Home
မြန်မာသတင်း
ဟိုတယ်နှင့်တည်းခိုရိပ်သာများအတွက် ယစ်မျိုးဥပဒေ မူကြမ်း ရေးဆွဲပြီးစီး 
အောင်ဆန်းဦး
·
August 26, 2019
ဟိုတယ်တွေနဲ့ တည်းခိုရိပ်သာတွေကို ယစ်မျိုးလိုင်စင် ချထားပေးဖို့ ယစ်မျိုးဥပဒေ(မူကြမ်း) ရေးဆွဲထားပြီးဖြစ်လို့ သမ္မတရုံး ညွှန်ကြားချက်နဲ့ ညီမညီစိစစ်နေတယ်လို့ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဒုဝန်ကြီး ဦးတင်မြင့်က ပြောပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒုဝန်ကြီးက ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့ထားတဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၆ လပတ် အခွန်ဝင်ငွေစာရင်းနဲ့ စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့ရဲ့ ဆွေးနွေးချက်တွေ အပေါ် ပြန်လည်ရှင်းလင်းစဉ်မှာ အခုလို ပြောဆိုလိုက်တာပါ။ ဒုဝန်ကြီး ဦးတင်မြင့်က “စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သော အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှု ဆိုင်ရာ ကြီးကြပ်ညှိုနိုင်းရေး ကော်မတီကို ဖွဲ့စည်းထားရှိပြီး ပြည်ပမှ နိုင်ငံခြားအရက် တင်သွင်း နိုင်ရေး၊ ဟိုတယ်၊ တည်းခိုရိပ်သာများအတွက် ယစ်မျိုးလိုင်စဉ်များ ခွင့်ပြုပေးနိုင်ရေးနှင့် ယစ်မျိုးဥပဒေ (မူကြမ်း) ရေးဆွဲထားရှိမှုအပေါ် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့် ညီညွတ်ခြင်း ရှိ/ မရှိ စီစစ်ဆောင်ရွက်လျက်ရှိပါတယ်”လို့ ဆိုပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ယစ်မျိုးခွန် ကောက်ခံရရှိနိုင်ဖို့ ကျပ်သန်းပေါင်း ၄၉၀.၂၇၅ သန်း လျာထားခဲ့ပေမယ့် ကျပ်သန်းပေါင်း ၇၀၇.၄၅၃ သန်းအထိ ရရှိခဲ့တယ်လို့လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး စာရင်းတွေအရ သိရပါတယ်။
ဟိုတယ္ႏွင့္တည္းခိုရိပ္သာမ်ားအတြက္ ယစ္မ်ိဳးဥပေဒ မူၾကမ္း ေရးဆြဲၿပီးစီး ေအာင္ဆန္းဦး ဟိုတယ္ေတြနဲ႔ တည္းခိုရိပ္သာေတြကို ယစ္မ်ိဳးလိုင္စင္ ခ်ထားေပးဖို႔ ယစ္မ်ိဳးဥပေဒ(မူၾကမ္း) ေရးဆြဲထားၿပီးျဖစ္လို႔ သမၼတ႐ုံး ၫႊန္ၾကားခ်က္နဲ႔ ညီမညီစိစစ္ေနတယ္လို႔ ျပည္ေထာင္စုအစိုးရ အဖြဲ႕႐ုံး ဒုဝန္ႀကီး ဦးတင္ျမင့္က ေျပာပါတယ္။ ဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ဒုဝန္ႀကီးက ျပည္ေထာင္စု အစိုးရအဖြဲ႕က ေပးပို႔ထားတဲ့ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ၆ လပတ္ အခြန္ဝင္ေငြစာရင္းနဲ႔ စပ္လ်ဥ္းၿပီး ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္တို႔ရဲ႕ ေဆြးေႏြးခ်က္ေတြ အေပၚ ျပန္လည္ရွင္းလင္းစဥ္မွာ အခုလို ေျပာဆိုလိုက္တာပါ။ ဒုဝန္ႀကီး ဦးတင္ျမင့္က “စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးမွ ဥကၠ႒ အျဖစ္ ဦးေဆာင္ေသာ အရက္၊ ဘီယာ၊ ဝိုင္(ယမကာ) ထုတ္လုပ္၊ တင္သြင္း၊ ေရာင္းခ်မႈ ဆိုင္ရာ ႀကီးၾကပ္ညႇိဳႏိုင္းေရး ေကာ္မတီကို ဖြဲ႕စည္းထားရွိၿပီး ျပည္ပမွ ႏိုင္ငံျခားအရက္ တင္သြင္း ႏိုင္ေရး၊ ဟိုတယ္၊ တည္းခိုရိပ္သာမ်ားအတြက္ ယစ္မ်ိဳးလိုင္စဥ္မ်ား ခြင့္ျပဳေပးႏိုင္ေရးႏွင့္ ယစ္မ်ိဳးဥပေဒ (မူၾကမ္း) ေရးဆြဲထားရွိမႈအေပၚ ႏိုင္ငံေတာ္သမၼတ႐ုံး၏ ၫႊန္ၾကားခ်က္ႏွင့္ ညီၫြတ္ျခင္း ရွိ/ မရွိ စီစစ္ေဆာင္႐ြက္လ်က္ရွိပါတယ္”လို႔ ဆိုပါတယ္။ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ပထမ ၆ လအတြင္း ယစ္မ်ိဳးခြန္ ေကာက္ခံရရွိႏိုင္ဖို႔ က်ပ္သန္းေပါင္း ၄၉၀.၂၇၅ သန္း လ်ာထားခဲ့ေပမယ့္ က်ပ္သန္းေပါင္း ၇၀၇.၄၅၃ သန္းအထိ ရရွိခဲ့တယ္လို႔လည္း ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး စာရင္းေတြအရ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024