ဘာစီလိုနာက ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကိုခေါ်ယူရန် ၄ ကြိမ်မြောက် ကမ်းလှမ်း

1.7K
စပိန်ထိပ်သီး ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို ခေါ်ယူနိုင်ဖို့အတွက် စတုတ္ထအကြိမ်မြောက် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပါတယ်။
ဘာစီလိုနာအသင်းဟာ အခုတကြိမ် ကမ်းလှမ်းမှုမှာတော့ အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဒမ်ဘီလီနဲ့အတူ တခြားကစားသမားတဦးနဲ့ ငွေကြေးပမာဏ တခုလည်း ပါဝင်တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းဘက်ကတော့ စဉ်းစားနေဆဲ ဖြစ်ပြီး တိကျတဲ့ ဆုံးဖြတ်ချက် မချမှတ်ရသေးဘူးလို့ သိရပါတယ်။
တဖက်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာလည်း နေမာအတွက် ပြောင်းရွှေ့မှုအပြင် ဂိုးသမား နာဗက်စ်နဲ့ တခြား ကစားသမားတဦး အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ဓာတ်ပုံ- ရိုက်တာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဓာတ်ပုံ- ရိုက်တာ