ဘာစီလိုနာအတွက် ဒုတိယအသက်အငယ်ဆုံး ပွဲထွက်ကစားသမားကို မက်ဆီ ချီးကျူး

ဘာစီလိုနာအသင်းအတွက် ဒုတိယအသက်အငယ်ဆုံး ပွဲထွက်ကစားသွားခဲ့တဲ့ အန်းဆု ဖက်ဒီကို တိုက်စစ်မှူး မက်ဆီက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
အသက် ၁၆ နှစ်၊ ၉ လနဲ့ ၂၅ ရက် ပဲရှိသေးတဲ့ ဂီနီယာလူငယ်တိုက်စစ်ကစားသမား အန်းဆုဖက်တီဟာ ရီးရဲလ်ဘက်တစ်နဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လူစားဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ၁၉၄၁ ခုနှစ်က စပိန်နောက်ခံလူ မာတီနက်ဇ်ပြီးနောက် အသင်းကြီးမှာ ပွဲထွက်ခွင့်ရတဲ့ ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အဲဒီပွဲစဉ်မှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်နဲ့ ဒမ်ဘီလီတို့ မပါဝင်နိုင်ခဲ့တာကြောင့် အကယ်ဒမီက လူငယ်ကစားသမားတချို့ကို အသင်းကြီးလူစာရင်းမှာ ပါဝင်ကစားစေခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲမှာ ပွဲထွက်ခဲ့တဲ့ ကားလက်စ် ပီရက်ဇ်ဟာလည်း အကယ်ဒမီက ကစားသမားတဦးဖြစ်ပြီး အနိုင်ဂိုးတဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အကယ်ဒမီထွက်ကစာသမားတွေရဲ့ ခြေစွမ်းကို မက်ဆီက ချီးကျူးသွားခဲ့ပြီး အန်းဆုဖက်တီကို လီယွန်နယ်မက်ဆီက ပွေ့ဖက်ဂုဏ်ပြုသွားခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဘာစီလိုနာအတြက္ ဒုတိယအသက္အငယ္ဆုံး ပြဲထြက္ကစားသမားကို မက္ဆီ ခ်ီးက်ဴး
ဘာစီလိုနာအသင္းအတြက္ ဒုတိယအသက္အငယ္ဆုံး ပြဲထြက္ကစာသွားခဲ့တဲ့ အန္းဆု ဖက္ဒီကို တိုက္စစ္မႉး မက္ဆီက ခ်ီးက်ဴးဂုဏ္ျပဳလိုက္ပါတယ္။
အသက္ ၁၆ ႏွစ္၊ ၉ လနဲ႔ ၂၅ ရက္ ပဲရွိေသးတဲ့ ဂီနီယာလူငယ္တိုက္စစ္ကစားသမား အန္းဆုဖက္တီဟာ ရီးရဲလ္ဘက္တစ္နဲ႔ ကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ လူစားဝင္ကစားခဲ့တာ ျဖစ္ပါတယ္။
ဒါေၾကာင့္ ၁၉၄၁ ခုႏွစ္က စပိန္ေနာက္ခံလူ မာတီနက္ဇ္ၿပီးေနာက္ အသင္းႀကီးမွာ ပြဲထြက္ခြင့္ရတဲ့ ဒုတိယအသက္အငယ္ဆုံးကစားသမားအျဖစ္ မွတ္တမ္း ဝင္ခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ အဲဒီပြဲစဥ္မွာ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ မက္ဆီ၊ ဆြာရက္ဇ္နဲ႔ ဒမ္ဘီလီတို႔ မပါဝင္ႏိုင္ခဲ့တာေၾကာင့္ အကယ္ဒမီက လူငယ္ကစားသမားတခ်ိဳ႕ကို အသင္းႀကီးလူစာရင္းမွာ ပါဝင္ကစားေစခဲ့တာျဖစ္ပါတယ္။
အဲဒီပြဲမွာ ပြဲထြက္ခဲ့တဲ့ ကားလက္စ္ ပီရက္ဇ္ဟာလည္း အကယ္ဒမီက ကစားသမားတဦးျဖစ္ၿပီး အႏိုင္ဂိုးတဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ အကယ္ဒမီထြက္ကစာသမားေတြရဲ႕ ေျခစြမ္းကို မက္ဆီက ခ်ီးက်ဴးသြားခဲ့ၿပီး အန္းဆုဖက္တီကို လီယြန္နယ္မက္ဆီက ေပြ႕ဖက္ဂုဏ္ျပဳသြားခဲ့ပါတယ္။