A d v e r t i s e m e n t With Us

အကြမ်းဖက်မှုကို သည်းခံမည် မဟုတ်ဟု ဟောင်ကောင် အုပ်ချုပ်ရေးမှူး သတိပေး

PHOTO: ANTHONY WALLACE / AFP
ဟောင်ကောင်အစိုးရဟာ အကြမ်းဖက်မှုကို လုံးဝသည်းခံမှာ မဟုတ်ဘူးလို့   အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က သြဂုတ်လ ၂၇ ရက်နေ့မှာ သတိပေး ပြောလိုက်ပါတယ်။  ဒါဟာ  သြဂုတ် ၂၅   ရက်က ဟောင်ကောင်မှာ အကြမ်းဖက်  ဆန္ဒပြပွဲတွေ ဖြစ်ပြီးနောက် ကယ်ရီလမ်က ပထမဆုံးအကြိမ်  လူသိထင်ရှား ပြောလိုက်တာပါ။ အဲဒီနေ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက   အုတ်ခဲတွေ၊ ဓာတ်ဆီဗုံးတွေနဲ့ ပစ်ပေါက်သလို ရဲတပ်ဖွဲ့ကလည်း ရေအမြောက်၊ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပြန်ပစ်ခတ်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်က   အကြမ်းဖက်မှုဟာ ပြဿနာ အဖြေရှာတဲ့ နည်းလမ်း မဟုတ်သလို တိုက်ခိုက်မှုကို ဥပဒေနဲ့ ခွင့်မပြုသင့်ဘူးလို့ ဆိုပါတယ်။ အစိုးရဟာ ပြဿနာလျော့ပါးအောင် အင်အားသုံးမှာ မဟုတ်ဘဲ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကို အသုံးပြုသွားမယ်လို့ ကယ်ရီလမ်က   ပြောပါတယ်။ အဲဒီနည်းလမ်းနဲ့ ဟောင်ကောင်ဟာ အမြန်ဆုံး ပြန်လည်ငြိမ်းချမ်းပြီး ဒါက နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး ပြဿနာကို နက်နက်နဲနဲ့ အဖြေရှာဖို့  အထောက်အကူဖြစ်လိမ့်မယ်လို့ လမ်က ပြောသွားခဲ့ပါတယ်။ အခုအခါ ဟောင်ကောင်ဟာ အကြီးမားဆုံး နိုင်ငံရေး အကျပ်အတည်း  ကြုံတွေ့နေရပြီး ကွန်မြူနစ်ပါတီအာဏာပိုင်တွေက မငြိမ်သက်မှုတွေကို အင်အားသုံး ဖြေရှင်းနိုင်တယ်ဆိုပြီး ပြတ်ပြတ်သားသား သတိပေးထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အၾကမ္းဖက္မႈကို သည္းခံမည္ မဟုတ္ဟု ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႉး သတိေပး ေဟာင္ေကာင္အစိုးရဟာ အၾကမ္းဖက္မႈကို လုံးဝသည္းခံမွာ မဟုတ္ဘူးလို႔   အုပ္ခ်ဳပ္ေရးမႉးခ်ဳပ္ ကယ္ရီလမ္က ၾသဂုတ္လ ၂၇ ရက္ေန႔မွာ သတိေပး ေျပာလိုက္ပါတယ္။ ဒါဟာ  ၾသဂုတ္ ၂၅   ရက္က ေဟာင္ေကာင္မွာ အၾကမ္းဖက္  ဆႏၵျပပြဲေတြ ျဖစ္ၿပီးေနာက္ ကယ္ရီလမ္က ပထမဆုံးအႀကိမ္  လူသိထင္ရွား ေျပာလိုက္တာပါ။ အဲဒီေန႔ ဆႏၵျပပြဲမွာ ဆႏၵျပသူေတြက   အုတ္ခဲေတြ၊ ဓာတ္ဆီဗုံးေတြနဲ႔ ပစ္ေပါက္သလို ရဲတပ္ဖြဲ႕ကလည္း ေရအေျမာက္၊ မ်က္ရည္ယိုဓာတ္ေငြ႕ေတြနဲ႔ ျပန္ပစ္ခတ္ခဲ့ပါတယ္။ အုပ္ခ်ဳပ္ေရးမႉးခ်ဳပ္ ကယ္ရီလမ္က   အၾကမ္းဖက္မႈဟာ ျပႆနာ အေျဖရွာတဲ့ နည္းလမ္း မဟုတ္သလို တိုက္ခိုက္မႈကို ဥပေဒနဲ႔ ခြင့္မျပဳသင့္ဘူးလို႔ ဆိုပါတယ္။ အစိုးရဟာ ျပႆနာေလ်ာ့ပါးေအာင္ အင္အားသုံးမွာ မဟုတ္ဘဲ ဥပေဒ လုပ္ထုံးလုပ္နည္းေတြကို အသုံးျပဳသြားမယ္လို႔ ကယ္ရီလမ္က   ေျပာပါတယ္။ အဲဒီနည္းလမ္းနဲ႔ ေဟာင္ေကာင္ဟာ အျမန္ဆုံး ျပန္လည္ၿငိမ္းခ်မ္းၿပီး ဒါက ႏွစ္ဦးႏွစ္ဖက္ ေတြ႕ဆုံေဆြးေႏြးၿပီး ျပႆနာကို နက္နက္နဲနဲ႔ အေျဖရွာဖို႔  အေထာက္အကူျဖစ္လိမ့္မယ္လို႔ လမ္က ေျပာသြားခဲ့ပါတယ္။ အခုအခါ ေဟာင္ေကာင္ဟာ အႀကီးမားဆုံး ႏိုင္ငံေရး အက်ပ္အတည္း  ႀကဳံေတြ႕ေနရၿပီး ကြန္ျမဴနစ္ပါတီအာဏာပိုင္ေတြက မၿငိမ္သက္မႈေတြကို အင္အားသုံး ေျဖရွင္းႏိုင္တယ္ဆိုၿပီး ျပတ္ျပတ္သားသား သတိေပးထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up