Home
မြန်မာသတင်း
ကရင်နီလူငယ် ၆ ဦးကို နိုင်လွတ်လုံ ဥပဒေဖြင့် စွဲချက်တင်
နော်နိုရင်း
·
August 26, 2019
ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ တရားစွဲခံထားရတဲ့ ကရင်နီ လူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက စွဲချက်တင် အမိန့်ချမှတ်လိုက်ပါတယ်။  ဒီကနေ့ ၉ ကြိမ်မြောက် ရုံးထုတ်မှာ အခုလိုအမိန့်ချလိုက်တာဖြစ်ပြီး ဒီလူငယ်တွေဟာ စွဲဆိုထားတဲ့ပုဒ်မနဲ့ အမှုမြောက်ကြောင်းနဲ့ ဒီအမှုကို ဆက်လက်စစ်ဆေးမယ်လို့ တရားသူကြီး ဒေါ်အေမီဝင်းက အမိန့်ချမှတ်ခဲ့တာပါ။ ဒီတရားစွဲတင်ချက်အပေါ် လူငယ်တွေအနေနဲ့ အယူခံဝင်နိုင်တယ်လို့ တရားသူကြီးက ပြောဆိုခဲ့ပေမယ့်  လူငယ်တွေအနေနဲ့ အယူခံဝင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြပြီး လာမယ့်စက်တင်ဘာလ ၄ ရက်နေ့မှာ ရုံးပြန်ချိန်းဆိုလိုက်ပါတယ်။ တရားစွဲဆိုခံရသူဘက်က သက်သေ ၁၂ ဦးကိုတင်ထားပြီး လာမယ့်ရုံးချိန်းတွေမှာ ခံပြသက်သေတွေကို ဆက်လက်စစ်ဆေးဖို့ ရှိနေပါတယ်။ ဒီလိုတရားစွဲတင်ခံရတဲ့သူတွေထဲက တဦးဖြစ်တဲ့ ကိုမျိုးလှိုင်ဝင်းက “ကျနော်တို့ကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့စွဲတဲ့အပေါ်မှာ ပြစ်မှုမမြောက်ဘူးလို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က လူတယောက်ကို ရည်ရွယ်ပြီးစာထုတ်ခဲ့တာ မဟုတ်ပါဘူး။ အခုက ပြည်နယ်အစိုးရရဲ့ အမိန့်နဲ့ ကိုယ်စားပြုပြီးတရားစွဲခဲ့တယ်။ နောက်ပြီး ကျနော်တို့ အဲလိုစာထုတ်ခဲ့တာကို ပြည်နယ်အစိုးရကို လိပ်မူပြီးပို့ခဲ့တာလည်းမရှိဘူး။ ကျနော်တို့ ဒီတိုင်းအွန်လိုင်းပေါ်မှာ ဖြန်ခဲ့တာပဲရှိခဲ့တယ်။ တဆက်ထဲမှာပဲ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ စီမံဘဏ် ဝန်ကြီးကို ထိခိုက်ခဲ့တာမရှိသလို ရှင်းလင်းခဲ့တာလည်းမရှိပါဘူး။ ဒီလိုမရှိခဲ့တဲ့အပေါ်မှာ တရားမျှတမှုမရှိဘူးလို့ ကျနော်တို့ယူဆတယ်။ ”  ခူးကြူးဖဲကေးက “ကျနော်တို့ တရားဘက်က သက်သေတွေကို စစ်တဲ့အချိန်မှာ သက်သေ ခိုင်မာမှုမရှိဘူး။ ပြီးတော့ အမှုအရလည်းခိုင်မာမှုမရှိပါဘူး။ အဲဒါဆိုရင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ ပုဒ်မ ၂၀၉ အရဆိုရင် ကျနော်တို့ကို တရားရှင်လွှတ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် မလွှတ်ပေးဘူးဆိုကတည်းက အုပ်ချုပ်ရေးအပိုင်းက ဒီတရားစီရင်ရေးပိုင်းမှာ ဘယ်လောက်ထိ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ထင်ထင်ရှားရှာတွေ့ရမှာဖြစ်တယ်။ တရားစီရင်ရေးစနစ်က ကျနော်တို့နိုင်ငံမှာ လွတ်လပ်မှုမရှိသေးပါဘူး။ အုပ်ချုပ်ရေးအာဏာပိုင်တွေက အများကြီးဝင်ရောက် စွက်ဖက်မှုရှိနေတယ်။ ဒါကို ဒီနေ့တရာရုံးကလည်း သက်သေထူလိုက်တာဖြစ်တယ်။ သက်သေ မခိုင်လုံဘူး။ အမှုတည်ဆောက်မှုမခိုင်လုံပဲနဲ့ ကျနော်တို့ကိုစွဲချက်တင်ခဲ့တာဖြစ်တယ်။ ” ဒီကနေ့ ရုံးထုတ်မှာ လူငယ်တွေကို လာရောက်ဝန်းရံတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကတော့ အခုလို လူငယ်တွေကို စွဲချက်တင်လိုက်တာဟာ တိုင်းရင်းသားတွေကို ဖိနှိပ်တာဖြစ်တယ်လို့ပြောပါတယ်။ “ဒီကိစ္စကတော့လေ တိုင်းရင်းသားတွေကို ဖိနှိပ်တယ်လို့ပဲမြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တိုင်ရင်းသားဒေသတွေမှာ တိုင်းရင်းသားတွေလိုချင်တဲ့ဟာကို အစိုးရလုပ်ပေးရမှာ ဖြစ်ပါတယ်။ အခုတရားစွဲတယ်ဆိုတာ ဒီဥပဒေနဲ့စွဲတဲ့အတွက် ဝမ်းနည်းစရာကောင်းပါတယ်။ ဒီနိုင်လွတ်လုံ ၁၀ က တကယ်တန်း သူတို့က ဌာနဆိုင်ရာမဟုတ်တာလုပ်တာတွေအဲဒါတွေပါတယ်။ အဲတော့ ဒီဟာက တရားစွဲခြင်းအားဖြင့်လည်း ဖိနှိပ်တာကို ပေါ်လွင်တာပေါ့နော်။ အစိုးရတရပ်က ပြည်သူတွေရဲ့အသံကိုနားထောင်မယ်လို့ပြောပြီးတော့ ပြည်သူတွေရဲ့အသံကိုနားမထောင်ဘဲနဲ့ လုပ်ချင်တာလုပ်တဲ့အစိုးရဖြစ်နေတယ်ဆိုရင် အန်တီကတော့ လက်မခံပါဘူး။ ” ဒီးဒီ(ခ)စစ်မုန်းက “ အခုလက်ရှိကျနော်တို့ကို စွဲနေတဲ့ ဥပဒေက ပြည်သူကို ကာကွယ်ဖို့ ဖြစ်တယ်။ ဒါပေမယ့် ပြည်သူကို ဖိနှိပ်နေတဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေကို အကောင်အထည်ဖော်တဲ့ တရားရုံးတွေ၊ ဒီဥပဒေကိုင်ပြီးမှ ကျနော်တို့ကို တရားစွဲတဲ့ပြည်နယ်အစိုးရ ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးတို့ကို ကျနော် ပြောချင်တာကတော့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် ပြဋ္ဌာန်းထားတဲ ဥပဒေကို ပြည်သူတွေကို ဖိနှိပ်ဖို့အတွက်သုံးတယ်ဆိုတာက ခင်ဗျားတို့က အင်မတန်မှ အမြော်အမြင်နည်း တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။  ” ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲခဲ့တာပါ။ အဲဒီကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ မေ ၁၆ ရက်မှာ တရားစွဲဆိုပြီး တရားလိုနဲ့ လိုပြသက်သေစစ်ဆေးပြီးနောက် ဒီကနေ့စွဲချက်တင်ခဲ့တာပါ။ ကရင်နီလူငယ် ၆ ဦး လက်မှတ်ထိုးခဲ့တဲ့စာအပေါ်မှာလည်း နောက်ထပ် ကရင်နီလူငယ် ၁၆၀ ကျော်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ဒီအပေါ် အစိုးရဖက် တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။   ဒီပေါ်မှာ ဥပဒေအရ ဆက်လက်မေးခွန်းထုတ်ရမှာဖြစ်တယ်လို့ ကရင်နီလူငယ်တွေကို ဝန်းရံပေးနေတဲ့ LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထင်အောင်က ပြောပါတယ်။ “ဒီလူ ၆ ယောက်ကိုစွဲတယ်ဆိုရင် နောက် ၁၆၀ကျော်ကိုလည်း စွဲရမှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဥပဒေကို လိုတမျိုးမလိုတမျိုးလုပ်မှာလား။ ဆက်ပြီးတော့မှ ဒီအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ကို ကျနော်တို့ ပြည်နယ်တည်ငြိမ်မှုပျက်ပြားနိုင်တဲ့အထိကို အစိုဘက်ကနေ တရားစွဲမှာလားဆိုတဲ့ဟာကိုကျနော်တို့ ဆက်လက်စောင့်ကြည့်နေမယ်။ ဥပဒေကိုလည်း ကျနော်တို့က မေးခွန်းထုတ်နေမယ်။ ဒီအပေါ်မှာ လူငယ်တွေနဲ့အတူ ဆက်လက်ပြီးတော့မှ ကရင်နီလူထုတွေကတော့ ဝန်းရံ နေမယ်ဆိုတာကို ထည့်သွင်းပြောကြားလိုပါတယ်။ ” ဒီကနေ့ကရင်နီလူငယ်တွေရဲ့ ရုံးထုတ်မှာ ရန်ကုန်၊ မန္တလေအပါအ၀င် ကယားပြည်နယ်က လူငယ်တွေ ရာချီပြီး သွားရောက်ဝန်းရံခဲ့ပါတယ်။ လူငယ် ၆ ဦးကို စွဲဆိုထားတဲ့ နိုင်လွတ်လုံ ဥပဒေ  ပုဒ်မ ၁၀ အရ ပြစ်မှုထင်ရှားစီရင်ခံရပါက အနည်းဆုံး ၆ လကနေ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရသလို ငွေဒဏ် အနည်းဆုံး ကျပ် ၃ သိန်းကနေ အများဆုံး ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်ပါတယ်။
