Home
မြန်မာသတင်း
ရှမ်းပြည်နယ်ဝန်ကြီးအတွက် ပေးထားသည့်ကားအတွင်း မူးယစ်ဆေးများတွေ့ရှိ
DVB
·
August 26, 2019
ရှမ်းပြည်နယ်လျှပ်စစ်၊ စွမ်းအင်နဲ့ စက်မှုဝန်ကြီး အသုံးပြုဖို့အတွက် ထုတ်ပေးထားတဲ့ မော်တော်ယာဉ်ထဲကနေ  စိတ်ကြွရူးသွပ်ဆေးပြားတွေ စစ်ဆေးတွေ့ရှိခဲ့လို့ ဝန်ကြီးက ရဲစခန်းကို တိုင်ကြားထားပါတယ်။ သြဂုတ်လ၂၅ ရက်က တွေ့ရှိခဲ့တဲ့ စိတ်ကြွဆေးတွေဟာ သက်တမ်း အတော်ကြာနေပုံ ပေါ်ပြီး ကြေမွနေတယ် လို့ဆိုပါတယ်။  ပြည်နယ်ဝန်ကြီးက သူ အသုံးပြုနေတဲ့ တိုယိုတာ FORTUNERကားကို ယာဉ်မောင်းအား စစ်ဆေးခိုင်းစေတာကနေ  မော်တော်ယာဉ်ရဲ့ အပိုဘီးတာယာ လေဖြည့်ဖို့ ဖြုတ်ယူတဲ့အခါ တာယာအတွင်းမှာ မူးယစ်ဆေးဝါးတွေ တွေ့ခဲ့တာပါ။  ပြည်နယ် လျှပ်စစ် စွမ်းအင်နဲ့ စက်မှုဝန်ကြီး ဦးစိုင်းရှန်တစ်လုံက “မနေ့က ဆန်းဒေးဆိုတော့ အိမ်မှာ အေးဆေးနားနေတာပေါ့။ နေ့ခင်းလောက်ကျမှ ကားတွေ သုံးတာ ကြာပြီ၊ ကားဆရာက သွားစစ်မယ်လို့ လာပြောတယ်။ သွားစစ်လိုက်လို့ ကားဆရာကို ကားထုတ်ပေးလိုက်တယ်။ စစ်ပြီးတဲ့အချိန်မှာ အပေါ်ဘီးကို လေဖြည့်ဖို့ ဖြုတ်လိုက်တာတဲ့အခါမှာ ဖြုတ်လို့မရလို့ ဖွင့်ကြည့်တဲ့အခါမှာ အထဲမှာ ပစ္စည်း ဒီလိုမျိုးရှိနေတယ်လို့ လာပြောပြတယ်။ အဲဒီတော့ သက်ဆိုင်ရာ ဝန်ကြီးချုပ်တို့ကို အကြောင်းကြားတယ်။ ရဲချုပ်ကို လှမ်းဖုန်းဆက်တယ်။ လာကြည့်တော့ ရှင်းပြတယ်။ သက်ဆိုင်ရာ စခန်းမှူးတွေ၊ မူးယစ်တွေ၊ တာဝန်ရှိတဲ့သူတွေကို ခေါ်ပြီး စစ်ကြည့်တော့၊ ဖြုတ်ကြည့်တော့ ဆေးတွေ တွေ့ရှိတာပေါ့။ မှတ်တမ်းတွေ သေချာလုပ်တယ်။ ကားထဲမှာလည်း လိုအပ်တဲ့အပိုင်းတွေ အကုန်လုံး ဖြုတ်စစ်တယ်။ ဆေးတွေကတော့ ရေစိုပြီး မွနေတာပေါ့လေ။ အလေးချိန် ၆ ကီလိုကျော်ကျော်လောက် တွေ့ရတယ်။ မှတ်တမ်းမှတ်ရာတွေ သေချာစစ်ဆေးပြီးတော့ ကားနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရုံးမှာ သေချာမှတ်တမ်း ပြန်လုပ်တယ်။”လို့ပြောပါတယ်။ မူးယစ်ဆေးပြားဟာ ကားထုတ်ပေးတုန်းက ပါလာပြီးသားဖြစ်ပြီး