A d v e r t i s e m e n t With Us

အင်တာအသင်း ဆန်းချက်ဇ်ကို အပြီးသတ် ဝယ်ယူမည့်စာချုပ် ထည့်သွင်းရန် မန်ယူ အလိုရှိ

အင်တာမီလန်အသင်းအနေနဲ့ ဆန်းချက်ဇ်ကို အပြီးသတ် ဝယ်ယူမယ်ဆိုတဲ့ စာချုပ်တခု ထည့်သွင်းဖို့ မန်ယူအသင်းက အလိုရှိနေတယ်လို့ သိရပါတယ်။  အီတလီကလပ် အင်တာမီလန်အသင်းဟာ ယူနိုက်တက် ကစား သမားဆန်းချက်ဇ်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လုပ်ခလစာနဲ့ အပြီးသတ်ဝယ်ယူရမယ့် အခြေအနေပေါ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်နေရတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက် အသင်းဘက်ကတော့ ဆန်းချက်ဇ်ကို အငှားစာချုပ်ပြည့်တဲ့ အချိန်မှာ အပြီးသတ် ရောင်းချနိုင်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းကတော့ အငှားစာချုပ်နဲ့ ခေါ်ယူမယ်ဆိုရင် တပတ် လုပ်ခ ပေါင် ၅ သိန်းခန့် ရရှိနေတဲ့ ဆန်းချက်ဇ်ကို ပေါင် ၁ သိန်းခွဲလောက်ပဲ ပေးချေနိုင်တာကြောင့်  လက်ကျန် ပေါင် ၃ သိန်းခွဲခန့်ကို မန်ယူအသင်းက ဆက်ပြီးပေးချေရဖို့ ရှိနေပါတယ်။ အသက် ၃၀ နှစ်ရှိ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့နှစ်က မန်ယူအသင်းအတွက်စု စုပေါင်း ၃၂ ပွဲမှာ ၃ ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး အခုနှစ်ရာသီမှာတော့ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အင္တာအသင္း ဆန္းခ်က္ဇ္ကို အၿပီးသတ္ ဝယ္ယူမည့္စာခ်ဳပ္ ထည့္သြင္းရန္ မန္ယူ အလိုရွိ အင္တာမီလန္အသင္းအေနနဲ႔ ဆန္းခ်က္ဇ္ကို အၿပီးသတ္ ဝယ္ယူမယ္ဆိုတဲ့ စာခ်ဳပ္တခု ထည့္သြင္းဖို႔ မန္ယူအသင္းက အလိုရွိေနတယ္လို႔ သိရပါတယ္။ အီတလီကလပ္ အင္တာမီလန္အသင္းဟာ ယူႏိုက္တက္ ကစား သမားဆန္းခ်က္ဇ္ကို အငွားစာခ်ဳပ္နဲ႔ ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး လုပ္ခလစာနဲ႔ အၿပီးသတ္ဝယ္ယူရမယ့္ အေျခအေနေပၚမွာ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနရတာ ျဖစ္ပါတယ္။ မန္ယူႏိုက္တက္ အသင္းဘက္ကေတာ့ ဆန္းခ်က္ဇ္ကို အငွားစာခ်ဳပ္ျပည့္တဲ့ အခ်ိန္မွာ အၿပီးသတ္ ေရာင္းခ်ႏိုင္ဖို႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။ အင္တာမီလန္အသင္းကေတာ့ အငွားစာခ်ဳပ္နဲ႔ ေခၚယူမယ္ဆိုရင္ တပတ္ လုပ္ခ ေပါင္ ၅ သိန္းခန႔္ ရရွိေနတဲ့ ဆန္းခ်က္ဇ္ကို ေပါင္ ၁ သိန္းခြဲေလာက္ပဲ ေပးေခ်ႏိုင္တာေၾကာင့္  လက္က်န္ ေပါင္ ၃ သိန္းခြဲခန႔္ကို မန္ယူအသင္းက ဆက္ၿပီးေပးေခ်ရဖို႔ ရွိေနပါတယ္။ အသက္ ၃၀ ႏွစ္ရွိ ဆန္းခ်က္ဇ္ဟာ ၿပီးခဲ့တဲ့ႏွစ္က မန္ယူအသင္းအတြက္စု စုေပါင္း ၃၂ ပြဲမွာ ၃ ဂိုးပဲ သြင္းယူႏိုင္ခဲ့ၿပီး အခုႏွစ္ရာသီမွာေတာ့ ဒဏ္ရာေၾကာင့္ ပါဝင္ကစားႏိုင္ျခင္း မရွိေသးတာ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up