ကရင္နီလူငယ္ ၆ ဦးကို ႏိုင္လြတ္လုံ ဥပေဒျဖင့္ စြဲခ်က္တင္ ေနာ္ႏိုရင္း ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈႏွင့္ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ (၁၀) နဲ႔ တရားစြဲခံထားရတဲ့ ကရင္နီ လူငယ္ ၆ ဦးကို လြိဳင္ေကာ္ၿမိဳ႕နယ္ တရား႐ုံးက စြဲခ်က္တင္ အမိန႔္ခ်မွတ္လိုက္ပါတယ္။ ဒီကေန႔ ၉ ႀကိမ္ေျမာက္ ႐ုံးထုတ္မွာ အခုလိုအမိန႔္ခ်လိုက္တာျဖစ္ၿပီး ဒီလူငယ္ေတြဟာ စြဲဆိုထားတဲ့ပုဒ္မနဲ႔ အမႈေျမာက္ေၾကာင္းနဲ႔ ဒီအမႈကို ဆက္လက္စစ္ေဆးမယ္လို႔ တရားသူႀကီး ေဒၚေအမီဝင္းက အမိန႔္ခ်မွတ္ခဲ့တာပါ။ ဒီတရားစြဲတင္ခ်က္အေပၚ လူငယ္ေတြအေနနဲ႔ အယူခံဝင္ႏိုင္တယ္လို႔ တရားသူႀကီးက ေျပာဆိုခဲ့ေပမယ့္ လူငယ္ေတြအေနနဲ႔ အယူခံဝင္မွာမဟုတ္ဘူးလို႔ ဆုံးျဖတ္ခဲ့ၾကၿပီး လာမယ့္စက္တင္ဘာလ ၄ ရက္ေန႔မွာ ႐ုံးျပန္ခ်ိန္းဆိုလိုက္ပါတယ္။ တရားစြဲဆိုခံရသူဘက္က သက္ေသ ၁၂ ဦးကိုတင္ထားၿပီး လာမယ့္႐ုံးခ်ိန္းေတြမွာ ခံျပသက္ေသေတြကို ဆက္လက္စစ္ေဆးဖို႔ ရွိေနပါတယ္။ ဒီလိုတရားစြဲတင္ခံရတဲ့သူေတြထဲက တဦးျဖစ္တဲ့ ကိုမ်ိဳးလႈိင္ဝင္းက “က်ေနာ္တို႔ကို ႏိုင္လြတ္လုံ ပုဒ္မ ၁၀ နဲ႔စြဲတဲ့အေပၚမွာ ျပစ္မႈမေျမာက္ဘူးလို႔ ယူဆတယ္။ ဘာျဖစ္လို႔လဲဆိုရင္ က်ေနာ္တို႔က လူတေယာက္ကို ရည္႐ြယ္ၿပီးစာထုတ္ခဲ့တာ မဟုတ္ပါဘူး။ အခုက ျပည္နယ္အစိုးရရဲ႕ အမိန႔္နဲ႔ ကိုယ္စားျပဳၿပီးတရားစြဲခဲ့တယ္။ ေနာက္ၿပီး က်ေနာ္တို႔ အဲလိုစာထုတ္ခဲ့တာကို ျပည္နယ္အစိုးရကို လိပ္မူၿပီးပို႔ခဲ့တာလည္းမရွိဘူး။ က်ေနာ္တို႔ ဒီတိုင္းအြန္လိုင္းေပၚမွာ ျဖန္ခဲ့တာပဲရွိခဲ့တယ္။ တဆက္ထဲမွာပဲ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိနဲ႔ စီမံဘဏ္ ဝန္ႀကီးကို ထိခိုက္ခဲ့တာမရွိသလို ရွင္းလင္းခဲ့တာလည္းမရွိပါဘူး။ ဒီလိုမရွိခဲ့တဲ့အေပၚမွာ တရားမွ်တမႈမရွိဘူးလို႔ က်ေနာ္တို႔ယူဆတယ္။ ” ခူးၾကဴးဖဲေကးက “က်ေနာ္တို႔ တရားဘက္က သက္ေသေတြကို စစ္တဲ့အခ်ိန္မွာ သက္ေသ ခိုင္မာမႈမရွိဘူး။ ၿပီးေတာ့ အမႈအရလည္းခိုင္မာမႈမရွိပါဘူး။ အဲဒါဆိုရင္ ျပစ္မႈဆိုင္ရာ က်င့္ထုံး ဥပေဒအရ ပုဒ္မ ၂၀၉ အရဆိုရင္ က်ေနာ္တို႔ကို တရားရွင္လႊတ္ေပးရမွာျဖစ္ပါတယ္။ ဒါေပမယ့္ မလႊတ္ေပးဘူးဆိုကတည္းက အုပ္ခ်ဳပ္ေရးအပိုင္းက ဒီတရားစီရင္ေရးပိုင္းမွာ ဘယ္ေလာက္ထိ ပါဝင္ပတ္သက္ေနတယ္ဆိုတာကို