Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်က တောင်သူ၆ ဦးကို နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ ဖြင့် ဖမ်းဆီး
နော်နိုရင်း
·
August 26, 2019
တပ်သိမ်းမြေပေါ်မှာ ဝင်ရောက်ထွန်ယက်လုပ်ကိုင်တယ်ဆိုပြီး ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံရတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေးကျေးရွာက တောင်သူ ၁၅ ဦးအနက်  ၆ ဦးကို နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀ နဲ့ ထပ်မံစွဲဆိုပြီး လွိုင်ကော်မြို့ အကျဉ်းထောင်ကို ဒီကနေ့ ပို့လိုက်ပါတယ်။ တပ်သိမ်းမြေပေါ်မှာ ဝင်ရောက်ထွန်ယက်လုပ်ကိုင်တယ်ဆိုပြီး  ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုခံရတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက တောင်သူ ၁၅ ဦးကို ဒီကနေ့ ဒီးမော့ဆိုမြို့နယ်တရားရုံးမှာ ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ ရုံးထုတ်စစ်ဆေးတဲ့နေ့မှာပဲ တရားစွဲဆိုခံထားရတဲ့ တောင်သူ ၁၅ ဦးထဲက ၆ ဦးကို နိုင်လွတ်လုံဥပဒေ ပုဒ်မ ၁၀ နဲ့ ဖမ်းဆီးချုပ်နှောင်လိုက်တာလို့ ကရင်နီပြည်တောင်သူလယ်မားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်ကပြောပါတယ်။ “ဒီကနေ့က ဒေါဆိုရှေ့တောင်သူလယ်သမား ၁၅ ဦးတရားရုံးထုတ်တဲ့နေ့လည်းဖြစ်တယ်။ အဲ့ဒီတရားရုံးသွားနေတဲ့ တောင်သူလယ်သမား ၁၅ ဦးထဲက ၆ ဦးကို နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ထပ်ပြီးတော့ တရားစွဲဆိုဖို့ ထောင်ချု်ပဖမ်းထားလိုက်တာပေါ့။ ဆိုလိုတာက သူတို့မှာ တရားရင်ဆိုင်ဖို့ ပုဒ်မက ၂ ခုဖြစ်တာပေါ့။ ၄၄၇ တမှုရယ်၊ နိုင်လွတ်လုံပုဒ်မ ၁၀ တမှုရယ် ၂ မှုပေါ့။” အဆိုပါ ဖမ်းဆီးခံရတဲ့တောင်သူ ၆ ဦးမှာ ခွန်သော့မတ်စ်၊ ပါစကွားလယ်၊ ခွန်ငါးရယ်၊ မာသီးရာ၊ ခူးရီ နဲ့ ကျော်ကျော်တို့ ဖြစ်ကြပါတယ်။  တရားစွဲခံတောင်သူ ၁၅ ဦးဟာ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ ကျေးရွာက တောင်သူတွေဖြစ်ပြီး ဒေါဆိုရှေ့ အခြေစိုက် အမှတ် ၃၆၀ အမြောက်တပ်က သိမ်းယူထားတဲ့ မြေပေါ်မှာ ထွန်ယက်စိုက်ပျိုးခဲ့တာကြောင့် တရားစွဲဆိုခံထားရတာပါ။ လက်ရှိ အမှတ် ၃၆၀ အမြောက်တပ် အခြေစိုက်တဲ့တပ်စခန်းဟာ အရင်က ဒေါဆိုရှေ့ ရွာဟောင်းဖြစ်ပြီး အဆိုပါတပ်ဟာ ၂၀၀၄ ခုကစပြီး ဝင်ရောက်အခြေချခဲ့တာ ဖြစ်ပါတယ်။ ရွာသားတွေ စိုက်ပျိုးလုပ်ကိုင်နေတဲ့ မြေနေရာကို တပ်က ဘယ်အချိန်ကတည်းက သိပ်ယူထားတယ်ဆိုတာ မသိရသလို သူတို့ကိုလည်း အသိပေးခြင်းမရှိဘဲ ၂၀၁၄ ခုမှသာ တပ်က သိမ်းယူထားမှန်း သိရတာလို့ ရွာသားတွေက ပြောပါတယ်။ တပ်ကသိမ်းခဲ့တယ်ဆိုပေမယ့် ရွာသူရွာသားတွေအနေနဲ့ နှစ်စဉ်ထွန်ယက်စိုက်ပျိုးလာ ခဲ့ကြတာဖြစ်ပြီး အခုနှစ်မှသာ အဆိုပါမြေနေရာကို ထွန်ယက်စိုက်ပျိုးခြင်းမပြုဖို့ တားမြစ်ခံခဲ့ရပါတယ်။ ဒီလိုတားမြစ်တဲ့ကြားက ရွာသားတွေဟာ လုပ်ကိုင်စားသောက်စရာ မြေနေရာ မရှိတာကြောင့် ဆက်လက်လုပ်ကိုင်ရာကနေ အခုလို တရားစွဲကိုခံရတာလည်းဖြစ်ပါတယ်။ ဒီကနေ့ ဒေါ့ဆိုရှေ့ကျေးရွာက တောင်သူ ၆ ဦးကို  နိုင်လွတ်လုံပုဒ်မနဲ့ တရားစွဲဆို လိုက်သလို ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့တရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးကိုလည်း လွိုင်ကော်မြို့နယ်တရားရုံးက စွက်ချက်တင်လိုက်ပါတယ်။
ဒီးေမာ့ဆိုၿမိဳ႕နယ္က ေတာင္သူ၆ ဦးကို ႏိုင္လြတ္လုံ ဥပေဒ ပုဒ္မ ၁၀ ျဖင့္ ဖမ္းဆီး ေနာ္ႏိုရင္း တပ္သိမ္းေျမေပၚမွာ ဝင္ေရာက္ထြန္ယက္လုပ္ကိုင္တယ္ဆိုၿပီး ပိုင္နက္က်ဴးလြန္မႈနဲ႔ တရားစြဲခံရတဲ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါဆိုေရွးေက်း႐ြာက ေတာင္သူ ၁၅ ဦးအနက္ ၆ ဦးကို ႏိုင္လြတ္လုံ ဥပေဒ ပုဒ္မ ၁၀ နဲ႔ ထပ္မံစြဲဆိုၿပီး လြိဳင္ေကာ္ၿမိဳ႕ အက်ဥ္းေထာင္ကို ဒီကေန႔ ပို႔လိုက္ပါတယ္။ တပ္သိမ္းေျမေပၚမွာ ဝင္ေရာက္ထြန္ယက္လုပ္ကိုင္တယ္ဆိုၿပီး ပိုင္နက္က်ဴးေက်ာ္မႈ ပုဒ္မ ၄၄၇ နဲ႔ တရားစြဲဆိုခံရတဲ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါဆိုေရွ႕ေက်း႐ြာက ေတာင္သူ ၁၅ ဦးကို ဒီကေန႔ ဒီးေမာ့ဆိုၿမိဳ႕နယ္တရား႐ုံးမွာ ၆ ႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ ဒီကေန႔ ႐ုံးထုတ္စစ္ေဆးတဲ့ေန႔မွာပဲ တရားစြဲဆိုခံထားရတဲ့ ေတာင္သူ ၁၅ ဦးထဲက ၆ ဦးကို ႏိုင္လြတ္လုံဥပေဒ ပုဒ္မ ၁၀ နဲ႔ ဖမ္းဆီးခ်ဳပ္ေႏွာင္လိုက္တာလို႔ ကရင္နီျပည္ေတာင္သူလယ္မားသမဂၢ ဥကၠ႒ ခူးတူရယ္ကေျပာပါတယ္။ “ဒီကေန႔က ေဒါဆိုေရွ႕ေတာင္သူလယ္သမား ၁၅ ဦးတရား႐ုံးထုတ္တဲ့ေန႔လည္းျဖစ္တယ္။ အဲ့ဒီတရား႐ုံးသြားေနတဲ့ ေတာင္သူလယ္သမား ၁၅ ဦးထဲက ၆ ဦးကို ႏိုင္လြတ္လုံပုဒ္မ ၁၀ နဲ႔ထပ္ၿပီးေတာ့ တရားစြဲဆိုဖို႔ ေထာင္ခ်ဳ္ပဖမ္းထားလိုက္တာေပါ့။ ဆိုလိုတာက သူတို႔မွာ တရားရင္ဆိုင္ဖို႔ ပုဒ္မက ၂ ခုျဖစ္တာေပါ့။ ၄၄၇ တမႈရယ္၊ ႏိုင္လြတ္လုံပုဒ္မ ၁၀ တမႈရယ္ ၂ မႈေပါ့။” အဆိုပါ ဖမ္းဆီးခံရတဲ့ေတာင္သူ ၆ ဦးမွာ ခြန္ေသာ့မတ္စ္၊ ပါစကြားလယ္၊ ခြန္ငါးရယ္၊ မာသီးရာ၊ ခူးရီ နဲ႔ ေက်ာ္ေက်ာ္တို႔ ျဖစ္ၾကပါတယ္။ တရားစြဲခံေတာင္သူ ၁၅ ဦးဟာ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါဆိုေရွ႕ ေက်း႐ြာက ေတာင္သူေတြျဖစ္ၿပီး ေဒါဆိုေရွ႕ အေျခစိုက္ အမွတ္ ၃၆၀ အေျမာက္တပ္က သိမ္းယူထားတဲ့ ေျမေပၚမွာ ထြန္ယက္စိုက္ပ်ိဳးခဲ့တာေၾကာင့္ တရားစြဲဆိုခံထားရတာပါ။ လက္ရွိ အမွတ္ ၃၆၀ အေျမာက္တပ္ အေျခစိုက္တဲ့တပ္စခန္းဟာ အရင္က ေဒါဆိုေရွ႕ ႐ြာေဟာင္းျဖစ္ၿပီး အဆိုပါတပ္ဟာ ၂၀၀၄ ခုကစၿပီး ဝင္ေရာက္အေျခခ်ခဲ့တာ ျဖစ္ပါတယ္။ ႐ြာသားေတြ စိုက္ပ်ိဳးလုပ္ကိုင္ေနတဲ့ ေျမေနရာကို တပ္က ဘယ္အခ်ိန္ကတည္းက သိပ္ယူထားတယ္ဆိုတာ မသိရသလို သူတို႔ကိုလည္း အသိေပးျခင္းမရွိဘဲ ၂၀၁၄ ခုမွသာ တပ္က သိမ္းယူထားမွန္း သိရတာလို႔ ႐ြာသားေတြက ေျပာပါတယ္။ တပ္ကသိမ္းခဲ့တယ္ဆိုေပမယ့္ ႐ြာသူ႐ြာသားေတြအေနနဲ႔ ႏွစ္စဥ္ထြန္ယက္စိုက္ပ်ိဳးလာ ခဲ့ၾကတာျဖစ္ၿပီး အခုႏွစ္မွသာ အဆိုပါေျမေနရာကို ထြန္ယက္စိုက္ပ်ိဳးျခင္းမျပဳဖို႔ တားျမစ္ခံခဲ့ရပါတယ္။ ဒီလိုတားျမစ္တဲ့ၾကားက ႐ြာသားေတြဟာ လုပ္ကိုင္စားေသာက္စရာ ေျမေနရာ မရွိတာေၾကာင့္ ဆက္လက္လုပ္ကိုင္ရာကေန အခုလို တရားစြဲကိုခံရတာလည္းျဖစ္ပါတယ္။ ဒီကေန႔ ေဒါ့ဆိုေရွ႕ေက်း႐ြာက ေတာင္သူ ၆ ဦးကို ႏိုင္လြတ္လုံပုဒ္မနဲ႔ တရားစြဲဆို လိုက္သလို ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္လြတ္လုံပုဒ္မ ၁၀ နဲ႔တရားစြဲဆိုခံထားရတဲ့ ကရင္နီလူငယ္ ၆ ဦးကိုလည္း လြိဳင္ေကာ္ၿမိဳ႕နယ္တရား႐ုံးက စြက္ခ်က္တင္လိုက္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024