Home
သတင်းဓာတ်ပုံ
ကိုယ်တိုင်နို့ဘူးကိုင်ပြီးစို့နေတဲ့ အမိမဲ့ဆင်ကလေးတွေ (ဓာတ်ပုံ)
DVB
·
August 26, 2019
ရန်ကုန်-မန္တလေး အမြန်လမ်းဘေးမှာရှိတဲ့ ဝင်္ဂဘော်ဆင်စခန်းက အမိမဲ့ဆင်လေးတွေရဲ့ လှုပ်ရှားမှုတွေကို ဆင်စခန်းရဲ့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။ ရေချိုးနေတာတွေ၊ အုပ်စုလိုက် ဆော့ကစားနေတာနဲ့ အငယ်ဆုံးဆင်မလေး နို့ဘူးကို ကိုယ်တိုင်ကိုင်ပြီး စို့နေတာတွေကိုလည်း ဖော်ပြထားပါတယ်။ အငယ်ဆုံးဆင်မလေး ဧရာစိန်ဟာ အသက် ၃ လပဲ ရှိသေးပြီး လက်မှာတော့ ကိုင်းကြိုး မိထားတဲ့ ဒဏ်ရာတခုရထားပါတယ်။ ဒီစခန်းမှာ အမိမဲ့ဆင် ၈ ကောင်ရှိပြီး တခြား အမိနောက်လိုက်ဆင်နဲ့ ဆင်ကြီးတွေလည်း ရှိပါတယ်။ ဝင်္ဂဘော်စခန်းဟာ အမြန်လမ်းက သွားမယ်ဆိုရင် ၃၉ မိုင် ၂ ဖာလုံကနေ အတွင်းဘက်ကို တမိုင်လောက် ဝင်ရပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းဘက်က ဆိုရင်တော့ ဘုရားကြီးကနေ ၄ မိုင် လောက် ဆက်သွားရတာ ဖြစ်ပါတယ်။ ဒီစခန်းကို ဖွင့်ထားတာ ၂ နှစ်ကျော်ပြီဖြစ်ပြီး အမိမဲ့ဆင်ကလေးတွေကို စောင့်ရှောက်ဖို့ ရည်ရွယ်ထားတာပါ။ ဓာတ်ပုံ - ဝင်္ဂဘော်ဆင်စခန်း
ကိုယ္တိုင္ႏို႔ဘူးကိုင္ၿပီးစို႔ေနတဲ့ အမိမဲ့ဆင္ကေလးေတြ (ဓာတ္ပုံ) DVB ရန္ကုန္-မႏၲေလး အျမန္လမ္းေဘးမွာရွိတဲ့ ဝဂၤေဘာ္ဆင္စခန္းက အမိမဲ့ဆင္ေလးေတြရဲ႕ လႈပ္ရွားမႈေတြကို ဆင္စခန္းရဲ႕ လူမႈကြန္ရက္မွာ တင္ထားပါတယ္။ ေရခ်ိဳးေနတာေတြ၊ အုပ္စုလိုက္ ေဆာ့ကစားေနတာနဲ႔ အငယ္ဆုံးဆင္မေလး ႏို႔ဘူးကို ကိုယ္တိုင္ကိုင္ၿပီး စို႔ေနတာေတြကိုလည္း ေဖာ္ျပထားပါတယ္။ အငယ္ဆုံးဆင္မေလး ဧရာစိန္ဟာ အသက္ ၃ လပဲ ရွိေသးၿပီး လက္မွာေတာ့ ကိုင္းႀကိဳး မိထားတဲ့ ဒဏ္ရာတခုရထားပါတယ္။ ဒီစခန္းမွာ အမိမဲ့ဆင္ ၈ ေကာင္ရွိၿပီး တျခား အမိေနာက္လိုက္ဆင္နဲ႔ ဆင္ႀကီးေတြလည္း ရွိပါတယ္။ ဝဂၤေဘာ္စခန္းဟာ အျမန္လမ္းက သြားမယ္ဆိုရင္ ၃၉ မိုင္ ၂ ဖာလုံကေန အတြင္းဘက္ကို တမိုင္ေလာက္ ဝင္ရၿပီး ရန္ကုန္-မႏၲေလးလမ္းေဟာင္းဘက္က ဆိုရင္ေတာ့ ဘုရားႀကီးကေန ၄ မိုင္ ေလာက္ ဆက္သြားရတာ ျဖစ္ပါတယ္။ ဒီစခန္းကို ဖြင့္ထားတာ ၂ ႏွစ္ေက်ာ္ၿပီျဖစ္ၿပီး အမိမဲ့ဆင္ကေလးေတြကို ေစာင့္ေရွာက္ဖို႔ ရည္႐ြယ္ထားတာပါ။ ဓာတ္ပုံ - ဝဂၤေဘာ္ဆင္စခန္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024