ထင္ထင္ရွားရွာေတြ႕ရမွာျဖစ္တယ္။ တရားစီရင္ေရးစနစ္က က်ေနာ္တို႔ႏိုင္ငံမွာ လြတ္လပ္မႈမရွိေသးပါဘူး။ အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြက အမ်ားႀကီးဝင္ေရာက္ စြက္ဖက္မႈရွိေနတယ္။ ဒါကို ဒီေန႔တရာ႐ုံးကလည္း သက္ေသထူလိုက္တာျဖစ္တယ္။ သက္ေသ မခိုင္လုံဘူး။ အမႈတည္ေဆာက္မႈမခိုင္လုံပဲနဲ႔ က်ေနာ္တို႔ကိုစြဲခ်က္တင္ခဲ့တာျဖစ္တယ္။ ” ဒီကေန႔ ႐ုံးထုတ္မွာ လူငယ္ေတြကို လာေရာက္ဝန္းရံတဲ့ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ေနာ္အုန္းလွကေတာ့ အခုလို လူငယ္ေတြကို စြဲခ်က္တင္လိုက္တာဟာ တိုင္းရင္းသားေတြကို ဖိႏွိပ္တာျဖစ္တယ္လို႔ေျပာပါတယ္။ “ဒီကိစၥကေတာ့ေလ တိုင္းရင္းသားေတြကို ဖိႏွိပ္တယ္လို႔ပဲျမင္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ တိုင္ရင္းသားေဒသေတြမွာ တိုင္းရင္းသားေတြလိုခ်င္တဲ့ဟာကို အစိုးရလုပ္ေပးရမွာ ျဖစ္ပါတယ္။ အခုတရားစြဲတယ္ဆိုတာ ဒီဥပေဒနဲ႔စြဲတဲ့အတြက္ ဝမ္းနည္းစရာေကာင္းပါတယ္။ ဒီႏိုင္လြတ္လုံ ၁၀ က တကယ္တန္း သူတို႔က ဌာနဆိုင္ရာမဟုတ္တာလုပ္တာေတြအဲဒါေတြပါတယ္။ အဲေတာ့ ဒီဟာက တရားစြဲျခင္းအားျဖင့္လည္း ဖိႏွိပ္တာကို ေပၚလြင္တာေပါ့ေနာ္။ အစိုးရတရပ္က ျပည္သူေတြရဲ႕အသံကိုနားေထာင္မယ္လို႔ေျပာၿပီးေတာ့ ျပည္သူေတြရဲ႕အသံကိုနားမေထာင္ဘဲနဲ႔ လုပ္ခ်င္တာလုပ္တဲ့အစိုးရျဖစ္ေနတယ္ဆိုရင္ အန္တီကေတာ့ လက္မခံပါဘူး။ ” ဒီးဒီ(ခ)စစ္မုန္းက “ အခုလက္ရွိက်ေနာ္တို႔ကို စြဲေနတဲ့ ဥပေဒက ျပည္သူကို ကာကြယ္ဖို႔ ျဖစ္တယ္။ ဒါေပမယ့္ ျပည္သူကို ဖိႏွိပ္ေနတဲ့ ဥပေဒျဖစ္တယ္။ ဒီဥပေဒကို အေကာင္အထည္ေဖာ္တဲ့ တရား႐ုံးေတြ၊ ဒီဥပေဒကိုင္ၿပီးမွ က်ေနာ္တို႔ကို တရားစြဲတဲ့ျပည္နယ္အစိုးရ ဝန္ႀကီးခ်ဳပ္နဲ႔ စီမံဘ႑ာဝန္ႀကီးတို႔ကို က်ေနာ္ ေျပာခ်င္တာကေတာ့ ျပည္သူေတြကို ကာကြယ္ဖို႔အတြက္ ျပ႒ာန္းထားတဲ ဥပေဒကို ျပည္သူေတြကို ဖိႏွိပ္ဖို႔အတြက္သုံးတယ္ဆိုတာက ခင္ဗ်ားတို႔က အင္မတန္မွ အေျမာ္အျမင္နည္း တဲ့ပုဂၢိဳလ္ေတြျဖစ္တယ္။ ” ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္စီမံ/ဘ႑ာဝန္ႀကီးနဲ႔ ေၾကး႐ုပ္ ျဖစ္ေျမာက္ေရး ေကာ္မတီတို႔ကို ႏိုင္ငံေရးရာဇဝတ္ေကာင္မ်ား၊ ကရင္နီအမ်ိဳးသားသစၥာေဖာက္ဆိုၿပီး ကရင္နီ လူငယ္ေတြက မတ္ ၂၅ ရက္က ထုတ္ျပန္ေၾကညာရာမွာ ပါဝင္လက္မွတ္ေရးထိုးခဲ့တဲ့အတြက္ လူငယ္ ၆ ဦးကို ျပည္နယ္အစိုးရက တရားစြဲခဲ့တာပါ။ အဲဒီေၾကညာခ်က္မွာ ပါဝင္လက္မွတ္ေရးထိုးခဲ့တဲ့ ကိုစစ္မုန္း(ခ) ဒီးဒီ၊ မ်ိဳးလႈိင္ဝင္း၊ ဂြၽန္ေပါလ္၊ ခူးရီးဒူ၊ ခူးၾကဴးဖဲေကး၊ ခြန္းေသာမတ္စ္တို႔ကို ျပည္နယ္အစိုးရက ပုဂၢိဳလ္ဆိုင္ရာ လြတ္လပ္မႈ၊ လုံၿခဳံမႈကို ကာကြယ္ေပးေရး ဥပေဒ ပုဒ္မ (၁၀) နဲ႔ ေမ ၁၆ ရက္မွာ တရားစြဲဆိုၿပီး တရားလိုနဲ႔ လိုျပသက္ေသစစ္ေဆးၿပီးေနာက္ ဒီကေန႔စြဲခ်က္တင္ခဲ့တာပါ။ ကရင္နီလူငယ္ ၆ ဦး လက္မွတ္ထိုးခဲ့တဲ့စာအေပၚမွာလည္း ေနာက္ထပ္ ကရင္နီလူငယ္ ၁၆၀ ေက်ာ္က လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့ၿပီး ဒီအေပၚ အစိုးရဖက္ တစုံတရာ ထုတ္ျပန္ေျပာဆိုတာ မရွိေသးပါဘူး။ ဒီေပၚမွာ ဥပေဒအရ ဆက္လက္ေမးခြန္းထုတ္ရမွာျဖစ္တယ္လို႔ ကရင္နီလူငယ္ေတြကို ဝန္းရံေပးေနတဲ့ LAIN နည္းပညာအေထာက္အကူျပဳအဖြဲ႕ ဥကၠ႒ ဦးေက်ာ္ထင္ေအာင္က ေျပာပါတယ္။ “ဒီလူ ၆ ေယာက္ကိုစြဲတယ္ဆိုရင္ ေနာက္ ၁၆၀ေက်ာ္ကိုလည္း စြဲရမွာျဖစ္ပါတယ္။ အဲဒီအတြက္ေၾကာင့္မို႔လို႔ ဥပေဒကို လိုတမ်ိဳးမလိုတမ်ိဳးလုပ္မွာလား။ ဆက္ၿပီးေတာ့မွ ဒီအေပၚမွာ က်ယ္က်ယ္ျပန႔္ျပန႔္ကို က်ေနာ္တို႔ ျပည္နယ္တည္ၿငိမ္မႈပ်က္ျပားႏိုင္တဲ့အထိကို အစိုဘက္ကေန တရားစြဲမွာလားဆိုတဲ့ဟာကိုက်ေနာ္တို႔ ဆက္လက္ေစာင့္ၾကည့္ေနမယ္။ ဥပေဒကိုလည္း က်ေနာ္တို႔က ေမးခြန္းထုတ္ေနမယ္။ ဒီအေပၚမွာ လူငယ္ေတြနဲ႔အတူ ဆက္လက္ၿပီးေတာ့မွ ကရင္နီလူထုေတြကေတာ့ ဝန္းရံ ေနမယ္ဆိုတာကို ထည့္သြင္းေျပာၾကားလိုပါတယ္။ ” ဒီကေန႔ကရင္နီလူငယ္ေတြရဲ႕ ႐ုံးထုတ္မွာ ရန္ကုန္၊ မႏၲေလအပါအ၀င္ ကယားျပည္နယ္က လူငယ္ေတြ ရာခ်ီၿပီး သြားေရာက္ဝန္းရံခဲ့ပါတယ္။ လူငယ္ ၆ ဦးကို စြဲဆိုထားတဲ့ ႏိုင္လြတ္လုံ ဥပေဒ ပုဒ္မ ၁၀ အရ ျပစ္မႈထင္ရွားစီရင္ခံရပါက အနည္းဆုံး ၆ လကေန အမ်ားဆုံး ၃ ႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ခံရသလို ေငြဒဏ္ အနည္းဆုံး က်ပ္ ၃ သိန္းကေန အမ်ားဆုံး က်ပ္ ၁၅ သိန္းအထိ ခ်မွတ္ႏိုင္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024