A d v e r t i s e m e n t With Us

ဆင်တုပ်ကွေးရောဂါကြောင့် ဖားကန့်တွင် မူလတန်းကျောင်းအချို့ပိတ်ထား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူတွေ ရာသီဆင်တုပ်ကွေး ရောဂါအဖြစ်များနေတဲ့အတွက် အခြေခံပညာမူလတန်းကျောင်း တချို့ ယာယီပိတ်ထားရတယ်လို့ ပြည်ထဲရေး သတင်းအရသိရပါတယ်။ ဖားကန့်မြို့နယ်၊ ကရင်ချောင်ရွာ အ.မ.က(မူလွန်)မှာ ကျောင်းသားတွေ ဆင်တုပ်ကွေး ရောဂါဖြစ်ပြီး ကျောင်းခေတ္တ ပိတ်ထားကြောင်း သတင်းအရ ဩဂုတ် ၂၆ ရက် မနက်က သက်ဆိုင်ရာက သွားရောက်စုံစမ်းရာ အဆိုပါကျောင်းမှာ ကျောင်းသား/ သူ ၂၁၅ ဦး ရှိတဲ့အနက် ၈၀ ဦးလောက်  ဆင်တုပ်ကွေးဖျားနာရောဂါ ဖြစ်ပွားနေတာ တွေ့ရတယ်လို့ဆိုပါတယ်။ အခြား ကျောင်းသား/သူတွေထံ ရောဂါ မကူးစက်စေဖို့ ဩဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ ကျောင်းကို ခေတ္တပိတ်ထားပြီး ရောဂါဖြစ်ပွားနေတဲ့ ကျောင်းသားတွေကို ကရင် ချောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ယာယီဆေးခန်းဖွင့်လှစ်ပြီး ဆေးဝါးကုသပေး နေတယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။
ဆင္တုပ္ေကြးေရာဂါေၾကာင့္ ဖားကန႔္တြင္ မူလတန္းေက်ာင္းအခ်ိဳ႕ပိတ္ထား DVB ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္မွာ ေက်ာင္းသား၊ ေက်ာင္းသူေတြ ရာသီဆင္တုပ္ေကြး ေရာဂါအျဖစ္မ်ားေနတဲ့အတြက္ အေျခခံပညာမူလတန္းေက်ာင္း တခ်ိဳ႕ ယာယီပိတ္ထားရတယ္လို႔ ျပည္ထဲေရး သတင္းအရသိရပါတယ္။ ဖားကန္႔ၿမိဳ႕နယ္၊ ကရင္ေခ်ာင္႐ြာ အ.မ.က(မူလြန္)မွာ ေက်ာင္းသားေတြ ဆင္တုပ္ေကြး ေရာဂါျဖစ္ၿပီး ေက်ာင္းေခတၱ ပိတ္ထားေၾကာင္း သတင္းအရ ဩဂုတ္ ၂၆ ရက္ မနက္က သက္ဆိုင္ရာက သြားေရာက္စုံစမ္းရာ အဆိုပါေက်ာင္းမွာ ေက်ာင္းသား/ သူ ၂၁၅ ဦး ရွိတဲ့အနက္ ၈၀ ဦးေလာက္ ဆင္တုပ္ေကြးဖ်ားနာေရာဂါ ျဖစ္ပြားေနတာ ေတြ႕ရတယ္လို႔ဆိုပါတယ္။ အျခား ေက်ာင္းသား/သူေတြထံ ေရာဂါ မကူးစက္ေစဖို႔ ဩဂုတ္ ၂၆ ရက္မွ ၂၈ ရက္အထိ ေက်ာင္းကို ေခတၱပိတ္ထားၿပီး ေရာဂါျဖစ္ပြားေနတဲ့ ေက်ာင္းသားေတြကို ကရင္ ေခ်ာင္ေက်း႐ြာ ဘုန္းႀကီးေက်ာင္းမွာ ယာယီေဆးခန္းဖြင့္လွစ္ၿပီး ေဆးဝါးကုသေပး ေနတယ္လို႔ ျပည္ထဲေရး သတင္းမွာ ေဖာ္ျပပါတယ္။

A d v e r t i s e m e n t With Us

More News
Up