ကားစစ်ဆေးမှုလုပ်တဲ့ အချိန်မှ တွေ့ရှိတာ နဲ့  စိတ်ကြွရူး သွပ်ဆေးပြား တွေဟာ ရေစို ပျက်ဆီးနေတဲ့ပန်းရောင် ဆေးပြား အကျိုး၊ အကြေ၊ အမှုန့်တွေ အလေးချိန် ၆ကီလိုကျော်ကျော်ကို တွေ့တယ်လို့ ဆိုပါတယ်။ “ဒီလို မထင်မှတ်တဲ့ ကိစ္စလေးတွေ ဖြစ်သွားတော့ သူများတွေ အထင်လွဲစရာတော့ ဖြစ်သွားတာပေါ့လေ။ ဖြစ်လာပြီဆိုတော့ ကျနော်တို့က ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းဖော်ထုတ်ရတဲ့ အဖွဲ့ကတော့ သူ့ဘာသာသူ တာဝန်ယူသွားမှာပါ။ ကျနော်ကတော့ တိုင်းရင်းသားလည်း ဖြစ်တယ်၊ ရှမ်းအမျိုးသားလည်း ဖြစ်တဲ့အတွက် မဟုတ်တာလည်း မလုပ်တတ်ဘူး။ မဟုတ်မခံတဲ့စိတ်ရှိတယ်။ ရိုးရိုးရှင်းရှင်းပဲ ဘဝကို ဖြတ်သန်းတယ်ပေါ့ဗျာ။ အပြင်မှာထွက်နေတဲ့ သတင်းကတော့ အထင်လွဲစရာ၊ အထင်မှားစရာတော့ ဖြစ်တာပေါ့လေ။”လို့ န်ကြီး ဦးစိုင်းရှန်တစ်လုံက ပြောပါတယ်။ လက်ရှိမှာ စစ်ဆေးတွေ့ရှိတာအတွက် အချက်အလက်မစုံသေးလို့ အမှုမဖွင့်သေးဘူး လို့ တောင်ကြီးမြို့ ရဲ့စခန်းကတာဝန်ရှိသူကပြောပါတယ်။ တောင်ကြီးမြို့နယ်  ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင် က “မူးယစ်က အမှုဖွင့်ရမှာပေါ့ လေ။ အမှုမဖွင့်ရသေးဘူး။ ရှေ့နေကအမှုကို လိုက်စုံစမ်းနေတယ်။ အမှုအမှတ်တို့၊ တရားရုံးနဲ့ ချိတ်လုပ်နေတယ်။ အမှုအမှတ်တွေ၊ တရားရုံးတွေရမှ စခန်းမှာ ဖွင့်မှာ။ မူးယစ်က တရားလို လုပ်ပြီးဖွင့်မှာ။ သိမ်းတာလည်း မူးယစ်က သိမ်းတာ။ ဒါပေမဲ့ အခု အချက်အလက်တွေ မပြည့်စုံသေးလို့ဆိုပြီး အမှုလာမဖွင့်သေးဘူး။”လို့ ပြောပါတယ်။ စိတ်ကြွဆေးပြားတွေ့တဲ့ မော်တော်ယာဉ်ကို အမှုနဲ့ တရားရုံးက သိမ်းထားပါတယ်။ ဒီမော်တော်ယာဉ်ဟာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ရှမ်းပြည်နယ်အစိုးရကို ထုတ်ပေးထားတဲ့မော်တော်ယာဉ် ဖြစ်တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ် အတွင်းမှာ ဒီလိုဖြစ်ရပ်မျိုး နှစ်ကြိမ်ရှိခဲ့ဖူးပြီး တခြားပြည်နယ်နဲ့တိုင်းမှာလည်းရှိခဲ့ဖူးတယ်လို့ သိရပါတယ်။  ခွန်ရာဇာ
