သဘာဝလွန် သွေးပျက်ထိတ်လန့်စရာ ရုပ်ရှင် – Don’t Let Go (နမူနာ)

ဟောလိဝုဒ် Supernatural Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Don’t Let Go ကို လာမယ့် သြဂုတ်လ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ Blumhouse Productions နဲ့ Briarcliff Entertainment ရုပ်ရှင် ထုတ်လုပ်ရေးကုမ္ပဏီ ၂ ခု ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ Jacob Aaron Estes က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ထူးဆန်းတဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ အလှည့်အပြောင်းတွေကို ပုံစံတမျိုးနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ရဲစုံထောက်တယောက်ဖြစ်တဲ့ Jack Radcliff ဟာ သူ့ရဲ့ မိသားစု သတ်ဖြတ်ခံခဲ့ရပြီးနောက် ထူးဆန်းစွာပဲ သေဆုံးသူတွေထဲက တယောက်ဖြစ်တဲ့ တူမဖြစ်သူဆီက ဖုန်းခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဒါဟာ တမလွန်က ဖုန်းခေါ်လိုက်တဲ့ သရဲတစ္ဆေလား၊ တကယ်ပဲ အသက်ရှင်လျက်ရှိနေဆဲလား ဆိုတာကို မဝေခွဲနိုင်တော့ပါဘူး။ ဖုန်းလက်ခံရရှိအပြီး ၂ ပတ် လောက်အကြာမှာ အမှန်တကယ်ပဲ တူမဖြစ်သူက ထွက်ပေါ်လာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဘယ်လို အချိတ်အဆက်တွေနဲ့ ရိုက်ကူး ပုံဖော်ထားမလဲ ဆိုတာကိုတော့ ရုံတင်ပြသတဲ့အခါ ပရိသတ်တွေက ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ David Oyelowo ၊ Storm Reid ၊ Byron Mann နဲ့ Mykelti Williamson တို့က အတွဲညီညီနဲ့ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် ၁၀၇ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance International Film Festival မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကနဦး ပြသခဲ့တာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်း မြင်ကွင်းတွေနဲ့ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
သဘာဝလြန္ ေသြးပ်က္ထိတ္လန႔္စရာ ႐ုပ္ရွင္ - Don’t Let Go (နမူနာ)
ေဟာလိဝုဒ္ Supernatural Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ Don’t Let Go ကို လာမယ့္ ၾသဂုတ္လ ၃၀ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။
ဒီကားကိုေတာ့ Blumhouse Productions နဲ႔ Briarcliff Entertainment ႐ုပ္ရွင္ ထုတ္လုပ္ေရးကုမၸဏီ ၂ ခု ပူးေပါင္းတင္ဆက္လိုက္တာျဖစ္ၿပီး အေမရိကန္ ဇာတ္ၫႊန္းေရးဆရာ၊ ဒါ႐ိုက္တာ Jacob Aaron Estes က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။
ဒီကားထဲမွာေတာ့ ထူးဆန္းတဲ့ ဇာတ္လမ္းဇာတ္ကြက္နဲ႔ အလွည့္အေျပာင္းေတြကို ပုံစံတမ်ိဳးနဲ႔ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ရဲစုံေထာက္တေယာက္ျဖစ္တဲ့ Jack Radcliff ဟာ သူ႔ရဲ႕ မိသားစု သတ္ျဖတ္ခံခဲ့ရၿပီးေနာက္ ထူးဆန္းစြာပဲ ေသဆုံးသူေတြထဲက တေယာက္ျဖစ္တဲ့ တူမျဖစ္သူဆီက ဖုန္းေခၚဆိုမႈတခုကို လက္ခံရရွိခဲ့ပါတယ္။ အဲဒီအခ်ိန္မွာေတာ့ ဒါဟာ တမလြန္က ဖုန္းေခၚလိုက္တဲ့ သရဲတေစၦလား၊ တကယ္ပဲ အသက္ရွင္လ်က္ရွိေနဆဲလား ဆိုတာကို မေဝခြဲႏိုင္ေတာ့ပါဘူး။ ဖုန္းလက္ခံရရွိအၿပီး ၂ ပတ္ ေလာက္အၾကာမွာ အမွန္တကယ္ပဲ တူမျဖစ္သူက ထြက္ေပၚလာခ်ိန္မွာေတာ့ ဘာေတြ ဆက္ျဖစ္လာမလဲ၊ ဘယ္လို အခ်ိတ္အဆက္ေတြနဲ႔ ႐ိုက္ကူး ပုံေဖာ္ထားမလဲ ဆိုတာကိုေတာ့ ႐ုံတင္ျပသတဲ့အခါ ပရိသတ္ေတြက ရႈစားၾကရေတာ့မွာ ျဖစ္ပါတယ္။
ဒီကားထဲမွာေတာ့ သ႐ုပ္ေဆာင္ မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ David Oyelowo ၊ Storm Reid ၊ Byron Mann နဲ႔ Mykelti Williamson တို႔က အတြဲညီညီနဲ႔ ေခါင္းေဆာင္ပါဝင္ထားၾကတာ ျဖစ္ပါတယ္။
ၾကာျမင့္ခ်ိန္ ၁၀၇ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကို နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Sundance International Film Festival မွာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၇ ရက္ေန႔မွာ ကနဦး ျပသခဲ့တာ ျဖစ္ပါတယ္။
ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ တိုက္ခိုက္မႈေတြ၊ ေသြးပ်က္ထိတ္လန႔္စရာ ဇာတ္ဝင္ခန္း ျမင္ကြင္းေတြနဲ႔ ျပကြင္းျပကြက္ေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။