ဂျပန်နှင့်ကုန်သွယ်ရေး သဘောတူညီချက်ရရှိခဲ့ဟု သမ္မတထရမ့်ပြော

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တရပ်ကို အကြမ်းဖျင်း သဘောတူခဲ့ကြပြီး စက်တင်ဘာလထဲ နယူးယောက်မြို့မှာ တရားဝင်လက်မှတ်ထိုးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  သြဂုတ် ၂၅ ရက်နေ့မှာ ပြောပါတယ်။  အဲဒီကုန်သွယ်ရေး သဘောတူညီချက်အရ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေအတွက် ဈေးကွက်ဖွင့်ပေးသွားမှာဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး၊ စက်မှုအခွန်စည်းကြပ်တာနဲ့ ဒီဂျစ်တယ်ကုန်သွယ်ရေး စတဲ့ကဏ္ဍတွေလည်း ပါတယ်လို့ ထရမ့်ရဲ့ ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်ထိုက်ဇာက ပြောပါတယ်။  ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံမှုအတွင်း ဂျပန်အနေနဲ့ အမေရိကန်ထွက် ဂျုံတွေ ပြောင်းတွေကို ဝယ်ဖို့ သဘောတူခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။ ဒီအစီအစဉ်ဟာ ပုဂ္ဂလိကကဏ္ဍ အောက်ကနေ လုပ်ဆောင်သွားမယ်လို့ အာဘေးက ပြောပါတယ်။  ထရမ့်နဲ့ အာဘေးတို့ဟာ ဩဂုတ် ၂၄ ရက်နေ့က ပြင်သစ်နိုင်ငံမှာ စတင်ကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲကို ရောက်ရှိနေချိန် သီးခြားတွေ့ဆုံခဲ့ကြတာပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဂ်ပန္ႏွင့္ကုန္သြယ္ေရး သေဘာတူညီခ်က္ရရွိခဲ့ဟု သမၼတထရမ့္ေျပာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးနဲ႔ ကုန္သြယ္ေရး သေဘာတူညီခ်က္တရပ္ကို အၾကမ္းဖ်င္း သေဘာတူခဲ့ၾကၿပီး စက္တင္ဘာလထဲ နယူးေယာက္ၿမိဳ႕မွာ တရားဝင္လက္မွတ္ထိုးမယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က  ၾသဂုတ္ ၂၅ ရက္ေန႔မွာ ေျပာပါတယ္။ အဲဒီကုန္သြယ္ေရး သေဘာတူညီခ်က္အရ အေမရိကန္ေဒၚလာ ၇ ဘီလီယံေက်ာ္ တန္ဖိုးရွိတဲ့ ကုန္ပစၥည္းေတြအတြက္ ေဈးကြက္ဖြင့္ေပးသြားမွာျဖစ္ၿပီး လယ္ယာစိုက္ပ်ိဳးေရး၊ စက္မႈအခြန္စည္းၾကပ္တာနဲ႔ ဒီဂ်စ္တယ္ကုန္သြယ္ေရး စတဲ့က႑ေတြလည္း ပါတယ္လို႔ ထရမ့္ရဲ႕ ကုန္သြယ္ေရး ကိုယ္စားလွယ္ ေရာဘတ္ လိုက္ထိုက္ဇာက ေျပာပါတယ္။ ရွင္ဇိုအာေဘးနဲ႔ ေတြ႕ဆုံမႈအတြင္း ဂ်ပန္အေနနဲ႔ အေမရိကန္ထြက္ ဂ်ဳံေတြ ေျပာင္းေတြကို ဝယ္ဖို႔ သေဘာတူခဲ့တယ္လို႔ ထရမ့္က ဆိုပါတယ္။ ဒီအစီအစဥ္ဟာ ပုဂၢလိကက႑ ေအာက္ကေန လုပ္ေဆာင္သြားမယ္လို႔ အာေဘးက ေျပာပါတယ္။ ထရမ့္နဲ႔ အာေဘးတို႔ဟာ ဩဂုတ္ ၂၄ ရက္ေန႔က ျပင္သစ္ႏိုင္ငံမွာ စတင္က်င္းပတဲ့ G7 ထိပ္သီးေဆြးေႏြးပြဲကို ေရာက္ရွိေနခ်ိန္ သီးျခားေတြ႕ဆုံခဲ့ၾကတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up