A d v e r t i s e m e n t With Us

ဗာဂျီးနီးယားဝုလ်ဖ်ရဲ့ လိင်တူအချစ်ရေးအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်- Vita & Virginia (နမူနာ)

နာမည်ကျော် ဗြိတိန်စာရေးဆရာမကြီး ဗာဂျီးနီးယားဝုလ်ဖ်ရဲ့ အချစ်ရေးအကြောင်း  ရိုက်ကူးထားတဲ့ ရုပ်ရှင် “Vita & Virginia” ကို အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့ကတည်းက ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ Biographical Romance Drama အမျိုးအစား ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဒီရုပ်ရှင်ကားကိုတော့ Thunderbird Releasing ရုပ်ရှင်ကုမ္ပဏီက တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Chanya Button က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ၁၉၂၀ ပြည့်နှစ် ကာလတွေဆီက လန်ဒန်မြို့ရဲ့ မြင်ကွင်းတွေ၊ လူနေမှုနဲ့ စရိုက်လက္ခဏာတွေကိုပါ ပရိသတ်တွေက ရှုစားကြရမှာဖြစ်ပြီး ၂၀ ရာစုရဲ့ အလွှမ်းမိုးနိုင်ဆုံး စာရေးဆရာမအဖြစ် အသိအမှတ်ပြုကြရတဲ့ Virginia Woolf ရဲ့ ဘဝအကြောင်း တစိတ်တဒေသကို ဒီကားထဲမှာ ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ စာပေနယ်မှာ ထင်ရှားတဲ့ ဝတ္ထုတွေကို ချန်ထားရစ်ခဲ့နိုင်တဲ့ သူ့ရဲ့ နောက်ဆုံးအချိန်ကတော့ မလှပခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ မြစ်ထဲဆင်းပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့လို့ပါပဲ။ ဒီမတိုင်ခင်မှာ သူ့ရဲ့ ဘဝဖြတ်သန်းမှုတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူဟာ စာရေးဆရာမ၊ ကဗျာဆရာမ၊ ဥယျာဉ် ဒီဇိုင်နာတယောက် ဖြစ်တဲ့ Vita Sackville- West နဲ့ တွဲခဲ့ပါသေးတယ်။ အဲဒီခေတ်ကာလက လိင်တူအမျိုးသမီးချင်း တွဲကြတဲ့ အနေအထားဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပြဿနာတခု ဖြစ်ခဲ့လေသလား။ နာမည်ကျော် ၂ ယောက်ရဲ့ အချစ်ရေးက လက်သင့်ခံနိုင်စရာ အခြေအနေတခုလား။ နောက်ပြီး ဒီအခြေအနေ၊ အခင်းအကျင်းတွေနဲ့အတူ သူတို့ ၂ ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ပိုင်ခွင့်၊ အိမ်ထောင်ရေး၊ လူမှုရေးပြဿနာတွေကို ဘယ်လိုပုံဖော် ရိုက်ကူးထားမလဲ ဆိုတာကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ဗြိတိန်သရုပ်ဆောင်မင်းသမီး Gemma Arterton နဲ့ သြစတေးလျ သရုပ်ဆောင်မင်းသမီး Elizabeth Debicki တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြား ဟောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Rupert Penry-Jones ၊ Peter Ferdinando ၊ Gethin Anthony စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ကနဦး ပြသခဲ့တာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဗာဂ်ီးနီးယားဝုလ္ဖ္ရဲ႕ လိင္တူအခ်စ္ေရးအေၾကာင္း ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္- Vita & Virginia (နမူနာ) နာမည္ေက်ာ္ ၿဗိတိန္စာေရးဆရာမႀကီး ဗာဂ်ီးနီးယားဝုလ္ဖ္ရဲ႕ အခ်စ္ေရးအေၾကာင္း  ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ “Vita & Virginia” ကို အေမရိကန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၃ ရက္ေန႔ကတည္းက ႐ုံတင္ျပသေနတာ ျဖစ္ပါတယ္။ Biographical Romance Drama အမ်ိဳးအစား ႐ုပ္ရွင္ပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ ဒီ႐ုပ္ရွင္ကားကိုေတာ့ Thunderbird Releasing ႐ုပ္ရွင္ကုမၸဏီက တင္ဆက္လိုက္တာျဖစ္ၿပီး ၿဗိတိန္အမ်ိဳးသမီး ႐ုပ္ရွင္ဒါ႐ိုက္တာ Chanya Button က ႐ိုက္ကူး ပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ၁၉၂၀ ျပည့္ႏွစ္ ကာလေတြဆီက လန္ဒန္ၿမိဳ႕ရဲ႕ ျမင္ကြင္းေတြ၊ လူေနမႈနဲ႔ စ႐ိုက္လကၡဏာေတြကိုပါ ပရိသတ္ေတြက ရႈစားၾကရမွာျဖစ္ၿပီး ၂၀ ရာစုရဲ႕ အလႊမ္းမိုးႏိုင္ဆုံး စာေရးဆရာမအျဖစ္ အသိအမွတ္ျပဳၾကရတဲ့ Virginia Woolf ရဲ႕ ဘဝအေၾကာင္း တစိတ္တေဒသကို ဒီကားထဲမွာ ႐ိုက္ကူးပုံေဖာ္ထားခဲ့တာပါ။ စာေပနယ္မွာ ထင္ရွားတဲ့ ဝတၳဳေတြကို ခ်န္ထားရစ္ခဲ့ႏိုင္တဲ့ သူ႔ရဲ႕ ေနာက္ဆုံးအခ်ိန္ကေတာ့ မလွပခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူဟာ ျမစ္ထဲဆင္းၿပီး ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားခဲ့လို႔ပါပဲ။ ဒီမတိုင္ခင္မွာ သူ႔ရဲ႕ ဘဝျဖတ္သန္းမႈေတြကလည္း စိတ္ဝင္စားစရာ ေကာင္းပါတယ္။ သူဟာ စာေရးဆရာမ၊ ကဗ်ာဆရာမ၊ ဥယ်ာဥ္ ဒီဇိုင္နာတေယာက္ ျဖစ္တဲ့ Vita Sackville- West နဲ႔ တြဲခဲ့ပါေသးတယ္။ အဲဒီေခတ္ကာလက လိင္တူအမ်ိဳးသမီးခ်င္း တြဲၾကတဲ့ အေနအထားဟာ လူ႔အဖြဲ႕အစည္းအတြင္းမွာ ျပႆနာတခု ျဖစ္ခဲ့ေလသလား။ နာမည္ေက်ာ္ ၂ ေယာက္ရဲ႕ အခ်စ္ေရးက လက္သင့္ခံႏိုင္စရာ အေျခအေနတခုလား။ ေနာက္ၿပီး ဒီအေျခအေန၊ အခင္းအက်င္းေတြနဲ႔အတူ သူတို႔ ၂ ေယာက္ရဲ႕ ကိုယ္ေရးကိုယ္တာ လြတ္လပ္ပိုင္ခြင့္၊ အိမ္ေထာင္ေရး၊ လူမႈေရးျပႆနာေတြကို ဘယ္လိုပုံေဖာ္ ႐ိုက္ကူးထားမလဲ ဆိုတာကို ဒီကားထဲမွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာ ၿဗိတိန္သ႐ုပ္ေဆာင္မင္းသမီး Gemma Arterton နဲ႔ ၾသစေတးလ် သ႐ုပ္ေဆာင္မင္းသမီး Elizabeth Debicki တို႔က ေခါင္းေဆာင္ပါဝင္ထားၾကၿပီး တျခား ေဟာလိဝုဒ္ သ႐ုပ္ေဆာင္ မင္းသား မင္းသမီးေတြ ျဖစ္ၾကတဲ့ Rupert Penry-Jones ၊ Peter Ferdinando ၊ Gethin Anthony စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ၾကာျမင့္ခ်ိန္ မိနစ္ ၁၁၀ ရွိတဲ့ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလက နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Toronto International Film Festival မွာ ကနဦး ျပသခဲ့တာ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up