇွဲလား နိုင်ငံသားတွေအနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ လိုအပ်ပါတယ်။  အဲဒီစည်းမျဉ်းသစ် မထုတ်ပြန်ခင် ပြီးခဲ့တဲ့လက ကိုလံဘီယာကနေ အီကွေဒေါကို ရောက်လာတဲ့ ဗင်နီဇွဲလား ဒုက္ခသည် စုစုပေါင်း အယောက် ၈၅၀၀၀ ကျော် ရှိပါတယ်။  လက်ရှိမှာတော့ အီကွေဒေါနိုင်ငံမှာ နေထိုင်နေတဲ့ ဗင်နီဇွဲလား ဒုက္ခသည် အယောက် ၃၂၀၀၀၀ ကျော်ရှိပြီး အခုနှစ်ကုန်မှာ အယောက် ၅၀၀,၀၀၀ နီးပါးအထိ တိုးလာနိုင်တယ်လို့ အစိုးရက ခန့်မှန်းပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းနဲ့ နိုင်ငံရေး ပြဿနာတွေ ရင်ဆိုင်နေရတာကြောင့် နိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေကြတာပါ။  တခြား အိမ်နီးချင်းနိုင်ငံတွေနဲ့ မတူတာကတော့ ကိုလံဘီယာအစိုးရဟာ ဗင်နီဇွဲလား ဒုက္ခသည်တွေကို စည်းမျဉ်းတင်းကျပ်တာတွေ မလုပ်ဘဲ အဲဒီအစား နိုင်ငံထဲကို တရားဝင် စာရင်းသွင်း ဝင်လာကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါမှသာ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ခွင့်နဲ့ တခြား လူမှုဝန်ဆောင်မှုတွေကို တန်းတူ ရရှိမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ-AFP ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဗင္နီဇြဲလား ေ႐ႊ႕ေျပာင္းဒုကၡသည္မ်ားေၾကာင့္  အီေကြဒါနယ္စပ္ ပိတ္ထား  ဗင္နီဇြဲလားႏိုင္ငံက ထြက္ေျပးလာတဲ့ ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြနဲ႔ ပတ္သက္ၿပီး အီေကြေဒါ အစိုးရက ကန႔္သတ္မႈအသစ္ ခ်မွတ္လိုက္ၿပီးေနာက္  ၾသဂုတ္လ ၂၆ ရက္ေန႔မွာ အီေကြဒါနယ္စပ္ကို ပိတ္ထားလိုက္ပါတယ္။ ဒါေၾကာင့္ အီေကြေဒါနယ္စပ္မွာ ရာခ်ီတဲ့ ဗင္နီဇြဲလား ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြ တန္းစီ ေစာင့္ဆိုင္းေနၾကပါတယ္။ အီေကြေဒါႏိုင္ငံရဲ႕ လူဝင္မႈႀကီးၾကပ္ေရးမူဝါဒ တင္းက်ပ္မႈ တစိတ္တပိုင္းအရ အီေကြေဒါႏိုင္ငံထဲကို ဝင္မယ့္ ဗင္နီဇြဲလား ႏိုင္ငံသားေတြအေနနဲ႔ ျပည္ဝင္ခြင့္ဗီဇာ လိုအပ္ပါတယ္။ အဲဒီစည္းမ်ဥ္းသစ္ မထုတ္ျပန္ခင္ ၿပီးခဲ့တဲ့လက ကိုလံဘီယာကေန အီေကြေဒါကို ေရာက္လာတဲ့ ဗင္နီဇြဲလား ဒုကၡသည္ စုစုေပါင္း အေယာက္ ၈၅၀၀၀ ေက်ာ္ ရွိပါတယ္။ လက္ရွိမွာေတာ့ အီေကြေဒါႏိုင္ငံမွာ ေနထိုင္ေနတဲ့ ဗင္နီဇြဲလား ဒုကၡသည္ အေယာက္ ၃၂၀၀၀၀ ေက်ာ္ရွိၿပီး အခုႏွစ္ကုန္မွာ အေယာက္ ၅၀၀,၀၀၀ နီးပါးအထိ တိုးလာႏိုင္တယ္လို႔ အစိုးရက ခန႔္မွန္းပါတယ္။ ဗင္နီဇြဲလားႏိုင္ငံမွာ စီးပြားေရးအက်ပ္အတည္းနဲ႔ ႏိုင္ငံေရး ျပႆနာေတြ ရင္ဆိုင္ေနရတာေၾကာင့္ ႏိုင္ငံသားေတြဟာ အိမ္နီးခ်င္းႏိုင္ငံေတြဆီ ထြက္ေျပးေနၾကတာပါ။ တျခား အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ မတူတာကေတာ့ ကိုလံဘီယာအစိုးရဟာ ဗင္နီဇြဲလား ဒုကၡသည္ေတြကို စည္းမ်ဥ္းတင္းက်ပ္တာေတြ မလုပ္ဘဲ အဲဒီအစား ႏိုင္ငံထဲကို တရားဝင္ စာရင္းသြင္း ဝင္လာၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ ဒါမွသာ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ ပညာသင္ခြင့္နဲ႔ တျခား လူမႈဝန္ေဆာင္မႈေတြကို တန္းတူ ရရွိမွာ ျဖစ္ပါတယ္။ ဓာတ္ပုံ-AFP

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up