မင်းလှမြို့နယ်၌ မြေပြိုကျပြီး  ကျောက်မီးသွေးတွင်း၌ အမျိုးသား ၄ ဦး ပိတ်မိနေ

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှာ  မြေပြိုကျလို့ ကျောက်မီးသွေးတွင်းထဲမှာ   အမျိုးသား ၄ ဦး ပိတ်မိနေပါတယ်။ ဩဂုတ် ၂၅ ရက် ည၈နာရီ ၄၅ မိနစ်အချိန်က မင်းလှမြို့နယ်၊ ဆပ်ပြာကုန်းကျေးရွာအနီးရှိ ဦးမျိုးသန်း(၅၁)နှစ်ပိုင် အင်ကြင်းတောင်ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီက  တူးဖော်လုပ်ကိုင် နေတဲ့ ကျောက်မီးသွေးတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်မီးသွေးတွင်းထဲသို့ တောင်ကျရေတွေ စီးဝင်ပြီး မြေပြိုကျခဲ့တာဖြစ်ပါတယ်။ ကျောက်မီးသွေးတွင်းထဲမှာ အောင်ချမ်းသာ(၁၆နှစ်) ပါ အမျိုးသား ၄ ဦး ပိတ်မိနေလို့ ကယ်ဆယ်ထုတ်ယူနိုင်ရေးအတွက် ကျောက်မီးသွေးတွင်းရှိ ရေတွေကို ရေစုတ်စက်နဲ့ စုပ်ယူနေကြပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရေနံမနယ်မြေရဲစခန်းမှူးနဲ့ ပူးပေါင်းအဖွဲ့တွေက  ဝိုင်းဝန်း ဆောင်ရွက်နေကြပါတယ်။ 
မင္းလွၿမိဳ႕နယ္၌ ေျမၿပိဳက်ၿပီး ေက်ာက္မီးေသြးတြင္း၌ အမ်ိဳးသား ၄ ဦး ပိတ္မိေန DVB မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္မွာ ေျမၿပိဳက်လို႔ ေက်ာက္မီးေသြးတြင္းထဲမွာ အမ်ိဳးသား ၄ ဦး ပိတ္မိေနပါတယ္။ ဩဂုတ္ ၂၅ ရက္ ည၈နာရီ ၄၅ မိနစ္အခ်ိန္က မင္းလွၿမိဳ႕နယ္၊ ဆပ္ျပာကုန္းေက်း႐ြာအနီးရွိ ဦးမ်ိဳးသန္း(၅၁)ႏွစ္ပိုင္ အင္ၾကင္းေတာင္ေက်ာက္မီးေသြးတူးေဖာ္ေရးကုမၸဏီက တူးေဖာ္လုပ္ကိုင္ ေနတဲ့ ေက်ာက္မီးေသြးတြင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲသို႔ ေတာင္က်ေရေတြ စီးဝင္ၿပီး ေျမၿပိဳက်ခဲ့တာျဖစ္ပါတယ္။ ေက်ာက္မီးေသြးတြင္းထဲမွာ ေအာင္ခ်မ္းသာ(၁၆ႏွစ္) ပါ အမ်ိဳးသား ၄ ဦး ပိတ္မိေနလို႔ ကယ္ဆယ္ထုတ္ယူႏိုင္ေရးအတြက္ ေက်ာက္မီးေသြးတြင္းရွိ ေရေတြကို ေရစုတ္စက္နဲ႔ စုပ္ယူေနၾကပါတယ္။ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ေရနံမနယ္ေျမရဲစခန္းမႉးနဲ႔ ပူးေပါင္းအဖြဲ႕ေတြက ဝိုင္းဝန္း ေဆာင္႐ြက္ေနၾကပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up