ရွမ္းျပည္နယ္ဝန္ႀကီးအတြက္ ေပးထားသည့္ကားအတြင္း မူးယစ္ေဆးမ်ားေတြ႕ရွိ ခြန္ရာဇာ ရွမ္းျပည္နယ္လွ်ပ္စစ္၊ စြမ္းအင္နဲ႔ စက္မႈဝန္ႀကီး အသုံးျပဳဖို႔အတြက္ ထုတ္ေပးထားတဲ့ ေမာ္ေတာ္ယာဥ္ထဲကေန စိတ္ႂကြ႐ူးသြပ္ေဆးျပားေတြ စစ္ေဆးေတြ႕ရွိခဲ့လို႔ ဝန္ႀကီးက ရဲစခန္းကို တိုင္ၾကားထားပါတယ္။ ၾသဂုတ္လ၂၅ ရက္က ေတြ႕ရွိခဲ့တဲ့ စိတ္ႂကြေဆးေတြဟာ သက္တမ္း အေတာ္ၾကာေနပုံ ေပၚၿပီး ေၾကမြေနတယ္ လို႔ဆိုပါတယ္။ ျပည္နယ္ဝန္ႀကီးက သူ အသုံးျပဳေနတဲ့ တိုယိုတာ FORTUNERကားကို ယာဥ္ေမာင္းအား စစ္ေဆးခိုင္းေစတာကေန ေမာ္ေတာ္ယာဥ္ရဲ႕ အပိုဘီးတာယာ ေလျဖည့္ဖို႔ ျဖဳတ္ယူတဲ့အခါ တာယာအတြင္းမွာ မူးယစ္ေဆးဝါးေတြ ေတြ႕ခဲ့တာပါ။ ျပည္နယ္ လွ်ပ္စစ္ စြမ္းအင္နဲ႔ စက္မႈဝန္ႀကီး ဦးစိုင္းရွန္တစ္လုံက “မေန႔က ဆန္းေဒးဆိုေတာ့ အိမ္မွာ ေအးေဆးနားေနတာေပါ့။ ေန႔ခင္းေလာက္က်မွ ကားေတြ သုံးတာ ၾကာၿပီ၊ ကားဆရာက သြားစစ္မယ္လို႔ လာေျပာတယ္။ သြားစစ္လိုက္လို႔ ကားဆရာကို ကားထုတ္ေပးလိုက္တယ္။ စစ္ၿပီးတဲ့အခ်ိန္မွာ အေပၚဘီးကို ေလျဖည့္ဖို႔ ျဖဳတ္လိုက္တာတဲ့အခါမွာ ျဖဳတ္လို႔မရလို႔ ဖြင့္ၾကည့္တဲ့အခါမွာ အထဲမွာ ပစၥည္း ဒီလိုမ်ိဳးရွိေနတယ္လို႔ လာေျပာျပတယ္။ အဲဒီေတာ့ သက္ဆိုင္ရာ ဝန္ႀကီးခ်ဳပ္တို႔ကို အေၾကာင္းၾကားတယ္။ ရဲခ်ဳပ္ကို လွမ္းဖုန္းဆက္တယ္။ လာၾကည့္ေတာ့ ရွင္းျပတယ္။ သက္ဆိုင္ရာ စခန္းမႉးေတြ၊ မူးယစ္ေတြ၊ တာဝန္ရွိတဲ့သူေတြကို ေခၚၿပီး စစ္ၾကည့္ေတာ့၊ ျဖဳတ္ၾကည့္ေတာ့ ေဆးေတြ ေတြ႕ရွိတာေပါ့။ မွတ္တမ္းေတြ ေသခ်ာလုပ္တယ္။ ကားထဲမွာလည္း လိုအပ္တဲ့အပိုင္းေတြ အကုန္လုံး ျဖဳတ္စစ္တယ္။ ေဆးေတြကေတာ့ ေရစိုၿပီး မြေနတာေပါ့ေလ။ အေလးခ်ိန္ ၆ ကီလိုေက်ာ္ေက်ာ္ေလာက္ ေတြ႕ရတယ္။ မွတ္တမ္းမွတ္ရာေတြ ေသခ်ာစစ္ေဆးၿပီးေတာ့ ကားနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ ႐ုံးမွာ ေသခ်ာမွတ္တမ္း ျပန္လုပ္တယ္။”လို႔ေျပာပါတယ္။ မူးယစ္ေဆးျပားဟာ ကားထုတ္ေပးတုန္းက ပါလာၿပီးသားျဖစ္ၿပီး