Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးမရောင်ရာဆီလူးနေပါက တရားခံရှာပွဲနှင့် တူနေမည်ဟု ရခိုင်အမတ်သတိပေး
နေဖြိုးဝင်း
·
August 26, 2019
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ မရောင်ရာဆီလူးနေပါက  တရားခံရှာတဲ့ ပွဲနဲ့သာ တူနေမှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြောကြားလိုက်ပါတယ်။   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါက်တာမောင်သင်းအပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦးက တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးတာမှာ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်က အခုလို ပြောတာပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သွားမယ့်လမ်းတူနေကြတာကြောင့် ခွဲရေး၊ တွဲရေး အငြင်းပွား အချိန်ဖြုန်းမနေကြဘဲ  ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။  ဒါအပြင် ၄၅ ဦး ကော်မတီက အစီရင်ခံထားတဲ့ အကြံပြုချက် ၃၇၆၅ ချက်လုံးကိုလည်း ဥပဒေမူကြမ်းအဖြစ် တင်သွင်းမယ်ဆိုရင်လည်း မဖြစ်နိုင်ဘဲ တူညီတဲ့အချက်တွေကို ပြန်လည် ညှိနှိုင်းပေါင်းစပ်မယ်ဆိုရင်တော့ တဝက်မက လျော့နည်းသွားနိုင်တယ်လို့ ဦးဖေသန်းက ပြောပါတယ်။ "ကျနော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အလွန်အရေးကြီးတဲ့အချိန်ကာလကို ရောက်နေပါပြီ။ ဖွဲ့စည်းပုံ မပြင် ဆင်နိုင်သရွှေ့၊ ဖက်ဒရယ်ပြည်ထောင်စု မပေါ်ပေါက်လာသရွှေ့ ရယ်မောသံတွေအစား ငိုညည်းသံတွေကိုပဲ ကြားနေရပါလိမ့်မယ်၊ လယ်သင်းနံ့တွေအစား သွေးညှီနံ့တွေပဲ ရှူရှိုက်နေရပါလိမ့်မယ်။ တို့တာဝန်အရေးသုံးပါးဆိုတာ သေနတ်တဒိုင်း ဒိုင်းဖောက်ပြီး သတိပေးနေရတဲ့ ဝါဒဖြန့် စာသားတွေပဲဖြစ်နေပါလိမ့်မယ်။ မိမိတို့ရဲ့ပြောဆိုချက် အနိုင်ရဖို့အတွက် အသံ ကျယ်ကျယ်နဲ့ငြင်းခုန်နေကြဖို့မဟုတ်ဘဲ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ အကျိုးအတွက် အမြင်ကျယ်ကျယ်နဲ့ ဆွေးနွေးကြဖို့ လိုပါတယ်။” ဒေါက်တာမောင်သင်းနဲ့ ကိုယ်စားလှယ် ၁၄၅ ဦးတင်သွင်းထားတဲ့ ဒီဥပဒေကြမ်းကိုလည်း ၄၅ ဦးကော်မတီမှာ တပေါင်းတည်းဆောင်ရွက်ဖို့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက အစီရင်ခံထားတာဖြစ်ပါတယ်။ ဒီကနေ့ဆွေးနွေးကြတာမှာလည်း တပ်မတော်ကိုယ်စားလှယ်တွေအပါအဝင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေက ဒီလို ၄၅ ဦး ကော်မတီမှာ တပေါင်းတည်း ဆောင်ရွက်ရမယ်ဆိုတာကို လက်မခံဘဲ ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။