ကားစစ္ေဆးမႈလုပ္တဲ့ အခ်ိန္မွ ေတြ႕ရွိတာ နဲ႔ စိတ္ႂကြ႐ူး သြပ္ေဆးျပား ေတြဟာ ေရစို ပ်က္ဆီးေနတဲ့ပန္းေရာင္ ေဆးျပား အက်ိဳး၊ အေၾက၊ အမႈန႔္ေတြ အေလးခ်ိန္ ၆ကီလိုေက်ာ္ေက်ာ္ကို ေတြ႕တယ္လို႔ ဆိုပါတယ္။ “ဒီလို မထင္မွတ္တဲ့ ကိစၥေလးေတြ ျဖစ္သြားေတာ့ သူမ်ားေတြ အထင္လြဲစရာေတာ့ ျဖစ္သြားတာေပါ့ေလ။ ျဖစ္လာၿပီဆိုေတာ့ က်ေနာ္တို႔က ျဖစ္ေၾကာင္းကုန္စင္ကို စုံစမ္းေဖာ္ထုတ္ရတဲ့ အဖြဲ႕ကေတာ့ သူ႔ဘာသာသူ တာဝန္ယူသြားမွာပါ။ က်ေနာ္ကေတာ့ တိုင္းရင္းသားလည္း ျဖစ္တယ္၊ ရွမ္းအမ်ိဳးသားလည္း ျဖစ္တဲ့အတြက္ မဟုတ္တာလည္း မလုပ္တတ္ဘူး။ မဟုတ္မခံတဲ့စိတ္ရွိတယ္။ ႐ိုး႐ိုးရွင္းရွင္းပဲ ဘဝကို ျဖတ္သန္းတယ္ေပါ့ဗ်ာ။ အျပင္မွာထြက္ေနတဲ့ သတင္းကေတာ့ အထင္လြဲစရာ၊ အထင္မွားစရာေတာ့ ျဖစ္တာေပါ့ေလ။”လို႔ န္ႀကီး ဦးစိုင္းရွန္တစ္လုံက ေျပာပါတယ္။ လက္ရွိမွာ စစ္ေဆးေတြ႕ရွိတာအတြက္ အခ်က္အလက္မစုံေသးလို႔ အမႈမဖြင့္ေသးဘူး လို႔ ေတာင္ႀကီးၿမိဳ႕ ရဲ႕စခန္းကတာဝန္ရွိသူကေျပာပါတယ္။ ေတာင္ႀကီးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးေမာင္ေမာင္ႏိုင္ က “မူးယစ္က အမႈဖြင့္ရမွာေပါ့ ေလ။ အမႈမဖြင့္ရေသးဘူး။ ေရွ႕ေနကအမႈကို လိုက္စုံစမ္းေနတယ္။ အမႈအမွတ္တို႔၊ တရား႐ုံးနဲ႔ ခ်ိတ္လုပ္ေနတယ္။ အမႈအမွတ္ေတြ၊ တရား႐ုံးေတြရမွ စခန္းမွာ ဖြင့္မွာ။ မူးယစ္က တရားလို လုပ္ၿပီးဖြင့္မွာ။ သိမ္းတာလည္း မူးယစ္က သိမ္းတာ။ ဒါေပမဲ့ အခု အခ်က္အလက္ေတြ မျပည့္စုံေသးလို႔ဆိုၿပီး အမႈလာမဖြင့္ေသးဘူး။”လို႔ ေျပာပါတယ္။ စိတ္ႂကြေဆးျပားေတြ႕တဲ့ ေမာ္ေတာ္ယာဥ္ကို အမႈနဲ႔ တရား႐ုံးက သိမ္းထားပါတယ္။ ဒီေမာ္ေတာ္ယာဥ္ဟာ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဌာနက ရွမ္းျပည္နယ္အစိုးရကို ထုတ္ေပးထားတဲ့ေမာ္ေတာ္ယာဥ္ ျဖစ္တယ္လို႔ ဆိုပါတယ္။ ရွမ္းျပည္နယ္ အတြင္းမွာ ဒီလိုျဖစ္ရပ္မ်ိဳး ႏွစ္ႀကိမ္ရွိခဲ့ဖူးၿပီး တျခားျပည္နယ္နဲ႔တိုင္းမွာလည္းရွိခဲ့ဖူးတယ္လို႔ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024