ဖြဲ႕စည္းပုံျပင္ဆင္ေရးမေရာင္ရာဆီလူးေနပါက တရားခံရွာပြဲႏွင့္ တူေနမည္ဟု ရခိုင္အမတ္သတိေပး ေနၿဖိဳးဝင္း ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးကိစၥ မေရာင္ရာဆီလူးေနပါက တရားခံရွာတဲ့ ပြဲနဲ႔သာ တူေနမွာျဖစ္တယ္လို႔ ရခိုင္အမ်ိဳးသားပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေဆြးေႏြးေျပာၾကားလိုက္ပါတယ္။ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက ေဒါက္တာေမာင္သင္းအပါအဝင္ ကိုယ္စားလွယ္ ၁၄၅ ဦးက တင္သြင္းထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥပေဒၾကမ္းအေပၚ ေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာကို ေဆြးေႏြးတာမွာ ရခိုင္အမ်ိဳးသားပါတီက ကိုယ္စားလွယ္က အခုလို ေျပာတာပါ။ ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး သြားမယ့္လမ္းတူေနၾကတာေၾကာင့္ ခြဲေရး၊ တြဲေရး အျငင္းပြား အခ်ိန္ျဖဳန္းမေနၾကဘဲ ညႇိႏႈိင္းပူးေပါင္းေဆာင္႐ြက္သြားၾကဖို႔ အေရးႀကီးတယ္လို႔ ဆိုပါတယ္။ ဒါအျပင္ ၄၅ ဦး ေကာ္မတီက အစီရင္ခံထားတဲ့ အႀကံျပဳခ်က္ ၃၇၆၅ ခ်က္လုံးကိုလည္း ဥပေဒမူၾကမ္းအျဖစ္ တင္သြင္းမယ္ဆိုရင္လည္း မျဖစ္ႏိုင္ဘဲ တူညီတဲ့အခ်က္ေတြကို ျပန္လည္ ညႇိႏႈိင္းေပါင္းစပ္မယ္ဆိုရင္ေတာ့ တဝက္မက ေလ်ာ့နည္းသြားႏိုင္တယ္လို႔ ဦးေဖသန္းက ေျပာပါတယ္။ "က်ေနာ္တို႔ႏိုင္ငံမွာ ဖြဲ႕စည္းပုံျပင္ဆင္ေရးဟာ အလြန္အေရးႀကီးတဲ့အခ်ိန္ကာလကို ေရာက္ေနပါၿပီ။ ဖြဲ႕စည္းပုံ မျပင္ ဆင္ႏိုင္သေ႐ႊ႕၊ ဖက္ဒရယ္ျပည္ေထာင္စု မေပၚေပါက္လာသေ႐ႊ႕ ရယ္ေမာသံေတြအစား ငိုညည္းသံေတြကိုပဲ ၾကားေနရပါလိမ့္မယ္၊ လယ္သင္းနံ႔ေတြအစား ေသြးညႇီနံ႔ေတြပဲ ရွဴရႈိက္ေနရပါလိမ့္မယ္။ တို႔တာဝန္အေရးသုံးပါးဆိုတာ ေသနတ္တဒိုင္း ဒိုင္းေဖာက္ၿပီး သတိေပးေနရတဲ့ ဝါဒျဖန႔္ စာသားေတြပဲျဖစ္ေနပါလိမ့္မယ္။ မိမိတို႔ရဲ႕ေျပာဆိုခ်က္ အႏိုင္ရဖို႔အတြက္ အသံ က်ယ္က်ယ္နဲ႔ျငင္းခုန္ေနၾကဖို႔မဟုတ္ဘဲ တိုင္းရင္းသားျပည္သူတရပ္လုံးရဲ႕ အက်ိဳးအတြက္ အျမင္က်ယ္က်ယ္နဲ႔ ေဆြးေႏြးၾကဖို႔ လိုပါတယ္။” ေဒါက္တာေမာင္သင္းနဲ႔ ကိုယ္စားလွယ္ ၁၄၅ ဦးတင္သြင္းထားတဲ့ ဒီဥပေဒၾကမ္းကိုလည္း ၄၅ ဦးေကာ္မတီမွာ တေပါင္းတည္းေဆာင္႐ြက္ဖို႔ ေလ့လာစိစစ္ေရးပူးေပါင္းေကာ္မတီက အစီရင္ခံထားတာျဖစ္ပါတယ္။ ဒီကေန႔ေဆြးေႏြးၾကတာမွာလည္း တပ္မေတာ္ကိုယ္စားလွယ္ေတြအပါအဝင္ ႀကံ့ခိုင္ေရးပါတီက ကိုယ္စားလွယ္ေတြက ဒီလို ၄၅ ဦး ေကာ္မတီမွာ တေပါင္းတည္း ေဆာင္႐ြက္ရမယ္ဆိုတာကို လက္မခံဘဲ ကန႔္ကြက္ေဆြးေႏြးခဲ့ၾကပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024